Latest News

Monday, January 8, 2018

ဖားကန့်မှာ တရားဥပဒေ စိုးမိုးမှု မရှိဘူးဆိုတာကို ပြည်သူတွေ မမေ့ကြပါနဲ့ ...


၆.၁.၂၀၁၈ နေ့ နံက် ၄ နာရီက နေမင်းကမ္ဘာ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီမှာ ကားမောင်ဝန်ထမ်းလုပ်တဲ့ ဦးတာအိုက်ချွေ့တစ်ယောက် မှော်စီစာ ဘုန်းကြီးကျောင်းရှေ့မှာ လူကိုရိုက်ပြီး ဆိုင်ကယ်လုသွားတယ် ။ဦးခေါင်းကို အရိုက်ခံရတဲ့ ဒဏ်ရာကို ကုသဘို့ ဖြစ်ကြီးနားကို သွားရင်း လမ်းမှာ ဆုံးပါသွားခဲ့တယ် ။
ဦးတာအိုက်ချွေ့ဟာ အသက် (၄၀) နှစ် ၊သမီးသုံးဦး ရှိတယ်လို့ သိရပြီး အငယ်ဆုံး သမီးလေးက တနှစ်နဲ့ တလ လို့ သိရပြန်ပါတယ် ။ဒီလူဟာ အသောက်အစား မူးယစ်ဆေးဝါး တွေ သုံးစွဲတာမရှိဘူးလို့ ပြောကြပါတယ် ။

ဒီလို လုယက်မှုတွေဟာ ဖားကန့်မြို့ပေါ်အပါအဝင် ဆိပ်မူ ၊လုံးခင်း စတဲ့ စည်းကားတဲ့ နေရာတွေမှာပါ မကပဲ မှော်ဒေသအနှံ့မှာ နေ့စဉ် ဖြစ်ပွားနေတာပါ ။ဒီလိုဖြစ်နေတာတွေကို သက်ဆိုင်ရာ ဌာနတွေနဲ့ ရဲတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်မှု မရှိတာပဲလား ၊မထိန်းချုပ်တာလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ ။
နေ့စဉ်လိုလို အပြစ်မဲ့တဲ့ပြည်သူတွေဟာ လုယက်သတ်ဖြတ်ခံနေကြရတာပါ ။ပြည်သူတွေဟာ မှောင်ရီပျိုးစ အချိန်ရောက်တာ လုံးခြုံမှု ကင်းမဲ့လာတာ လပေါင်းများစွာ ကြာနေခဲ့ပါပြီ ။အများသူငါ ကူးလူးသွားလာနေတဲ့ လမ်းမကြီးတွေဟာ နေဝင်ချိန်ရောက်တာနဲ့ ခိုးဆိုးလုယက်သူတို့ရဲ့ စားကျက်ကြီးသဖွယ် ဖြစ်နေပါပြီ ။
ဒီအဖြစ်အပျက်တွေ အားလုံးရဲ့ လက်သည်တရားခံဟာ မူးယစ်ဆေးပါပဲ ။ ဒီဒေသရဲ့ မူးယစ်ဆေးဝါး လူစည်ကားရာ ရပ်ကွက်ကျေးရွာတွေရဲ့ လမ်းမကြီးတွေပေါ်မှာကို လွပ်လပ်စွာ ရောင်းဝယ်ဖောက်ကား သုံးစွဲလာကြတာကို တွေ့နေရပါတယ် ။ဒါတွေဟာ တရားဥပဒေမစိုးမိုးခြင်းရဲ့ ပြရုပ်တွေလား ၊တာဝန်ရှိသူအားလုံးရဲ့ အဂတိလိုက်စားမှုတွေလား ဆိုတာ စဉ်းစားစရာပါ ။

ထိရောက်စွာ နှိပိနင်းနိုင်မှုမရှိခြင်းဟာ အဂတိတရားများနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ် ။တာဝန်ရှိသူတွေကတော့ ရဲတပ်ဖွဲ့အင်အား နည်းနေလို့ ဖြစ်ရတာလို့ အကြောင်းပြချက် ပေးကောင်းပေးနိုင်ပါတယ် ။အင်အားနည်းရင် ပြည်သူတွေကို ပါဝင် ပူးပေါင်းဆောင်ရွက်ဘို့ ဖိတ်ခေါ်သင့်ပါတယ် ။ ပက်ဂျဆန်လို အရပ်ဘက်အဖွဲ့တွေကို မူးယစ်ဆေးဝါးတိုက်ဖျက်ဘို့အတွက် လက်တွဲခေါ်ယူသင့်ပါတယ် ။လုပ်ပိုင်ခွင့်ကို ရဲတပ်ဖွဲ့ အပြည့်အဝ ယူထားလို့ ရသလို အရပ်ဘက်အဖွဲ့အစည်းတွေကို အင်းအားဖြည့်တင်ပြီး မူးယစ်ဆေးဝါးကို နှိပ်နင်းသင့်ပါတယ် ။
ရှရော်ခကျေးရွာမှာဆို သတင်းထောက်တယောက်ကိုယ်တိုင် ဦးဆောင်ပြီး လူငယ်တွေနဲ့ ညစဉ် ကင်းပုံးဝတ်ပြီး ကိုယ့်ရွာကို စောင့်ရှောက်နေရပါတယ် ။အခြား အခြားသော ရွာတွေလဲ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ကိုယ့်ရပ်ရွာ လုံခြုံရေးအတွက် ကာကွယ်ရမလို ဖြစ်နေပါပြီ ။
နိဂုံးအနေနဲ့ ပြောရရင် ပြည်သူတွေရဲ့ ဘဝလုံခြုံးမှုက တနေ့တခြား ခြိမ်းခြောက်ခံရတွေ များလာပါပြီ ။သက်ဆိုင်ရာနဲ့ ရဲတပ်ဖွဲ့ကိုလည်း ယုံကြည်အားကိုးစိတ်တွေ လျော့လာနေပါပြီ ။မိမိအသက်ကို မိမိအသိဉာဏ်နဲ့ စောင့်ရှောက်ကြပါလို့ပဲ အသိပေးလိုပါတယ် ။
ဇော်မိုးထက် ( ဖားကန့် )
ဓါပုံ -ဇန်နဝါ ၄ ရက်နေ့ နံနက် လေျးာရီမှာ ခိုးဆိုးလုယက်မျာက်၏ ဒဏ်ရာဖြင့် သေဆုံးသွားတဲ့ နေမင်းကမ္ဘာ ကုမ္မဏီမှာ ကားမောင်ဝန်ထမ်းအဖြစ် လုပ်ကိုင်နေတဲ့ ဦးတာအိုက်ချွေ့ လုယက်သူတွေရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးသွားတဲ့ ရုပ်အလောင်းပါ ။

No comments:

Post a Comment