Latest News

Monday, January 29, 2018

ကျိုင်းတုံမြို့ရှိ စွမ်ခမ်း(စွမ်တောင်း) စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်

ကျိုင်းတုံမြို့ရှိ  စွမ်ခမ်း(စွမ်တောင်း) စေတီတော်မြတ်ကြီး
လုံးတော်ပြည့်  ရွှေသင်္ကန်းကပ်လှူပူဇော်

နေပြည်တော်   ဇန်နဝါရီ  ၂၉

ရှမ်းပြည်နယ်အရှေ့ပိုင်း  ကျိုင်းတုံမြို့ရှိ  စွမ်ခမ်း(စွမ်တောင်း) စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲ ကုသိုလ်တော်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာ မင်္ဂလာအခမ်းအနားအား  ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒ္တခေမာစာရ အမှူးပြုသော သံဃာတော်များြ<ွကရောက် တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီး ချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း)မှ  တပ်မတော်အရာရှိကြီးများ၊    တြိဂံဒေသ  တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်  ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပရိတ်တရားတော်များနာယူ
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်    အခမ်း အနား တက်ရောက်လာကြသူများသည် ကျိုင်းယင်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော် များထံမှ ပရိတ်တရားတော်များ နာယူကြသည်။
ထို့နောက်   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး တို့က စွမ်ခမ်း(စွမ်တောင်း)စေတီတော်မြတ်ကြီးအား ကျိုင်းယင်း ကျောင်းတိုက်ဆရာတော်ထံ ဆက်ကပ်ပြီး လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။  ယင်းနောက်  အခမ်းအနား တက်ရောက်လာကြသည့်      တပ်မတော်အရာရှိကြီးများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ စွမ်ခမ်းကျောင်းတိုက် မှ အရှင်ပရိယတ္တိဒါရီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် စွမ်ခမ်းစေတီတော်မြတ်ကြီး ပုံတူအား ပေးအပ်သည်။ (ယာပုံ)
ထို့နောက် နိုင်ငံတော်သံဃမဟာနယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ လွိုင်လင်ဆရာတော်   အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ  သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာနန္ဒထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှ ပေးဝေကြသည်။
နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ဆက်လက်ပြီး ဆရာတော်သံဃာတော်များက  စွမ်ခမ်း (စွမ်တောင်း)စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေ ကဇာတင်၍  ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment