Latest News

Monday, January 29, 2018

ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲနှင့် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲနှင့် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ကျောင်းကုန်း ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊  ကျောင်းကုန်း မြို့နယ်၊ လှည်းဆိပ်အုပ်စု/ရွာ အခြေခံပညာအထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲနှင့် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လွှတ်တော်ဥက္ကဌ ဦးအောင် ကျော်ခိုင်၊ စီမံဘဏ္ဏာဝန်ကြီး ဦးဌေးဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
အခမ်းအနားကို မြန်မာ့ကျောင်းသီချင်းဖြင့်သီဆို ဖွင့်လှစ်ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးတို့က အသီးသီးအမှာစကား  ပြောကြားခဲ့ကြပြီး၊ ကျေးလက်ကျန်းမာရေး အဆောက်အဦသစ်နှင့် ပတ်သက်သောစာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ကျော်ထွေးက လက်ခံရယူခဲ့သည်။

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးပိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး၊ ကျောင်းအုပ် ဆရာမကြီးက ဧည့်သည်တော်များအား အထိမ်းအမှတ်အလံများ ပေးအပ်ခဲ့ကာ"ဦးရွှေရိုးနဲ့ဒေါ်မိုး " တေးသရုပ်ဖော် အကဖြင့် ရုတ်သိမ်းခဲ့သည်။

ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦ (၁)ခု၊ နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ယာ (၁)ခု ၊ သုံးခန်းတွဲ ဝန်ထမ်း အိမ်ယာ (၁)ခု၊ ရေ၊ မီး၊ ခြံစည်းရိုးကာရန်မှု စုစုပေါင်းကျပ်သိန်း(၁၂၀၀)ဖြင့် "ဇဗ္ဗူကြွယ်"ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment