တာကော်တံတားစုပေါင်းစစ်ဆေးရေးဂိတ်စခန်း တွင် အပြာရောင် ဖိုးဝှီးယာဉ်ပေါ်မှ ငွေကျပ်သိန်းပေါင်း(၁၅၅၀၀)သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူပူးပေါင်းပါဝင်သူကွင်းဆက်တရာခံများကို
ဖမ်းဆီးရမိခဲ့
ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် တာကော်တံတားစုပေါင်း စစ်ဆေးရေး ဂိတ်စခန်းတွင်အပြာရောင် ဖိုးဝှီးယာဉ်ပေါ်မှ ငွေကျပ်သိန်းပေါင်း (၁၅၅၀၀)သိန်းတန်ဖိုးရှိမူးယစ်ဆေးဝါးများနှင့်အတူ ပူးပေါင်း ပါဝင်သူကွင်းဆက်တရားခံများကိုဖမ်းဆီးရမိခဲ့ကြောင်းသိရသည် ။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁ရက်နေ့လည်၂နာရီအချိန်က ကွန်ဟိန်းမြို့နယ် တာကော်တံတား စုပေါင်းစစ်ဆေးရေးဂိတ်စခန်းတွင် ကွန်ဟိန်း အခြေချစစ်ဗျူ ဟာမှဗိုလ်မှူးမင်းသန်းဦးနှင့်အဖွဲ့၊ ရဲကင်းမှူး ရဲအုပ်မြင့်အောင်အဖွဲ့၊မူးယစ်တပ်ဖွဲ့စု(၂၇)မှ ဒုရဲအုပ်ဝင်းနောင်စိုးအဖွဲ့၊လူကုန်ကူးမှုတားဆီး တိုက်ဖျက်ရေးမှတပ်ကြပ်မျိုးဝင်းလတ်အဖွဲ့ (စရဖ)တပ်ကြပ်ကြီးထွန်းထွန်းနှင့်သက်သေများ ပါဝင်သော ပူးပေါင်း အဖွဲ့တို့သည် ခိုလန်ဘက်မှ တာချီလိတ်ဘက်သို့ယာဉ်မောင်းရှိန်တဲ့စင်၂၀နှစ်(ဘ)ဦးချင်းဟာ ဝူးလိန်ပါးကျေးရွာအုပ်စု တာမိုးညှဲကျေးရွာ နေသူတို့မောင်းနှင်လာသောယာဉ်အမှတ်3H/-----(TOYOTA)HILUX (ဖိုးဝှီ)အပြာရောင်ယာဉ်အား မသင်္ကာသဖြင့်ရပ်တန့်ရှာဖွေစစ်ဆေး ရာယာဉ်၏နောက်ခန်းအတွင်၌ အံဝှက်ပြုလုပ်၍ICE မူးယစ်ဆေးဝါး ဟုယူဆရသော(၁)ကီလိုထုပ်(၆၂)ထုပ် ၁ကီလိုလျှင်ကာလတန်ဖိုး(၆၂)သိန်း ဖြင့် စုစုပေါင်းငွေကျပ်သိန်းပေါင်း(၁၅၅၀၀)သိန်းတန်ဖိုးရှိမူးယစ်ဆေးဝါးများကိုဖမ်းဆီးရမိခဲ့သည် ။
ဆက်လက်၍ တာကော်တံတားတွင်ဖမ်းဆီးရမိသော တရားခံရှိန်တဲ့စင်အား စစ်ဆေးပေါ်ပေါက် ချက်အရ အဆိုပါဖမ်းဆီးရမိသောမူးယစ်ဆေးဝါး များအား လားရှိုး-ခိုလန်-ကွန်ဟိန်း-တာကော်မှတဆင့် ကျိုင်းတုံတာချီလိတ် လမ်းအတိုင်း သယ်ဆောင်ရန်လောက်ဝူး(ခ)ဖုန်ဝူးဆိုသူမှာ သယ်ဆောင်ခ(၅)သိန်းကျပ်ဖြင့် သယ်ဆောင်ခဲ့ခြင့်းဖစ်ကြောင်း