ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ယမန်နေ့ညက ကစားသည့် ဆိုစီဒက်နှင့်ပွဲစဉ်တွင် ဖရီးကစ်မှ ဂိုးသွင်း ယူနိုင်ရာ ဂနဝ္ထင်ကစားသမားကြီး ဂတ်မူလာ၏ စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။ မက်ဆီသည် ပြီးခဲ့သည့် တစ်ပတ်က လီဗန်ေ တးနှင့်ပွဲမှာပင် ဘာစီလိုနာအတွက် လာလီဂါ ပွဲ ၄ဝဝ မြောက်အဖြစ်ကစားပြီး လာလီဂါ သွင်းဂိုး ၃၆၅ ဂိုးသွင်းနိုင်ကာ ဘိုင်ယန်အတွက် ၁၉၆၄ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ပွဲပေါင်း ၄၂၇ ပွဲ ကစားပြီး ၃၆၅ ဂိုးသွင်းနိုင်ခဲ့သည့် ဂတ်မူ လာ၏စံချိန်ကို လိုက်မီခဲ့သည်။
ယခုမက်ဆီသည် ဆိုစီဒက်ဘက်သို့ တစ်ဂိုးသွင်းနိုင်၍ ဂတ်မူလာ၏ ဥရောပထိပ်တန်း လိဂ်ကြီးငါးရပ်တွင် ကလပ်အသင်း တစ်သင်းတည်းအတွက် အမှတ်ပေးပြိုင်ပွဲ သွင်းဂိုးအများဆုံး သွင်းပေးနိုင်သည့် စံချိန်ကို ချိုးဖျက်သွားနို င်ခြင်းဖြစ်သည်။ ဆိုစီဒက်နှင့်ပွဲတွင် ဘာစီလိုနာသည် နှစ်ဂိုးရှုံးနေရာမှ ဆွာရက်ဇ်နှစ်ဂိုး၊ ပေါ်လင်ဟိုနှင့်မက်ဆီတစ်ဂိုးစီ ပြန်သွင်းပြီး ဆိုစီဒက်ကွင်း၌၂ဝဝ၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ပွဲရခဲ့သည်။(MWD)
No comments:
Post a Comment