Latest News

Monday, January 8, 2018

ပုဂံကနံရံပန်းချီ ( ၃ )



ခုဒ္ဒကနိကာယ် ဆိုတာ နှောင်းသောအစုကြီး ပါတဲ့၊ရှေ့ကနိကာယ်ကြီး
လေးရပ်တို့နောက်မှ ထပ်မံဖွဲ့စည်းသောအစုဖြစ်တဲ့အတွက် နှောင်းသော
အစုလို့အဓိပ္ပါယ်ရတဲ့ ခုဒ္ဒကနိကာယ်လို့ အမည်ပေးတယ်လို့လည်းယူဆနိုင်
ပါတယ်။
သုတ္တပိဋက ရဲ့ ပဉ္စမနဲ့နောက်ဆုံးအစုဖြစ်တဲ့ ခုဒ္ဒကနိကာယ်ကိုကျမ်းပေါင်း
( ၁၅ )ကျမ်းနဲ့ခွဲထားပါတယ်၊ သီဟိုဠ်မူကအဋ္ဌကထာဆရာရှင်မဟာဗုဒ္ဓ
ဃောသရဲ့မူအတိုင်းပဲဖြစ်ပြီးပညာရှင်သုတေသီတွေရေတွက်ပုံနဲ့လည်း
သဘောညီတဲ့(၁၅)ကျမ်းပဲဖြစ်ပါတယ်။
ခွဲခြားပုံက
၁ - ခုဒ္ဒကပါဌ
၂ - ဓမ္မပဒ
၃ - ဥဒါနပါဠိ
၎ - ဣတိဝုတ္တက
၅ - သုတ္တနိပါတ
၆ - ဝိမာနဝတ္ထု
၇ - ပေတဝတ္ထု
၈ - ထေရဂါထာ
၉ - ထေရီဂါထာ
၁၀ - ဇာတက
၁၁ - နိဒ္ဒေသ
၁၂ - ပဋိသမ္ဘိဒါမဂ္ဂ
၁၃ - အပဒါန
၁၄ - ဗုဒ္ဓဝံသ
၁၅ - စရိယာပိဋက တို့ပဲဖြစ်ပါတယ်။
အဲဒီ (၁၅)ကျမ်းထဲကမှ ( ၁၀ ) ကျမ်းကို ပုဂံခေတ်က နံရံပန်းချီတွေရေးဆွဲ
ခဲ့တာပါ။
အဲဒီ ( ၁၀ )ကျမ်းက
၁၊ ခုဒ္ဒကပါဌ၊ ၂၊ ဓမ္မပဒ၊ ၃၊ ဝိမာနဝတ္ထု၊ ၄၊ ပေတဝတ္ထု၊ ၅၊ ထေရဂါထာ၊ ၆၊
ထေရီဂါထာ၊၇၊ ဇာတက၊ ၈၊ အပဒါန၊ ၉၊ ဗုဒ္ဓဝံသ၊ ၁၀၊ စရိယာပိဋက။
တို့ပဲဖြစ်ပါတယ်။
အခုမြင်ရတဲ့ နံရံပန်းချီတွေက ဂေါပက အဆက်ဆက်
ထုံးသုတ်ခဲ့တာကို အိန္ဒိယရှေးဟောင်းသုတေသနဌာနက
ဒေါ်လာတစ်သန်း အကုန်ကျခံပြီး ထုံးချွတ်ပေးတဲ့အတွက်
ပြန်ပေါ်လာတဲ့ အာနန္ဒာစေတီကြီးက နံရံပန်းချီတွေဖြစ်ပါတယ်။
မျိုးဆွေသန်း









No comments:

Post a Comment