Latest News

Friday, January 19, 2018

ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ စာအုပ်လမ်း အရောင်းဆိုင်များမှာ ရှားပါး စာအုပ်များကို ရောင်းချခြင်းဖြင့် လုပ်ငန်း လည်ပတ်နေ

ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ စာအုပ်လမ်း အရောင်းဆိုင်များမှာ ရှားပါး စာအုပ်များကို ရောင်းချခြင်းဖြင့် လုပ်ငန်း လည်ပတ်နေ

ရန်ကုန်  ဇန်နဝါရီ  ၁၈

ရန်ကုန်မြို့ရှိ  သိမ်ဖြူလမ်း၌ စနေနှင့် တနင်္ဂနွေနေ့တို့တွင်    ဖွင့်လှစ်ထားသော စာအုပ်လမ်းမှ စာအုပ်အရောင်းဆိုင်များမှာ လုပ်ငန်းလည်ပတ်နိုင်ရန် ရှားပါးစာအုပ်များကို အဓိက ရောင်းချနေရကြောင်း ယင်းလမ်းရှိ စာအုပ်ဆိုင်များမှ ပိုင်ရှင်များ၏ ပြောကြားချက်အရ သိရသည်။

စာအုပ်လမ်းရှိ  စာအုပ်အရောင်းဆိုင်များ၌ အပတ်စဉ် ရောင်းချနေသော ရှားပါးစာအုပ် များကိုဝယ်ယူနေကြပြီး လက်ရှိ ထွက်နေသော စာအုပ်များထက် ယခင်က ရှားပါးစာအုပ်များကို ဝယ်ယူသူ အများစုမှာ လူလတ်ပိုင်းနှင့် လူကြီးများဖြစ်ကာ သက်သာသော ဈေးနှုန်းများဖြင့် လျှော့၍ ရောင်းချပေးနေသောကြောင့် ဖြစ်သည်။ ''စာအုပ်အသစ်တွေကို ဝယ်ယူချင်ရင်တော့ စာအုပ်ဆိုင်ကြီးတွေမှာ အဓိကထားပြီး သွားဝယ်ကြမှာပါ။

တစ်ပတ်မှာ  နှစ်ရက်တည်းဖွင့်တဲ့ စာအုပ်လမ်းက ဆိုင်တွေမှာတော့ စာအုပ်အသစ်တွေကို လာမဝယ်ကြဘူး။ တချို့စာအုပ်ဆိုင်တွေမှာ မရှိတဲ့ ရှားပါး စာအုပ်အဟောင်းတွေကို  စာအုပ်လမ်းမှာ လာရောက်ဝယ်ယူကြတယ်။ ဒါကြောင့် စာအုပ်လမ်းမှာရှိတဲ့    စာအုပ်ဆိုင်တွေက ဝယ်လိုအားရှိတဲ့ ရှားပါးစာအုပ်တွေကိုသာ   အဓိကရောင်းချပြီး လုပ်ငန်းလည်ပတ်နေရပါတယ်'' ဟု စာအုပ်လမ်းရှိ ထင်ရှားစာအုပ် အရောင်းဆိုင်ပိုင်ရှင် ကိုဝင်းအောင်ကပြော သည်။

ယင်းဆိုင်များ၌ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော စာအုပ်များနှင့်  ကမ္ဘာနှင့်သက်ဆိုင်သော ရှားပါးစာအုပ်များကို ဝယ်ယူကြခြင်း ဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment