Latest News

Tuesday, January 16, 2018

မန္တ​လေးတွင်​ အလုံပိတ်အခန်းများဖြင့် ဖွင့်လှစ်ထားသည့်အအေးဆိုင်များအား စစ်ဆေးအရေးယူ

မန္တ​လေးတွင်​ အလုံပိတ်အခန်းများဖြင့် ဖွင့်လှစ်ထားသည့်အအေးဆိုင်များအား စစ်ဆေးအရေးယူ


ပုသိမ်၊ ဇန်န၀ါရီ ၁၆

 စည်ပင်သာယာရဲတပ်ဖွဲ့(မန္တလေး)မှ တပ်ဖွဲ့ဝင်များ၊ မြို့တော်စည်ပင်သန့်ရှင်းရေးဌာနမှတာဝန်ရှိသူများ၊ ပြည်တွင်းအခွန်ဌာနမှတာဝန်ရှိသူများ ချမ်းမြသာစည်မြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင်ရပ်ကွက်၊ သာယာရွှေကူရပ်၊ ကန်တော်ကြီးပတ်လမ်းရှိ အအေးဆိုင်(၉)ဆိုင်အား ၁၃.၁.၂၀၁၈ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်တွင်စစ်ဆေးဆောင်ရွက်လျင်ရှိကြောင်းသတင်းရ ရှိသည်

အဆိုပါအအေးဆိုင်(၉)ဆိုင်သည် ပွင်လင်းမြင်သာမှုမရှိဘဲ အလုံပိတ်အခန်းများဖြစ်နေခြင်း၊ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိခြင်းတို့ကြောင့် စည်ပင်သာယာဥပဒေအရ အရေးယူဆောင်ရွက်ထားရှိကြောင်း Mandalay Police၏ထုတ်ပြန်ချက်အရသတင်းရ ရှိသည်

ရွှေရည်ဝင်း

No comments:

Post a Comment