Latest News

Monday, January 22, 2018

မှော်​ဘီမြို့နယ်​တွင်​ လူနာတင်​ယာဉ်​မှ​မြေသယ်​ယာဉ်​အားဝင်​တိုက်​ လူမမာအမျိုးသားတစ်​ဦး​သေဆုံး၊ ယာဉ်​​ပေါ်ပါ​(၅)ဦးထိခိုက်​ဒဏ်​ရာရ

မှော်​ဘီမြို့နယ်​တွင်​  လူနာတင်​ယာဉ်​မှ​မြေသယ်​ယာဉ်​အားဝင်​တိုက်​ လူမမာအမျိုးသားတစ်​ဦး​သေဆုံး၊ ယာဉ်​​ပေါ်ပါ​(၅)ဦးထိခိုက်​ဒဏ်​ရာရ

မှော်​ဘီ                ဇန်​နဝါရီ ၂၁

မှော်​ဘီမြို့နယ်​ ရန်​ကုန်​ပြည်​ကားလမ်း မိုင်​တိုင်​အမှတ်​ ၃၀/ ၆
နှင့်​ ၃၀/၇ အကြား ရှမ်းစုဘုန်း​တော်​ကြီး​ကျောင်း​ရှေ့၌​မှော်​ဘီ
ဘက်​မှ ရန်​ကုန်​ဘက်​သို့ တိုက်​ကြီးမြို့နယ်​ အိုးတန်းရပ်​ကွက်​စိန်
ကြီး(၃)လမ်း​နေ ​အောင်​ထွန်း ၃၈ နှစ်​မောင်း​နှင်​သည့်​ ယာဉ်​အမှတ်​ ၁စ/-----စူပါကာစတန်​ခဲ​ရွှေ​ရောင်​လူ
နာတင်​ယာဉ်​သည်​ တိုက်​ကြီး​ဆေးရုံမှ ရန်​ကုန်​​ဆေးရုံကြီးသို့လူ
နာဖြစ်​သူ ဦးခင်​​မောင်​ဦး  ၅၂ နှစ်​ အား ပို့​ဆောင်​ရန်​လာ​ရောက်
စဉ်​အဆိုပါ​နေရာအ​ရောက်​တွင်​လူနာတင်​ယာဉ်​သည်​အရှိန်​မ
ထိန်းနိုင်​ဘဲ တစ်​ဘက်​ယာဉ်​​ကြောသို့ ​ရောက်​ရှိကာ လမ်းပြုပြင်​ရန်​ ရပ်​တန့်​ထား​သော ​ရွှေပြည်​သာမြို့နယ်​     ​လှော်​ကား​ကျေးရွာ ရဲလင်းကို ၂၂ နှစ်​ ​မောင်းနှင်​​သောယာဉ်
9N/--- စီနိုထရပ်​ အဖြူ​ရောင်​ယာဉ်​ဧ။်​ ​နောက်​ပိုင်းအား ဝင်
ရောက်​တိုက်​မိခဲ့​၍ ၊ယာဉ်​တိုက်​မှု​ကြောင့်​ လူနာတင်​ယာဉ်​​မောင်း​ဖြစ်​သူ ​အောင်​ထွန်း ၃၈ နှစ်​၊ နှင့်​ လူနာယာဉ်​​ပေါ်ပါ တိုက်
ကြီးမြို့ အင်းကုလားရွာ ​နေသူများဖြစ်​သည့်​ လူနာဖြစ်​သူ ဦးခင်
မောင်​ဦး၊လူနာ​စောင့်​များအဖြစ်​လိုက်​ပါလာသည့်​ ဦးသန်း​မောင်
၃၅ နှစ်​၊မအိအိ​ဆွေ ၃၂ နှစ်​ ၊ဒိုက်​ကန်​ရွာ​နေ ဦး
ဝင်းစိုး ၃၅ နှစ်​ ၊ကုလားကြီး​ကျေးရွာ​နေ မချိုချိုသက်​ ၃၈ နှစ်​ တို့
(၆)ဦးမှာ ဒဏ်​ရာအသီးသီးရရှိခဲ့သဖြင့်​ ​မှော်​ဘီ​ဆေးရုံသို့တင်​ပို့
လူနာဦးခင်​​မောင်​ဦးသည်​ ​ဆေးရုံ၌ ​သေဆုံးခဲ့ပြီး ကျန်​ဒဏ်​ရာရရှိ
သူ(၅)ဦးအား ရန်​ကုန်​ ​ဆေးရုံကြီသို့ အတွင်းလူနာ(စိုးရိမ်​ရ) အဖြစ်​  ပို့​ဆောင်​ကုသလျှက်​ရှိ​ကြောင်း သိရသည်​။
ယာဉ်​တိုက်​မှုဖြစ်​စဉ်​နှင့်ပတ်​သက်​၍ ​     မှော်​ဘီမြို့နယ်​ရဲစခန်းမှ
 ယာဉ်​​မောင်း​အောင်​ထွန်း အား အ​ရေးယူလျှက်​ရှိ​ကြောင်း
 သတင်းရရှိသည်​။  ထွန်းလှိုင်​(မြိုင်​)မြန်​မာ့အလင်း

No comments:

Post a Comment