Latest News

Thursday, January 25, 2018

အရင်နှစ်နဲ့မတူတဲ့စကားလုံးတွေနဲ့တွေ့မြင်ရမယ့်ကျော်ထက်အောင်

အရင်နှစ်နဲ့မတူတဲ့စကားလုံးတွေနဲ့တွေ့မြင်ရမယ့်ကျော်ထက်အောင်

သရုပ်ဆောင် ကျော်ထက်အောင်ကို ယခုနှစ် Myanmar Idol Season (3) သီချင်း ဆိုပြိုင်ပွဲတွင် အစီအစဉ် တင်ဆက်သူတစ်ဦး အနေဖြင့် ပြန်လည်တွေ့မြင်ရဦးမည် ဖြစ်ပြီး ယခင်နှစ်နှင့်မတူသည့်  စကားလုံးများဖြင့်  တင်ဆက်မည်ဟု ပြောသည်။

''မနှစ်က တွေ့ကြုံသမျှ အတွေ့အကြုံ အားလုံးနဲ့ ပတ်သက်ပြီး  အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ ဆုံးမထားတာ အများကြီးရှိပါတယ်။ အဲဒါတွေကို လိုက်နာပြီး  ပရိသတ်အတွက် အကောင်းဆုံး တင်ဆက်သွားဖို့ရှိပါတယ်''ဟု ကျော်ထက်အောင်က ပြောသည်။

သရုပ်ဆောင်ကျော်ထက်အောင်က အစီအစဉ် တင်ဆက်သူအဖြစ်မှ  သရုပ်ဆောင် ပိုင်းကို ရောက်လာသည့် ၎င်း၏ Life Style ပြောင်းလဲသွားပုံနှင့် ပတ်သက်ပြီး Freedom အစီအစဉ်တင်ဆက်သူ အနေနဲ့   လုပ်ခဲ့ပေမယ့်     သရုပ်ဆောင်ဘက်မှာ စိတ်နှစ်ပြီး လုပ်လိုက်တော့ ပိုပြီးအဆင်ပြေလာတယ်။ Life  Style ပြောင်းသွားတယ်။ ကျွန်တော် ရောက်လေရာ နေရာမှာ သင်ဆရာ၊  မြင်ဆရာ၊ ကြားဆရာ အမြဲရှိပါတယ်။

သရုပ်ဆောင် ဖြစ်သွားတဲ့ အချိန်မှာလည်း အစီအစဉ် တင်ဆက်သူဘဝကို လက်မလွှတ်သေးပါဘူး။  မျိုးဆက်သစ်တွေကို သင်တန်းမှာ သင်ပေးပါတယ်'' ဟု ကျော်ထက်အောင် ကပြောသည်။

သရုပ်ဆောင်ကျော်ထက်အောင်သည် စရိုက်ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားကာ ယင်းရုပ်ရှင်ဇာတ်ကား နမူနာကို ပရိသတ်များ စိတ်ဝင်စားမှုများနေပြီး  ယင်းရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာသြရသ ရိုက်ကူးထားကာ  သရုပ်ဆောင်  လူမင်း၊ ကျော်ထက်အောင်၊ ထွန်းအိန္ဒြာဗို၊  ခိုင်သင်းကြည်နှင့်  တခြားသရုပ်ဆောင်များ  ပါဝင် သရုပ်ဆောင် ထားကြောင်း သိရသည်။(MWD)

No comments:

Post a Comment