Latest News

Saturday, January 13, 2018

" အညာ ဆန် သဘောင်္ကြီးများ အနားယူနေသည်”

"  အညာ ဆန် သဘောင်္ကြီးများ အနားယူနေသည်”

      ကိုသစ္စာ(မုံရွာ)

      ချင်းတွင်းမြစ်ရိုးတလျောက် အကြီးဆုးံဆိပ်ကမ်း ကို ပိုင်ဆိုင်ထားသည့်  မုံရွာဆိပ်ကမ်း  ကို ကြည့်လျင်  တစ်နှစ်ပတ်လုးံ  ဆိုက်ကပ်ထားသော နှစ်ထပ်သဘောင်္ ဖြူဖြူကြီးများကို တွေ့ရမည်ဖြစ်သည်။ ထိုသဘောင်္အိုကြီးများ ပေါ်တွင် သဘောင်္လုပ်သားကြီးများက မိသားစု အလိုက် ချက်ပြုတ်စားသောက်ပြီး ရေပေါ် အိမ်သဖွယ် နေထိုင်ခဲ့ ကြသည်မှာလည်း ကြာခဲ့ပြီဖြစ်သည်။

" ဒီသဘောင်္ကြီးတွေက လေလံပစ်ဖို့စောင့်နေရတာ "ဟု
 ပြည်တွင်းရေကြောင်းပို့်ဆောင်ရေး (ချင်းတွင်း ဌာနခွဲ)မှ လက်ထောက်ရေကြောင်း ဌာနမှူး  ဦးသန်းထွန်းကပြောလိုက်သည်။

အထက်ချင်းတွင်း တစ်ရိုးနေထိုင်သူများရဲ့ လူမှုဘ၀စိုပြေ လှပရေး ကို တချိန်က အားသွန်ခွန်စိုက် ထမ်းဆောင်ပေးခဲ့ကြသော  သဘောင်္ကြီးများ သည် အခုတော့ အိုမင်းရင့်ရော် ဆွေးမြေ့ မှုများနှင့်အတူဆိပ်ကမ်းတွင်သာ ကျောက်ချ ရပ်နားနေရတော့သည်။ ချင်းတွင်းတရိုးတွင် သဘောင်္ကြီး များ ကောင်းစားခဲ့သော ကာလသည် ၁၉၄၆ မှ ၂၀၁၀ ခုနှစ်အထိ နှစ်ပေါင်း ၆၀ ကျော် သာဖြစ်သည်။

 ထိုစဉ်က ပြည်တွင်းရေကြောင်းပိုင် သဘောင်္ကြီးများကလည်း သန်တုန်းမြန်တုန်း၊သစ်လွင်တောက်ပမှုနှင့်အတူ လန်းဆန်း လက်ဆက် တုန်းပင်ဖြစ်သည်။ သဘောင်္သား မာလိန်မှူး ကြီးများလည်း  လက်ဖျားငွေသီး ၍ ၀င်ငွှေရွှင်ချိန် ၊အိမ်သူ သက်ထား ကြည်ဖြူ ချိန်၊မိသားစု အူစို ချိန်များဖြစ်ခဲ့သည်။ ပြည်တွင်းရေကြောင်း ချင်းတွင်းဌာနခွဲ ပိုင် သဘောင်္ကြီးများကို ကြည့်လျင် ပန်းနွယ်  အမည်ရှိ လူစီးသဘောင်္ နှစ်စင်း၊ချမ်းငြိမ်း၊ချမ်းသာ၊ချမ်းလှ အမည်ရှိ သဘောင်္ သုးံစင်း၊ ဟသာင်္ အမည်ရ သဘောင်္နှစ်စင်း၊ ကံစီ သေဘာၤ၊သလႅာ၀တီ ၁ မွ ၆ အထိ  သေဘာၤ ခြောက်စင်း၊စီပီဘီခရီးသည်တင် နှင့် စီစီဘီ ကုန်တင်ယာဉ် သဘောင်္ကြီးများ၊ဇက်သဘောင်္နှင့် ယူဒီ လောင်စာဆီသယ် သဘောင်္များကို ပိုင်ဆိုင် ထားခဲ့သည်။
 
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်းက အထက်ချင်းတွင်း ဒေသနှင့် ချင်းတောင်တန်းဒေသတို့မှ ပြည်သူများအတွက် အားကိုးရာ ထွက်ပေါက် သည် ချင်းတွင်းမြစ်ရေလမ်းကြောင်း သာဖြစ်သည်။ ၄င်းရေလမ်းကြောင်းမှ တဆင့် ပြည်တွင်းရှိ မြို့ကြီး ၊ရွာကြီးများသို့ ကူးလူးသွားလာခဲ့ကြရသည်။ ၄င်းကြောင့် ချင်းတွင်းမြစ် သို့ အစုန်၊အဆန် ခုတ်မောင်းသွားလာသည့် သဘောင်္ကြီးများက သူတို့ရဲ့ တစ်ခုတည်းသော အားကိုးရာဖြစ်သည်။ ရွှေးချယ်စရာ လမ်းမရှိခဲ့ချေ။
     
