Latest News

Friday, January 5, 2018

ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ရန်ပုံငွေအဖွဲ့သို့ ငွေလှူဒါန်း

ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု   ရန်ပုံငွေအဖွဲ့သို့   ငွေလှူဒါန်း


ချမ်းအေးသာစံ ဇန်နဝါရီ ၅

ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ရန်ပုံငွေအဖွဲ့သို့ အလှူငွေပေးအပ်ပွဲကိုဇန်နဝါရီ ၄ ရက်မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ချမ်းအေးသာစံ
မြို့နယ် ၃၁ လမ်း ရန်မျိုးလုံရပ်ကွက်ရှိ မြန်မာနိုင်ငံဆရာဝန်အသင်း  (မန္တလေး)ရတနာပုံခန်းမ၌ ကျင်းပရာ     မန္တလေးတိုင်းဒေသကြီး
ဝန်ကြီးချုပ်၏ဇနီး မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီနာယက ဒေါက်တာယုယုမေနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက် ရောက်ကြသည်။

အခမ်းအနားတွင်     မန္တလေးအထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာတင်တင် မိုးက ဆေးရုံကြီး၏ ဆောင်ရွက်ချက်များအား
ရှင်းလင်းတင်ပြသည်။ ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကုပညာဌာန      ပါမောက္ခဌာနမှူးဒေါက်တာမင်းသူက ကျောက်ကပ်အစားထိုး
ခွဲစိတ်ကုသမှုနှင့် ပတ်သက်၍လည်းကောင်း၊ ဆီးနှင့် ကျောက်ကပ်ဆေးကုဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာထားကြည်ဆွေက ကျောက်
ကပ်အစားထိုးခွဲစိတ်ကုသမှု ရန်ပုံငွေအဖွဲ့ဖြစ်ပေါ်လာခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ မေတ္တာသင်္ဂဟအဖွဲ့ကိုယ်စား ရုပ်ရှင်သရုပ်
ဆောင် အကယ်ဒမီခန့်စည်သူက အလှူငွေလှူဒါန်းရခြင်းနှင့်ပတ်သက်၍   လည်းကောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မေတ္တာသင်္ဂဟအဖွဲ့မှ ရုပ်ရှင်သရုပ်ဆောင် ခန့်စည်သူနှင့်အဖွဲ့က အလှူငွေကျပ်သိန်း ၈ဝ ပေးအပ်ရာ မန္တလေးတိုင်းဒေသကြီး
အမျိုးသမီးရေးရာကော်မတီနာယက ဒေါက်တာယုယုမေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခဲ့သည်။ ဆက်လက်၍ အလှူရှင်
များက ကျောက်ကပ်အစားထိုးကုသမှုအတွက်
အလှူငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

မြန်မာနိုင်ငံတွင်အသက်၂ဝ မှ လူကြီးပိုင်းအထိ ကျောက်ကပ်ပျက်စီးမှုများတိုးပွားလာရာ ကျောက်ကပ်အစားထိုးကုသခြင်း၊ ကျောက်
ကပ်တုဖြင့် သွေးသန့်စင်ခြင်းများဖြင့် ကုသရာငွေကြေးကုန်ကျမှုများပြားလာသဖြင့် ကုသမှုအပိုင်းတွင်  အထောက်အကူပြုနိုင်ရန်နှင့်
ကျောက်ကပ်အစားထိုးကုသမှုအတွက် မန္တလေး မြို့တွင်ပင် ဆေးစစ်မှုများဆောင်ရွက်နိုင်ရန်လူကြီးကျောက်ကပ်အစားထိုးကုသမှု ရန်ပုံငွေ
အဖွဲ့ ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။သီဟကိုကို(မန္တလေး)

No comments:

Post a Comment