ရန်ကုန် ဇန်နဝါရီ ၁၈
တရုတ်-မြန်မာနှစ်နိုင်ငံသုတေသီများ ပူးပေါင်း၍ အဏ္ဏဝါသိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းများဆောင်ရွက်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ သုတေသနရေယာဉ် XIANG YANG HONG 03 သည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာဆိပ်ကမ်း (သီလဝါ)သို့ ဆိုက်ရောက်ကြောင်း သိရသည်။
အဆိုပါသုတေသနရေယာဉ်ကို ပညာရေး ဝန်ကြီးဌာန မုံရွာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာသူရဦး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းအောင်နှင့် တာဝန်ရှိ သူတို့က မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ)၌ ကြိုဆို နှုတ် ဆက်ခဲ့ကြသည်။
အဆိုပါသုတေသနရေယာဉ်ပေါ်၌ နံနက် ၉ နာရီတွင် သက်ဆိုင်ရာဌာနများမှ ကြိုဆိုရေး အဖွဲ့ဝင် ၁၈ ဦးနှင့် အဏ္ဏဝါ သိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပွဲ ကျင်းပကြ သည်။ ထို့နောက် သုတေသနရေယာဉ်သည် မွန်းလွဲ ၂ နာရီ မိနစ် ၅ဝ တွင် သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာသွားရာ ၎င်းရေယာဉ်နှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနများမှ မြန်မာသု တေ သီ များ လိုက်ပါသွားကြပြီး အိန္ဒိယပင်လယ် အက်ဒမန်ကျွန်းအနီး တရုတ်-မြန်မာနှစ်နိုင်ငံသုတေသီများပူးပေါင်း၍ အဏ္ဏဝါသိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သုတေသနရေယာဉ် XIANG YANG HONG 03 ကို တရုတ်နိုင်ငံသား ကပ္ပတိန် Mr. XU HUA ဦးဆောင်ကာ သင်္ဘောဝန်ထမ်း ၃၉ ဦးနှင့် သုတေသနလုပ်ငန်းဆိုင်ရာ တရုတ် နိုင်ငံသား ၂၉ ဦး စုစုပေါင်း ၆၈ ဦးတို့လိုက်ပါ လာကြောင်း သိရသည်။(MWD)
No comments:
Post a Comment