Latest News

Thursday, January 4, 2018

တရားမဝင်ဂိမ်းလောင်းကစားဒိုင်ဖွင့်ထားတဲ.တရုတ်နိုင်ငံသားတစ်ဦးအပါအဝင်ဆိုင်အလုပ်သမားအမျိုးသမီးနှစ်ဦးနှင့်လာရောက်ကစားသူ အမျိုးသား(၁၁)ဦးကိုရဲတပ်ဖွဲ.မှဖမ်းဆီးအရေးယူမှုဖြစ်ပွား

တရားမဝင်ဂိမ်းလောင်းကစားဒိုင်ဖွင့်ထားတဲ.တရုတ်နိုင်ငံသားတစ်ဦးအပါအဝင်ဆိုင်အလုပ်သမားအမျိုးသမီးနှစ်ဦးနှင့်လာရောက်ကစားသူ အမျိုးသား(၁၁)ဦးကိုရဲတပ်ဖွဲ.မှဖမ်းဆီးအရေးယူမှုဖြစ်ပွား

မြစ်ကြီးနား ဇန်နဝါရီ   ၎

မြစ်ကြီးနားမြိုနယ်မြေရဲစခန်းနယ်မြေ၌ဇန်နဝါရီ(၂)ရက်နေလည်(၂)နာရီအချိန်ခန်.တွင်တရားမဝင်ငါးမန်းဂိမ်းလောင်းကစားဒိုင်ဖွင့်ထားတဲ.တရုတ်နိုင်ငံသားတစ်ဦးအပါအဝင်ဆိုင်အလုပ်သမားအမျိုးသမီးနှစ်ဦးနှင့်လာရောက်ကစားသူအမျိုးသား(၁၁)ဦးအားဖမ်းဆီးအရေးယူမှုဖြစ်ပွားခဲ.ကြောင်းသိရသည်။

ဖြစ်စဉ်မှာမြစ်ကြီးနားမြို.အောင်နန်းရပ်ကွက်နယ်မြေ(၆)အိမ်အမှတ်(၁၄၈)မှာတရားမဝင်ငါးမန်းဂိမ်းလောင်းကစားပြုလုပ်နေကြောင်းသတင်းအရလောင်းကစားနေအိမ်ရှာဖွေခွင့်ဝရမ်းနှင့်သက်သေများပါဝင်သောကချင်ပြည်နယ်မှုခင်းအကူဌာနမှရဲအုပ်ထွန်းလိုင်ဦးဆောင်ပါဝင်သောတပ်ဖွဲ.ဝင်များသည်ဝင်ရောက်ရှာဖွေဖမ်းဆီးရာတရားမဝင်ငါးမန်းဂိမ်းလောင်းကစားမှာအသုံးပြုတဲ.နဂါးရုပ်တွေပါတရုတ်အက္ခပါရေးထိုးထားတဲ.ကွန်ဖြူတာငါးမန်းဂိမ်းစက်(၄)လုံးဆိုင်ကယ်မျိုးစုံ(၁၄)စီးငါးမန်းဂိမ်းကစားရာတွင်အသုံးပြု
သည်ငွေဖြည့်ကပ်(၂)ခုလောင်းကြေးငွေ(၆၅၃၅ဝဝ)ကျပ်နဲ.လောင်းကစားရာတွင်အသုံးပြုသည်ဆက်စပ်ပစ္စည်းများအားသိမ်းဆည်းရမိခဲ.ပြီးတရားမဝင်ငါးမန်းဂိမ်းလောင်းကစားဒိုင်ပြုလုပ်သူတရုတ်နိုင်ငံသား Mr.Zhang Wen.Winl နှင့်၎င်းဆိုင်မှအလုပ်သမားများဖြစ်သည်မအိစန္ဒာစိုး၊ မစန္ဒထွန်း(ခ)မစန္ဒာတို.နှစ်ဦးအပါအဝင်လာရောက်ကစားသူဦးမောင်မောင်နိုင်ဦးတင်စိုး၊ ဦးမျိုးမြင့်၊ မောင်နိုင်၊ ရဲအောင်ထွန်း၊ ရဲဇော်၊ ကျော်စွာ၊ အောင်အောင်၊ ထူးအောင်ကျော် ဗိုလ်သိန်း၊ဦးအုန်းသန်းတို.ကို ဖမ်းဆီးရေးအဖွဲမှစစ်ဆေးတွေရှိရသဖြင့်အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍မြစ်ကြီးမြို. နယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်းများအရသိရသည်။

                                      ကျော်ကျော်(မလိုင်)မြန်​မာ့အလင်း

No comments:

Post a Comment