Latest News

Tuesday, January 30, 2018

မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် ဒဏ်ရာများဖြင့် သေဆုံး (သတင်းတို)

မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် ဒဏ်ရာများဖြင့် သေဆုံး (သတင်းတို)



ဇန်နဝါရီ ၃၀ / Development Media Group

ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုကျေးရွာနှင့် ယိုးငူကျေးရွာကြား ကားလမ်းမပေါ်တွင် ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်ကို သူစီးနင်းလာသည့် ကားနှင့်အတူ ဒဏ်ရာများဖြင့် သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း ပုဏ္ဏားကျွန်းရဲစခန်းက DMG သို့ အတည်ပြုပြောကြားသည်။

အဆိုပါဖြစ်စဉ်မှာ ရန်ကုန် - စစ်တွေကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၁၆၉/၁၇၀ ကြားတွင် ဖြစ်သည်ဟု သရက်ချိုကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

“ ကားအက်ဆီးဒင့်ဖြစ်ပြီးတော့ ကားနဲ့အတူတွေ့တယ်၊ အသက်တော့မရှိတော့ပါဘူး။ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးလို့ပြောတယ်။ ရင်ဘတ်မှာတော့ ဒဏ်ရာတစ်ချက်နှစ်ချက်ရှိတယ်။ ” ဟု ၄င်းကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးရခြင်းအကြောင်းအရင်းကို ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် သေဆုံးသည့်ကိစ္စအား စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်းနှင့် အလောင်းကို ပုဏ္ဏားကျွန်းပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ထားရှိကြောင်းလည်းသိရသည်။

ဦးဘိုဘိုမင်းသိုက်မှာ ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဦးဖြစ်စဉ်နောက်ပိုင်း ရခိုင်ပြည်နယ်ရုံးသို့ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့ခံထားရသူလည်း ဖြစ်သည်။

No comments:

Post a Comment