စာရေးသူ ဖခင်သည် စိုက်ပျိုးရေးအရာရှိတာဝန်ဖြင့် ကလောမြို့တွင် တာဝန်ထမ်းဆောင်စဉ် ကရင်စစ်သားအိုကြီး၏ ခြံအား ကူညီ ထွန်ယက် စိုက်ပျိုးပေးရာမှ ရင်းနှီးခဲ့သည်။ ထို ကရင်စစ်သားဟောင်းကား ရာထူးချခြင်း၊ ကလောမြို့မှ အပြင်ပေးမထွက်ဘဲ အကျယ်ချုပ်ထားခြင်း ခံရသော ဗိုလ်ချုပ်စမစ်ဒွန်းပင်ဖြစ်သည်။ ဖူးစမစ်ဒွန်းသည် ကလောမြို့တွင် နေထိုင်ရင်း ၁၉၇၉ တွင် ခေါင်းချသွားသည်။
![](https://3.bp.blogspot.com/-vE08Xm4nnUA/Wk4jwQixAOI/AAAAAAAAJ6g/4Q4VMGtCgZU60rAehOLuDt4KhB5tCngJACLcBGAs/s320/26196065_1494587540659302_2561820978245265872_n.jpg)
ဗမာပြည် လွတ်လပ်ရေး ခါတော်ချိန်ကား နံနက် ၄း၂ဝ၊ ဖိုးတွမ်တီး ဖြစ်ပါသည်။
အလံတော်တင် အခမ်းအနားတွင် ဆိုင်းကနားဖြင့် နိုင်ငံတော်သီချင်းကို စီစဉ်သူကားဦးနု ပေတည်း။ International စကေးဖြင့် တီးခတ်ရန် ဆရာကြီးသခင်ကိုယ်တော်မှိုင်း နားချသောကြောင့် ဘင်ခရာတီးဝိုင်းဖြင့် ပြန်လည်ပြောင်းလဲလိုက်ရသည်။
မူလတန်းသက်တမ်းသာ ရှိသေးသော ဗမာ့တပ်မတော်တွင် ဘင်ခရာတီးတတ်သူမရှိပါ။
ထိုသို့သော ကပျာကယာ အချိန်တွင် ဖူးစမစ်ဒွန်းကဏ္ဍ ပေါ်လာတော့သည်။
နက်ဖြန် နံနက်တွင် အလံတင်အခမ်းအနား စတော့မည့် အချိန်မှ ကပ်ပြီး တာဝန်ပေးသောကြောင့် ဖူးစမစ်ဒွန်း အရေးပေါ် စီစဉ်ရတော့သည်။ (အစုတ်အပြတ် ဗမာ့တပ်မတော်လူတွေတော့ သုံးရမှာ မဟုတ်ဘူး၊ လေထီးတပ်လူတွေဘဲ သုံးရတော့မယ်) ဟုဆိုကာ ဂေါ်ရခါးနှင့် Anglo ပါဝင်သော လေထီးရဲဘော်များကို စုစည်းကာ ဘင်ခရာတီးဝိုင်းသံဖြင့် ၁၆ နာရီကြာ လေ့ကျင့်ရင်း နောက်တနေ့ နံနက် ဖိုးတွမ်တီး ချိန်ခါတွင် အလံတော် လွှင့်တင် တီးခတ် ရပါတော့သည်။
Credit: Pine Land
No comments:
Post a Comment