Tuesday, January 16, 2018
ပန်းတနော်
ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ မွေးရာဇာတိ
ဆိုတာကလွဲရင် ဘာမှပြောစရာမရှိတဲ့မြို့။
ကျဉ်းမြောင်းပြီး စုတ်ပြတ်သတ်နေတဲ့ လမ်းတွေနဲ့
လမ်းတိုင်းမှာ အမှိုက်ပုံတွေရှိတဲ့ မြို့။
ဧရာဝတီမြစ်ကြီးကနေ ခွဲဖြာစီးဆင်းလာတဲ့ ချောင်းထဲမှာ
အမှိုက်တွေ ဗရပွ လိုက်ပါစီးမျောနေတဲ့ မြို့။
ဘုရားကျောင်းကန်တွေ ဆိုတာကလည်း
နှစ်ပေါင်းများစွာ ဘုရားလူကြီးတွေ ထားရာနေ စေရာသွားခဲ့ရရှာတဲ့ မြို့။
ကားလမ်းမကြီး ဘေးဝဲယာဆိုတာ
အကျင့်ပျက်ဝန်ထမ်းတွေနဲ့မြိုထဲက ကြောင်သူတော်တွေရဲ့ နေရာ။
မြို့ထဲကို ကြည့်လိုက်ပါ
မဟုတ်တာလုပ်နေကြတဲ့လူုတစ်စုကို တစ်မြို့လုံးကခေါင်းငုံ ခံနေကြရတာ။
မြို့မှာ လျှပ်စစ်မီးပျက်တဲ့ အခါ
ဘယ်သူ့ကို မေးရမှန်းမသိတဲ့မြို့။
ပညာရေးကဏ္ဍမှာ အောင်ချက်တွေ မကောင်းပေမယ့်
ကျူရှင်တွေ အင်မတန်ပေါများတဲ့မြို့။
မြို့လယ်ခေါင်မှာရှိပြီး တိုင်းဒေသကြီးတစ်ခုလုံးမှာ
အကြီးဆုံး အညစ်ပတ်ဆုံး အစုတ်ပြတ်ဆုံး ခန်းမကြီးကို
တာဝန်ရှိသူတွေ မျက်စောင်းတောင် ထိုးမကြည့်ရဲတဲ့မြို့။
ကျန်းမာရေးတွေမကောင်းလို့ ဆေးရုံသွားတဲ့အခါ
လူနာတွေခမျာ အော်ဟစ်ငေါက်ငန်းတာ ခံရရှာတဲ့မြို့။
KTV တွေ တစ်ဆိုင်ပြီးတစ်ဆိုင် ပွင့်ပွင့်လာပြီး
စာကြည့်တိုက်တွေ တစ်တိုက်ပြီးတစ်တိုက် ပိတ်ပိတ်သွားတဲ့မြို့။
မြို့နေလူဦးရေနဲ့ အရက်ဆိုင် အချိုးကို
ယောင်လို့တောင် ချ မပြရဲတဲ့မြို့။
ကလေးကစားကွင်းတွေ မဖောက်နိုင်ပေမယ့်
လူကြီး ဂေါက်ကွင်းကိုတော့ စောင့်ရှောက်ဖို့ကော်မတီဖွဲ့တဲ့မြို့။
ငါဖြစ်ချင်တာ မဖြစ်ရရင် မြို့ကို ဖြစ်ချင်ရာဖြစ်အောင်
လုပ်ပလိုက်မယ်ဆိုတဲ့ လူတွေနေတဲ့မြို့။
အင်းသမားတွေ လူသတ်တဲ့မြို့။
လည်သမားတွေ စိုက်ပျိုးစရိတ်ထုတ်ပြီး ပြန်မဆပ်တဲ့မြို့။
ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့
မွေးရာဇာတိ ဆိုတာကလွဲရင် ဘာမှပြောစရာမရှိတဲ့မြို့။
မြတ်သူရ
ပန်းတနော်
Reviewed by timeayeyar
on
2:46 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment