Latest News

Thursday, January 4, 2018

ဝန်​ကြီးဦးဘဟိန်း


အ​မေရိကန်​က Master ဘွဲ့ယူခဲ့သူ
တစ်​ဖက်​ကကျူရှင်​သင်​ရင်းသား ၃ ဦးကိုအင်​ဂျင်​နီယာ ဖြစ်​​အောင်​ပြုစုပျိး​ထောင်​ခဲ့သူ
ရန်​ကုန်​တိုင်းဂျာအဖြစ်​ရာထူးတိုး​သောအခါဆပ်​​ကြေးမ ​ပေးချင်​လို့ဆိုပြီးရာထူးမှထွက်​ခဲ့သူ
အချိန်​မ​ရွေးလယ်​သမား​တွေ​ခေါ်တဲ့​နေရာကိုလိုက်​လံပညာ​ပေး​နေခဲ့သူ
ကမ္ဘာ့ကုလသမဂ္ဂဆိုင်​ရာစိုက်​ပျိုး​ရေးအဖွဲ့မှာပညာရှင်​အဖြစ်​နှစ်​​ပေါင်းများစွာလုပ်​ကိုင်​ခဲ့သူ
စိုက်​ပျိုး​ရေးစာအုပ်​​တွေ​ဆောင်းပါး​တွေများစွာ​ရေးသားခဲ့သူ
NLD ​ဗဟိုစိုက်​ပျိုး​ရေး​အကြံ​ပေး​ကော်​မတီမှာ​စေတနာအ​လျောက်​တစိုက်​မတ်​မတ်​လုပ်​ကိုင်​ခဲ့သူ
ပြုပြင်​​ပြောင်းလဲ​ရေးလုပ်​လိုသူ
ငွေရှင်​​ကြေးရှင်​များ၏မလိုမုန်းထားမှုခံရသူ
လယ်​သမားနှင့်​​ရေလုပ်​သားများ၏​ထောက်​ခံမှုကိုအပြည့်​အ၀ရရှိထားသူ
Cabinet တွင်​လယ်​သမားနှင့်​​ရေလုပ်​သားဘက်​ကမရပ်​တည်​ရလျှင်​၀န်​ကြီးအဖြစ်​ကနှုတ်​ထွက်​မည်​၊မှတ်​တမ်းတင်​ပါ ဟုရဲဝံ့စွာပြတ်​ပြတ်​သားသား ​ပြောထားသူ
ထိုသူသည်​ နှုတ်​ထွက်​စာ တင်​ထား​သော ၀န်​ကြီးဦးဘဟိန်း ပင်​ဖြစ်​၏
ပြောသည့်​အတိုင်းလုပ်​တတ်​​သောပညာရှင်
သူ့လိုပုဂ္ဂိုလ်​တစ်​ဦးလည်းသမိုင်းတွင်​ရှိခဲ့၏
ဒေါက်​တာထွန်းဝင်းပင်​ဖြစ်​၏
ထိုပညာရှင်​တို့သည်​ NLD အစိုးရနှင့်​လက်​တွဲဖြုတ်​ခဲ့ရ သည်
ပညာရှင်​အသိုင်းအ၀န်းနှင့်​ NLD သည်​​ဝေးသထက်​​ဝေး ကွာသထက်​ကွာ​နေ​လေသည်
ဘယ်​​လောက်​​ဝေးသွားကွာသွားမလဲ ဆိုသည်​ကိုလည်း ကျွန်​​တော်​တို့စိတ်​၀င်​စားသည်
ကျွန်​​တော်​သတိထားမိသည်​က NLD အစိုးရသည်​ ​သွေး
နားထင်​​ရောက်​​နေ​လေပြီ
အာရုံ​ကြောပြတ်​ခါနီး​နေ​လေပြီ
ကျွန်​​တော့်​​ကောက်​ချက်​က 
ပြောင်းလဲချိန်​တန်​ပြီ၊reformer အလိုမရှိ
ဟူ​သော​ဆောင်​ပုဒ်​ကိုလက်​ကိုင်​ထား​နေ​လေပြီ ဟု။
အချိန်​သည်​ကုန်​သထက်​ကုန်​လာ​နေသည်
အချိန်​ရှိခိုက်​လုံ့လစိုက်​ရမည်​ကိုလည်းနားလည်​ပုံမ​ပေါ်
ဒေါ်​အောင်​ဆန်းစုကြည်​သာရှိမ​နေလျှင်​NLD ပါတီသည်
သုံးစား၍ရမည်​မဟုတ်​​ကြောင်းလည်းကြိုတင်​ခန့်​မှန်း​နေ မိသည်​။ယခုရှိ​နေလျက်​နှင့်​ပင်​သူကိုယ်​တိုင်​ချာလည်​ရိုက်​​နေသည်​။သူတို့ပါတီကို ၂၀၂၀ တွင်​ထပ်​မံ​ထောက်​ ခံရမည်​။သို့​သော်​ ​လေ ​တွေသာများပြီးထင်​ရာ​တွေသာ ​လျှောက်​လုပ်​​နေလျှင်​​တော့ တိုင်းပြည်​သည်​ ဆိုးသထက်​ ဆိုး​ပေအုံးမည်​။NLD၊USDP၊၈၈၈၈ ပါတီ၊တိုင်းရင်းသား ပါတီများ အားလုံးသည်​ ​သေချာ​လေ့လာမည်​ဆိုပါက သူ တို့အချင်းချင်း​လေပြိုင်​​ပေါ​နေကြသည်​နှင့်​သာအချိန်​ ​တွေကုန်​​နေသည်​။တကယ်​အလုပ်​လုပ်​သူများကရှား၍ ရှား၍လာ​နေ​လေသည်​။သိ​သောတတ်​​သောပုဂ္ဂိုလ်​များ သည်​တိုင်းပြည်​တည်​​ဆောက်​​ရေးအတွက်​လိုအပ်​သည်​ မှန်​​သော်​လည်း ပါတီများ၏ စိတ်​ဓာတ်​မပြည့်​ဝမှု ​တွေက
တိုင်းကျိုးပြည်​ကျိုးပြည်​သူ့အကျိုး ကိုလုပ်​​ဆောင်​ရာ တွင်​အဟန့်​အတားဖြစ်​​စေသည်​။
ဤသည်​ကပင်​ တပ်​မ​တော်​၏အ​မြော်​အမြင်​ကြီးမားမှု
ဟူ၍သာ ကင်​ပွန်းတပ်​လိုသည်​။
တပ်​မ​တော်​သည်​ ၂၀၀၈ ​ခြေဥ ကြီးကိုကိုင်​လျက်​ မတ်​ မတ်​ရပ်​လက်​ကိုပိုက်​ကာ ပြုံးပြုံးကြီးကြည့်​​နေ​လေ၏။
တစ်​ခါတစ်​ရံ လက်​ခုပ်​လက်​ဝါးပင်​၀ိုင်းတီး​ပေးလိုက်​​သေး သည်​။ရှိ​စေ​တော့၊ရှိ​စေ​တော့။
နိုင်​ငံ​ရေးအယူအဆချင်းပြိုင်​​နေကြသည်​။လက်​​တွေ့တွင်​​တော့ ပြည်​သူ့အ​ပေါ်​ကောင်းကျိုးသက်​​ရောက်​မှုသည်​ ၁၀ စုနှစ်​တစ်​ခုသာ နီး၍ နီး၍ လာ​နေ​သော်​လည်း ထူးခြားမှုသိပ်​မရှိ။
ရှိ​နေသည်​က စစ်​​ဘေး​ရှောင်​ဒုက္ခသည်​​တွေ၊​ကုန်​​ဈေးနှုန်း ကြီးမြင့်​မှု​တွေ၊​ရွေ့​ပြောင်းလုပ်​သား​တွေ၊​ကြွေးမြီများလာ ​သောလယ်​သမား​တွေ၊ကပ်​ပါး​တွေ၊ပိုပို များလာ​နေပါသည်​။
ဒီ​တော့ကျွန်​​တော်​တို့သည်​လည်း ပဲထွက်​ဖို့စပါးထွက်​ဖို့
သာစိတ်​၀င်​စားသင့်​​တော့သည်​။
ကျွန်​​တော်​တို့၏ ​မျှော်​လင့်​ချက်​များသည်​ ကျွန်​​တော်​တို့ ၏မျက်​ရည်​များကြားဝယ်​ ​ဝေဝါးလာ​နေ၏။
ကျွန်​​တော်​တို့ပြည်​သူက ကိုယ့်​အားကိုယ်​ကိုးလျက်​ရှိလို့ မဲပြား​လေးနဲ့အစိုးရကို​ပြောင်း​ပေးလိုက်​သည်​။
ပြောင်း​ပေးလိုတိုင်း ကိုယ့်​လက်​က​လေးကိုယ်​ကြည့်​ပြီး
သနားလာသည်​။
ကျွန်​​တော်​တို့၏အသက်​​တွေကြီးလာ​နေပါသည်​။
လက်​သန်း​လေး​တွေကမင်​စက်​များလည်းထူ၍ထူ၍ လာ​နေပါသည်​။
သို့​သော်​ ကျွန်​​တော်​တို့ဘ၀​တွေက​တော့ ငါးပိရည်​နဲ့ တို့စရာ​လေးမြုံ့ ရင်း ​မျှော်​လင့်​ချက်​​တွေကို ​ပြော​နေဆို ​နေဆဲဖြစ်​၏။
အော်​ လူဆိုတာ နိုင်​ငံ​ရေးသတ္တဝါ လို့ ဆိုတာမှန်​​နေပါ​ရောလား။
ခု​တော့ မိုး​တွေရွာလို့......
Kyawzayar Lwin














No comments:

Post a Comment