Latest News

Thursday, January 4, 2018

မင်းလှမုက္ခာရေတံခွန်၌ အပျော်တမ်းဆင်စီးနိုင်ရန်ဆင်စခန်း ဖွင့်လှစ် ထားရှိ

မင်းလှမုက္ခာရေတံခွန်၌ အပျော်တမ်းဆင်စီးနိုင်ရန်ဆင်စခန်း ဖွင့်လှစ် ထားရှိ

မင်းလှ ဇန်နဝါရီ ၎

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ရွေးကုန်းအုပ်စု ၊ ဘန်ဘွေးကုန်းကျေးရွာအနီးမင်းလှ-စိန်ကန့်လန့်-မြို့ချောင်း သွားကားလမ်း မိုင်တိုင်အမှတ် ဝ/၆ မုက္ခာရေလှောင်တမံ၌ဇန်နဝါရီ ၄ ရက် နံနက်၁၀ နာရီတွင်အပျော်တမ်းစီးဆင်စခန်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

 ဖွင့်ပွဲကို ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်က်တာသန်းအောင်စိုး၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးနေဝင်း၊ တိုင်းဒေသကြီးမြန်မာ့သစ်လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ မုက္ခာရေတံခွန်ဆင်စခန်းဆိုင်းဘုတ်အားအမွေးနံသာများဖြင့်ပတ်ဖျန်းပေးခဲ့သည်။

ဆင်စခန်းဖွင့်ပွဲတွင်တိုင်းဒေသကြီး၊ မြန်မာသစ်လုပ်ငန်းမှ ဒုတိယ အထွေထွေ မန်နေဂျာဦးထွန်းထွန်းဦးကအနယ်နယ်အရပ်ရပ်နှင့် မြို့နယ် အတွင်းရှိပြည်သူများစိတ်အပန်းဖြေအနားယူနိုင်ရန်နှင့်တောတောင်သဘာဝအလှတရားများဆင်စီးပြီးလေ့လာကြည့်ရူ့ခံစားနိုင်ရန်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းပြောကြားသည်။မြန်မာ့သစ်လုပ်ငန်းကခရိုင်ဒေသတာဝန်ခံ ဦးသန်းမင်းဆွေကဆင်စခန်းနှင့်ပတ်သတ်၍ ဆင်များအားနားပေးပြီးကျ န်းမာရေးစောက်ရှောက်ရာရောက်ပြီး ဆင်ဦးစီးများ၏ ကျွမ်းကျ င်မူများကိုပြသနိုင်မှာဖြစ်ကြောင်းပြောကြားသည်။
 အဆိုပါဆင်စခန်းတွင် ဆင် (၁၁)ကောင်ထားရှိပြီး နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီထိဖွင့်လှစ်ထားပြီးဝင်ကြေးမှာ ၅၀၀ ကျ ပ်သတ်မှတ်ပြီး ဆင်အစာများဝယ်ယူကျွေးမွေးနိုင်ကြောင်းဆင်စီးခမှာ ၂၀၀၀ ကျ ပ်နူန်း ဖြင့်ဆင်စီးနိုင်ကြောင်း၊ရေတံခွန်တွင်လည်းရေကစားပြီးအပန်ဖြေအနားယူနိုင်ကြောင်းသိရသည်။
ပေါက်စ မင်းလှ(မြန်​မာ့အလင်း)

No comments:

Post a Comment