Latest News

Tuesday, January 23, 2018

အစိုးရမဆောင်ရွက်နိုင်တာတွေ ကိုဂျာနယ်လစ်တွေကကိုယ်စားဆောင်ရွက်ပေးဖို့  ၀န်ကြီးချုပ် မေတ္တာရပ်ခံ


အစိုးရမဆောင်ရွက်နိုင်တာတွေ ကိုဂျာနယ်လစ်တွေကကိုယ်စားဆောင်ရွက်ပေးဖို့  ၀န်ကြီးချုပ် မေတ္တာရပ်ခံ

အစိုးရအဖွဲ့ မဆောင်ရွက်နိုင်တဲ့  အရာတွေကို ဂျာနယ်လစ်တွေက ကိုယ်စားဆောင်ရွက်ပေးဖို့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က မေတ္တာရပ်ခံလိုက်ပါတယ်။

“ဒီလိုဗျာ၊ကျွန်တော်တို့ မှာက လောလောဆယ် အရေးကြီးတာတွေကြီးပဲဖြစ်နေတယ်။  ကျွန်တော်တို့ မဆောင်ရွက်နိုင်ခင်မှာ ခင်ဗျားတို့  ကျွန်တော်တို့  ကိုယ်စားဆောင်ရွက်ပေးကြပါ။  “လို့ ၎င်းကပြောပါတယ်။

၂၀၁၈ ခုနှစ် ဇန်န၀ါရီလ (၂၄)ရက်နေ့ က မီဒီယာများနှင့် တွေ့ ဆုံစဉ် အထက်ပါအတိုင်းပြောကြားလိုက်တာပါ။
သတင်းရေးသားသည့်အခါတွင်လည်း ပြည်သူတွေ ပါဝင်လာအောင် ဂျာနယ်လစ်တွေကရေးသားပေးဖို့ ကိုလည်း ၀န်ကြီးချုပ်က ဆက်ပြောပါတယ်။

အဆိုပါပြောဆိုမှုနှင့်ပတ်သက်၍ ပုသိမ်ဒေသခံ ဂျာနယ်လစ်တစ်ဦးက “အစိုးရလုပ်ရမှာတွေက အများကြီးပဲ။ ဒါတွေကိုလည်း ဂျာနယ်လစ်တွေက နားလည်ပြီး ပြည်သူတွေ လက်ခံအောင် ရေးဖို့ ပြောချင်ပုံရပါတယ်။ သို့ သော်လည်းပဲ ဂျာနယ်လစ်တွေက ပြည်သူတွေမျက်နှာ မူရပါတယ်။ ပြည်သူတွေဖြစ်ပျက်နေတာတွေကိုတော့ နားလည်တယ်ဆိုပြီးမဖော်ထုတ်ပဲတော့ နေမှာ မဟုတ်ဘူးလေ။  ပြည်သူကိုတော့ နားလည်ပေးနိုင်တယ်။ အစိုးရအဖွဲ့  လုပ်သမျှတိုင်းကိုတော့နားလည်မှုပေးမှာမဟုတ်ဘူး။ ပြည်သူတွေဘ၀က အခြေနေကာလတစ်ခုအထိမတိုးတက်လာတာကိုမြင်နေရရင်တော့ အပြုသဘောဆောင်တဲ့ ဝေဖန်ရေးသားမှုတွေ ဖော်ထုတ်တာတွေရှိလာမှာပါ။ “လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့  ရုံးစိုက်ရာ ပုသိမ်မှာ ဂျာနယ်လစ် စုစုပေါင်း (၂၀)ခန့် ရှိနေပါတယ်.။
သတင်း၊ဓာတ်ပုံ  -မျိုးမင်းပိုင်

No comments:

Post a Comment