ဖုန်ဝူးဆိုသူမှာ 9F/-----CROWN အနက်ရောင်ယာဉ်ဖြင့် အနီးကပ်ကြပ်မှတ်လိုက်ပါလာခြင်းဖြစ်ကြောင်း ၎င်းယာဉ်ပေါ်တွင်ဖုန်ဝူးအပါအဝင် စုစုပေါင်း(၄)ဦးလိုက်ပါ လာခြင်းဖြစ်ကြောင်း တာကော်တံတားအားဖြတ်သန်းစဉ် ၎င်းတို့ယာဉ်နှစ်စီးခွဲ၍ ဖြတ်သန်းခြင်း ဖြစ်ကြောင်း ၎င်းအားဖမားဆီးရမိခဲ့စဉ်မရှေးမနှောင်းမှာပင် ဖုန်စူးမောင်းနှင်သည့်ယာဉ်မှာ တာကော်တာံးအားကြိုတင်၍ဖြတ်သန်းခဲ့ပြီးဖြစ် ကြောင်းအစစ်ခံထွက်ဆိုခဲ့သဖြင့် မိုင်းပျဉ်မြို့နယ် ရဲတပ်ဖွဲ့နှင့်ဆက်သွယ်၍ဆောင်ရွက်ခဲ့ရာ
ရှိန်တဲ့စင်၏ထွက်ဆိုချက်ပါ ယာဉ်အမှတ်9F/---- ယာဉ်နှင့် ယာဉ်ပေါ်တွင် လောက်ဝူး(ခ) ဖုန်ဝူး၊ အားတီ၊ ရန်ကြူး၊ ကျန်ယိုကွေးတို့လေးဦး အား မိုင်းပျဉ်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။
အဆိုပါဖြစ်စဉ်များနှင့်ပါတ်သက်၍ မူးယစ်ဆေးဝါးကွင်းဆက်တရားခံများဖြစ်သည့် ရှိန်တဲ့စင် ၂၀နှစ် ဝူးလီပန်ကျေးရွာ တာမိုးညှဲမြို့၊ လောက်ဝူး(ခ)ဖုန်ဝူး ၂၄နှစ် ဟိုလီကျေးရွာ
ကွန်လုံမြို့၊ အားတီ ၂၄နှစ် အမှတ်(၅)ရပ်ကွက် လားရှိုးမြို့၊ ရန်ကျူး၂၃နှစ် မုံစီရွာ တာမိုးညှဲမြို့၊ ကျန်ယိုကွေး ၂၂နှစ် နယ်မြေ(၁)လားရှိုးမြို့နေသူ တို့အား ကာလိရဲစခန်းပိုင် နယ်မြေမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည် ။(နီတိုး)မြန်မာ့အလင်း
Thursday, January 4, 2018
တာကော်တံတားစုပေါင်းစစ်ဆေးရေးဂိတ်စခန်း တွင် အပြာရောင် ဖိုးဝှီးယာဉ်ပေါ်မှ ငွေကျပ်သိန်းပေါင်း(၁၅၅၀၀)သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူပူးပေါင်းပါဝင်သူကွင်းဆက်တရာခံများကို ဖမ်းဆီးရမိခဲ့
တာကော်တံတားစုပေါင်းစစ်ဆေးရေးဂိတ်စခန်း တွင် အပြာရောင် ဖိုးဝှီးယာဉ်ပေါ်မှ ငွေကျပ်သိန်းပေါင်း(၁၅၅၀၀)သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူပူးပေါင်းပါဝင်သူကွင်းဆက်တရာခံများကို ဖမ်းဆီးရမိခဲ့
Reviewed by Ar Ti
on
2:23 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment