တစ်လတာ ရပ်နားထားရသည့် အစိုးရအဖွဲ့ ကက်ဘိနပ် အစည်းအဝေးမနက်ဖြန်ကျင်းပမည်
တစ်လတာ ရပ်နားထားရသည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့  ကက်ဘိနပ်အစည်းအဝေးကို ဇန်န၀ါရီလ (၂၄)ရက်နေ့  မနက်ဖြန်တွင်းကျင်းပမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်ကပြောသည်။
ဝန်ကြီးချုပ်ဟောင်းမန်းဂျော်နီ နှုတ်ထွက်ပြီးနောက် အလွဲအပြောင်းကာလအကြားတစ်လတာ ရပ်နားထားရခြင်းဖြစ်သည်။
ယခင်က ကက်ဘိနပ် အစည်းအဝေးကို အပတ်စဉ်ကြားသပတေးနေ့ တိုင်းဆောင်ရွက်လျှက်ရှိသည်။
ကက်ဘိနပ်အစည်းအဝေးတွင် မည်သည့်အကြောင်းအရာကို ဆွေးနွေးမည်ဆိုသည်ကိုတော့ အသေးစိတ် ပြောဆိုနိုင်ခြင်းမရှိကြောင်း ၀န်ကြီးချုပ်က မီဒီယာများကိုပြောသည်။
မျိုးမင်းပိုင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment