Latest News

Saturday, January 27, 2018

ရန်ကုန်ကလေးဆေးရုံကြီး၌ ပထမဆုံးအကြိမ် ကျောက်ကပ်အစားထိုးကုသ

ရန်ကုန်ကလေးဆေးရုံကြီး၌ ပထမဆုံးအကြိမ် ကျောက်ကပ်အစားထိုးကုသ


ရန်ကုန်     ဇန်နဝါရီ   ၂၇

ရန်ကုန်ကလေးဆေးရုံကြီး၌    ယနေ့ နံနက်ပိုင်းက   မြန်မာဆရာဝန်များနှင့် စင်ကာပူဆရာဝန်များ     ပူးပေါင်းကာ နာတာရှည်        ကျောက်ကပ်ရောဂါ ဝေဒနာရှင်    မိန်းကလေးငယ်တစ်ဦးအား ကျောက်ကပ်       အစားထိုးကုသခြင်း  လုပ်ငန်းကို   အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့သည်။
''ဒီကနေ့      ခွဲစိတ်တာကတော့ ကလေးကျောက်ကပ်      အစားထိုးကုသ တဲ့လုပ်ငန်းဖြစ်ပါတယ်၊     ကျွန်မတို့ ရန်ကုန်ကလေးဆေးရုံကြီးမှာ ပထမဆုံး အကြိမ် ပြုလုပ်တာဖြစ်ပါတယ်၊ ဒီခွဲစိတ် ကုသမှုကို  စင်ကာပူနိုင်ငံ National  University  Hospital မှ  ပါမောက္ခ ဏမဘေ့ေုမေညေ ဦးဆောင်တဲ့   ခွဲစိတ် ဆရာဝန်အဖွဲ့နဲ့  ရန်ကုန်ကလေးဆေးရုံ ကြီး ကလေးခွဲစိတ်ကုပညာဌာနပါမောက္ခ၊ ဌာနမှူးးဒေါက်တာ   ဒေါ်အေးအေး၊  ရန်ကုန် ခုတင် ၅ဝဝ အထူးကုဆေးရုံကြီး ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကု ပညာဌာန ပါမောက္ခ   ဌာနမှူး ဒေါက်တာကျော်စွာ လှိုင်၊  ဆေးတက္ကသိုလ်-၁ မေ့ဆေးဌာန အတိုင်ပင်ခံပါမောက္ခ         ဒေါက်တာ ကြည်ကြည်စန်း၊    ပါမောက္ခဌာနမှူး ဒေါက်တာမူမူနိုင်၊ ရန်ကုန်ကလေးဆေးရုံ ကြီး     တာဝန်ခံမေ့ဆေးဆရာဝန်ကြီး ဒေါက်တာမြစိုး၊ ရန်ကုန်ကလေးဆေးရုံ ကြီးမှ  သူနာပြုဆရာမကြီး    ဒေါ်တင် ယင်းမာနဲ့အဖွဲ့တို့က   ဦးဆောင်ခွဲစိတ် ပေးခဲ့ပါတယ်၊ ဒီခွဲစိတ်မှုကို    နိုင်ငံတော်က အဓိကထောက်ပံ့ပေးတာ   ဖြစ်ပါတယ်''ဟု      ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောသည်။
အဆိုပါ ကျောက်ကပ်အစားထိုး ကုသမှုတွင်    ကျောက်ကပ်အစားထိုး လက်ခံသည့် လူနာမှာ မြောက်ဥက္ကလာပ မြို့နယ်နေ ဦးနေအောင်- ဒေါ်ဌေးဌေးဝင်း တို့၏သမီး  တစ်ပတ်လျှင်    သုံးကြိမ် ကျောက်ကပ်ဆေးနေရသော ကျောက် ကပ်ရောဂါဝေဒနာရှင် အသက် ၁ဝ နှစ်ရှိ မနန်းယုဝေဖြစ်ပြီး  ¤င်းအား ကျောက်ကပ် ပေးလှူသူမှာ ¤င်း၏    အစ်ကိုအရင်း ဖြစ်သူ အသက် (၂၃ နှစ်) ရှိ   ကိုအောင် ဇော်ဇော်ဖြစ်ကြောင်း သိရသည်။
''ဒီကျောက်ကပ်      အစားထိုးတဲ့ လုပ်ငန်းကို    လွန်ခဲ့တဲ့ရှစ်လလောက် ကတည်းက   ဆောင်ရွက်ခဲ့ရပါတယ်။  ကလေးကျောက်ကပ်    အစားထိုးရာမှာ ကလေးကလေးချင်း    အစားထိုးလို့မရ ဘူး။ ကလေးကျောက်ကပ်ကို     လူကြီး ကျောက်ကပ် အစားထိုးရတာပါ။   သွေး အုပ်စုတွေ၊ တစ်သျှူးတွေ တူညီရပါတယ်။ ဒီကနေ့မှာဆိုရင်   ကလေးကျောက်ကပ် အထူးကုဆရာဝန်တွေ၊           လူကြီး ကျောက်ကပ်ဆရာဝန်တွေ၊ ခွဲစိတ်ဆရာ ဝန်တွေ၊  မေ့ဆေးဆရာဝန်တွေ၊  သွေး ကြောဆိုင်ရာဆရာဝန်တွေ၊     ဓာတ်မှန် ဆရာဝန်တွေပါဝင်ပါတယ်၊ စုစုပေါင်းအဖွဲ့ ငါးဖွဲ့နဲ့ဆောင်ရွက်တာ   ဖြစ်ပါတယ်''ဟု ရန်ကုန်ကလေးဆေးရုံကြီး           တွဲဖက် ပါမောက္ခ   ဒေါက်တာ   ချိုချိုစန်းက ပြောသည်။
အဆိုပါ   ကျောက်ကပ်ခွဲစိတ်မှုတွင် ကျောက်ကပ်အလှူရှင်နှင့်    လက်ခံသူ လူနာတို့၏  ကျန်းမာရေးစောင့်ရှောက်မှုကို  မခွဲစိတ်မီနှင့်     ခွဲစိတ်ပြီးကာလအတွင်း စင်ကာပူနိုင်ငံ  National University  Hospital မှ ပါမောက္ခ့စေ Yap Hui Kim၊ ဆေးတက္ကသိုလ်-၁     ကလေးကျန်းမာ ပညာဌာန ပါမောက္ခ  ဌာနမှူး ဒေါက်တာ ရဲမြင့်ကျော်၊ ရန်ကုန်ကလေးဆေးရုံကြီးကလေးကျောက်ကပ်ဌာနမှ   တွဲဖက် ပါမောက္ခ ဒေါက်တာချိုချိုစန်း၊    ခုတင် ၅ဝဝ အထူးကုဆေးရုံကြီး၊      ဆီးနှင့် ကျောက်ကပ်ကုသဌာန       ပါမောက္ခ ဒေါက်တာ ဒေါ်ခင်သီတာသွင်တို့   ဦး ဆောင်သော ကုသရေးအဖွဲ့က   တာဝန် ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရ သည်။
မြန်မာနိုင်ငံတွင်  ကလေးကျောက်ကပ် အစားထိုးကုသမှုကို     မ္တလေးမြို့ ခုတင် ၃ဝဝ ဆံ့   ကလေးဆေးရုံကြီး၌   ၂ဝ၁၇ ခုနှစ်  ဖေဖော်ဝါရီလမှစတင်၍ သုံးကြိမ် တိုင်ပြုလုပ်ခဲ့ပြီး    ရန်ကုန်မြို့၌ ပထမဆုံး အကြိမ်         ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယင်းခွဲစိတ်မှုမှာ     မြန်မာ့ကျန်းမာရေး  သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်ကြောင်း  သိရသည်။သတင်း-မြင့်မောင်စိုးဓာတ်ပုံ တင်စိုး (မြန်မာ့အလင်း)

No comments:

Post a Comment