Latest News

Monday, January 15, 2018

နေမာအတွက် ငွေသားအပြင် စီရော်နယ်ဒိုကို အလိုက်ပေးမည်

နေမာအတွက် ငွေသားအပြင် စီရော်နယ်ဒိုကို အလိုက်ပေးမည်

ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်မှူး နေမာအတွက် ကြီးမားတဲ့ ငွေသားအပြင် Ballon d’Or ၅ ကြိမ်ရထားတဲ့ စီရော်နယ်ဒိုကိုပါ ထည့်သွင်း ကမ်းလှမ်းသွားမယ်လို့ The Sun က ထုတ်ဖော် ရေးသားလိုက်ပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ ပေါင် ၁၉၈ သန်းဖြင့် ဘာစီလိုနာအသင်းမှ ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက မိုရာတာနဲ့ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ကို ထုတ်ပြီး စီဘဲလ်လို့စ်၊ သီယိုဟာနန်ဒက်ဇ် တို့လို လူငယ်ကစားသမားတွေကို ခေါ်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါဖလားပြိုင်ပွဲမှာ ရုန်းကန်နေရပြီး ဘာစီလိုနာအသင်းနဲ့ ၁၉ မှတ်ကွာ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။

ဒါကြောင့် ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်က အရည်အချင်းရှိတဲ့ နာမည်ကြီး ကစားတွေကို ခေါ်ယူရတော့မယ်လို့ နားလည်ထားပြီး သဘောကျနေတဲ့ နေမာကို လာမယ့် ၂၀၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲ အပြီးတွင် မြင့်မားတဲ့ ငွေသား ကမ်းလှမ်းမှုအပြင် စီရော်နယ်ဒိုကို အလိုက်ပေးသွားမယ်လို့ The Sun မှာ အခိုင်အမာ ဖော်ပြထားပါတယ်။

ထို့အပြင် ပီရက်ဇ်က ရီးရဲလ်မက်ဒရစ်နဲ့ ပူးပေါင်းခြင်းက နေမာအတွက် Ballon d’Or ဆု ပိုင်ဆိုင်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်တာကြောင့် အပြောင်းအရွှေ့ ကိစ္စ ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

ပီရက်ဇ်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက ဘာစီလိုနာအသင်းမှ နေမာ ထွက်ခွာသွားမယ်လို့ သိရစဉ်ကတည်းက တစ်ခါတည်း ခေါ်ချင်ခဲ့ပေမယ့် ပြိုင်ဘက်အသင်းထံ တိုက်ရိုက်ကူးပြောင်းဖို့ ကစားသမားအတွက် ခက်ခဲနေမှန်း သိနေတာကြောင့် အပြောင်းအရွှေ့ကိစ္စက ဆိုင်းငံ့ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
New Days
MM Football News



No comments:

Post a Comment