မန္တလေး ဇန်နဝါရီ ၁၅
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် ၅၃ လမ်းနှင့် ၅၄ လမ်းကြား ၃၅ လမ်းရှိ ဏှုဥနြနျွ ဗျြွ အဆောက်အအုံအတွင်း၌ ယနေ့ နံနက် ၉ နာရီခွဲက အဆောက်အအုံ ပြင်ဆင်နေသည့် အခန်းအတွင်း ဝရိန်ဆော်သည့် မီးပွားကျရာမှ အနီးပတ် ဝန်းကျင်ရှိ ဖော့များ၊ အထပ်သားများ၊ လျှပ်စစ်ပစ္စည်းများကို မီးကူးစက် လောင်ကျွမ်းသွားကြောင်း သိရသည်။
အဆိုပါမီးလောင်ရာသို့ မ္တလေး တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန òန်ကြားရေးမှူး ဦးသန်းဇော်ဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် ရဲတပ်ဖွဲ့မှူး၊ မီးသတ်ဦးစီးမှူးတို့၏ အနီးကပ်ကြီးကြပ် မှုဖြင့် မီးငြှိမ်းသတ်ယာဉ် အစီး ၃ဝ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင် ၁၃ဝ တို့ဖြင့် မီးငြှိမ်း သတ်ခဲ့ရာ နံနက် ၁၁ နာရီတွင် မီးငြိမ်း သွားသည်။
အဆိုပါ လောင်ကျွမ်းမှုကြောင့် ပေ(၆ဝ x ၆ဝ) ပတ်လည် အဆောက် အအုံအတွင်းရှိ အထပ်သားများ၊ ဖော့ များနှင့် လျှပ်စစ်ပစ္စည်းမျိုးစုံ ဆုံးရှုံး ခဲ့ပြီး မီးလောင်မှုကြောင့် လူတစ်ဦး တစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိ ကြောင်းနှင့် အဆိုပါ ဆိုင်မန်နေဂျာ ဦးမျိုးမင်းဦးအား အမှတ် (၉) မြို့မရဲစခန်း မှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)မြန်မာ့အလင်း
No comments:
Post a Comment