Latest News

Monday, January 29, 2018

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က လင်းယုန်စီမံချက်ဖြင့် လုယက်မှုကျူးလွန်သူ လေးဦးအား ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က လင်းယုန်စီမံချက်ဖြင့် လုယက်မှုကျူးလွန်သူ လေးဦးအား ဖမ်းဆီးရမိ

ရန်ကုန်   ဇန်နဝါရီ   ၂၉

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏အစီအမံ ဖြင့် ဆောင်ရွက်နေသော လင်းယုန်စီမံချက် အဆင့် (၁) ကို    အရှိန်မြှင့်ဆောင်ရွက် လျက်ရှိရာ      အင်းစိန်မြို့မရဲစခန်း(ပ) ၃၃/၂ဝ၁၈ ၊  ရာဇသတ်ကြီးပုဒ်မ ၃၈၂ အမှုမှ    ပြစ်မှုကျူးလွန်သူ လေးဦးအား ဖမ်းဆီးရမိ၍   စစ်ဆေးရာမှ လုယက်မှု ၄၄ မှု ဖော်ထုတ်ရရှိခဲ့ပြီး ဆိုင်ကယ်မျိုးစုံ ၁၁ စီးနှင့် ဖုန်းမျိုးစုံ ၃၃ မျိုးတို့   ပြန်လည် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ  ၁၁  ရက်  နံနက်   ၃ နာရီခွဲ ခန့်က     ဆိုင်ကယ်တက္ကစီမောင်းနှင်သူ ကို ---သည် အင်းစိန်မြို့နယ် ရွှေပြည်သာ ကွေ့အနီး၌       အမျိုးသားတစ်ဦးမှ  ကမ်းနားအနောက်ရပ်ကွက်သို့    ငွေကျပ်   ၁၅ဝဝ ဖြင့်  ပို့ဆောင်ရန်ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ခဲ့ရာ  ကမ်းနားအနောက် ရပ်ကွက် ပတ္တမြားလမ်းအရောက်တွင် အဆိုပါ  အမျိုးသားအားပို့ဆောင်ပေးခဲ့ပြီး ပြန်ထွက်လာစဉ်  အမှောင်ရိပ်အတွင်းမှ အမျိုးသား တစ်ဦးထွက်လာကာ ¤င်းကို ဓားဖြင့်ထောက်၍ ဆိုင်ကယ်ကို  လုယက် ကာ     မောင်းယူထွက်ပြေးသွားသဖြင့် အင်းစိန်မြို့မ ရဲစခန်းက  အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သည်။

အမှုမှ          ပြစ်မှုကျူးလွန်သူများ ကို    ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လင်းယုန်အဆင့်(၁)စီမံချက် ဆောင်ရွက် နေသည့်  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ     ရဲတပ်ဖွဲ့ဝင်များက     သတင်းစုံစမ်း ဆောင်ရွက်ခဲ့ရာ  လုယက်မှုများကျူးလွန် ကြောင်း သတင်းရရှိထားသူ အောင်မျိုး သိန်း၊ ဝင်းသူ၊ ချစ်စန်းအောင်နှင့် မဲလေး (ခ)ဇော်ဇော်တို့    လေးဦးကို    ဖမ်းဆီး စစ်ဆေးခဲ့ရာမှ  ထွက်ပြေးတိမ်းရှောင်နေ သည့် သိန်းစိုးလတ်၊ ကိုကို(ခ)မောင်ကို နှင့်   ဝင်းလွင်အောင်တို့သုံးဦးနှင့်အတူ အင်းစိန်မြို့နယ်အတွင်း   ကျူးလွန်သည့် လုယက်မှု   ၄၄   မှုဖော်ထုတ် နိုင်ခဲ့ပြီး လုယက်ရရှိခဲ့သည့် သက်သေခံဆိုင်ကယ် ၁၁ စီးနှင့် လက်ကိုင်ဖုန်းမျိုးစုံ ၃၃ လုံး တို့ကို   ပြန်လည်သိမ်းဆည်းရမိခဲ့ပြီးဖြစ် ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး     ရဲတပ်ဖွဲ့ အနေဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့် သိန်းစိုးလတ်ပါသုံးဦးတို့အား  အမြန်ဆုံး ဖမ်းဆီးရမိရေး    ဆောင်ရွက်လျက်ရှိပြီး သိမ်းဆည်းရရှိသော    သက်သေခံ ဆိုင်ကယ်နှင့် ဖုန်းများကို  ပိုင်ရှင်အစစ် အမှန်များ   သိရှိစေရန်အတွက်   အင်းစိန် မြို့မရဲစခန်းနှင့်   ဆက်သွယ်ဆောင်ရွက်နိုင် ရန်       အသိပေးဖော်ပြထားကြောင်း သတင်းရရှိသည်။                
သတင်းစဉ်

No comments:

Post a Comment