မုံရွာမြို့မှ ချင်းတွင်းမြစ်အထက်ပိုင်း မြို့ကြီးများဖြစ်သည့် မင်းကင်း၊ ကလေးဝ၊မော်လိုက်၊ဖောင်းပြင်၊ဟုမ္မလင်း၊ခန္တီး မြို့အထိ နွေ၊မိုး၊ဆောင်း ရာသီသုးံခု စလုးံ ကြိုက်တဲ့အချိန်သွား သဘောင်္ခရီးကသာ လိုရာ ရောက်နိုင်သည်။ အချိန်ကြာသည် နှေးသည် က အဓိက မဟုတ်၊ လိုရာခရီး ရောက်ဖို့က အဓိကဖြစ်ခဲ့သည်။ ထိုထက်ရှေးကျသော ကာလများက ချင်းတွင်းတကြောတွင် မီးထိုးသဘောင်္ကြီးများ ပြေးဆွဲခဲ့ဖူးကြသည်။ ထင်းမီးထည့်၍  ဘွိုင်လာအိုးဖြင့်ပြေးသော သဘောင်္ ကြီးများဖြစ်သည်။ မီးအားကောင်းလျင် မြန်မြန်ခုတ်မောင်း နိုင် အပြေးသန်ပြီး မီးအားကျလျင် နှေးသွားသော သဘောင်္ကြီးများဖြစ်သည်။ ထင်းလောင်စာ ကုန်ရင် နီးစပ်ရာ ဆိပ်ကမ်းကပ် ပြီး သဘောင်္လုပ်သားများက တောအတွင်း ထင်းဝင်ခုတ်ရသေးသည်။ချင်းတွင်းတစ်ရိုး သစ်တောကြီးများက လည်း ခုတ် လို့ မကုန် ဟီးထလို့နေသည်။ မီးထိုး သဘောင်္ကြီးများကတော့ ကံကောင်း၊ကံကလေး၊ကံညွန့်၊ကံသာ၊ဟသာင်္ အမည်ရှိ သဘောင်္များဖြစ်သည်။ ၄င်းနောက်များတော့ ၁၉၅၃ ခုနှစ် ၀န်းကျင် အင်္ဂလန်နိုင်ငံထုတ် ဒီဇယ်ဆီသုးံမောင်းနှင်သော ချမ်းငြိမ်း၊ချမ်းစီ၊ချမ်းမြ၊ချမ်းသာ ၊ချမ်းလှ အမည်ရှိ သဘောင်္ကြီးများ ချင်းတွင်းမြစ်တွင် အသုးံတော်ခံရန် ရောက်လာကြသည်။ ခရီးသည် ၄၀၀ ကျော် ကုန်တန်ချိန် ၇၀ ကျော်ထိ သယ်နိုင်သည့် သဘောင်္ကြီးများဖြစ်သည်။
 
"  ရေချမ်းစီ၊ ကုန်း ကြယ်နီ စိတ်ပေါက်မှ လိပ်လောက်ပြေးသည်" ဟု ချမ်းစီးရီး သဘောင်္ကြီးများ ချင်းတွင်းမြစ်တွင်းသွားလာမှုနှေးကွေးပုံကို ထိုစဉ်က ခရီးသည်များက လှောင်ပြောင် စာစပ်ခဲ့ကြသည်။အထက်ချင်းတွင်း လူထုအတွက် ၄င်းတို့၏ မြို့ရွာများ ဆိပ်ကမ်းတွင် သဘောင်္ကြီးများ ဆိုက်ကပ်လာသည့် နေ့သည် မဟာလာဘ်ကြီးတစ်ပါးဖြစ်သည်။ သဘောင်္ပေါ်တက်ပြီး   ဈေးဝယ်မလား၊မြို့က ပါလာတဲ့ အစားအစာတွေ၊ခေတ်ဆန်းအ၀တ်အစား တွေ ၀ယ်ချင်လား အကုန်ရသည်။ သဘောင်္ ထမင်း၊ သဘောင်္ဟင်း၊သဘောင်္လက်ဖက်ရည် တို့ကို ချစ်သူ ရည်စားနဲ့သွားမလား၊မိသားစု အပန်းဖြေ ရင်းသွားစားမလား၊ သဘောင်္ပေါ်ဈေးဝယ်ခြင်း ကို အထက်အညာမှ လူများ ယခုအခါ လွမ်းဆွတ်တမ်းတကြမည်ဖြစ်သည်။ သဘောင်္ကြီးများကလည်း ဆိပ်ကမ်းတစ်ခု ကပ်၍ ကုန်တင်ကုန်ချလုပ်လျှင် တစ်ညအိပ်၊ သို့မဟုတ် နာရီပေါင်း များစွာကြာတက်သည်။
 
ချမ်းစီးရီး သဘောင်္ကြီးများ နောက်  မနိုင်မနင်း ဖြစ်နေသော ချင်းတွင်းသဘောင်္ခရီးစဉ်များကို ကူညီရန် နောက်ထပ်ရောက်လာကြတာကတော့  ဂျပန်နိုင်ငံထုတ် ပန်းနွယ်သဘောင်္ကြီးနှစ်စင်း၊ဖြစ်သည်။ထိုစဉ်က  နိုင်ငံကျော် အဆိုတော် တွံတေးသိန်းတန်၏ "မောင့်မမ ပန်းနွယ် " သီချင်းကလည်း လူပျိုကာလသားများ အကြားရေပန်းစားချိန် ၊ပန်းနွယ်သဘောင်္က ချင်းတွင်းတစ်ရိုးမှာ စူပါစတားဖြစ်လာပြန်သည်။ ပန်းနွယ် မှ မစီဖူးရင် လူရာမ၀င်တော့သလိုလိုဖြစ်သည်အထိပင်ဖြစ်ခဲ့သည်။သဘောင်္အတွင်းပိုင်း အပြင်အဆင်က လည်း ရေပန်းပါ ရေချိုးခန်း၊ဘိုထိုင်အိမ်သာ၊ အဲယားကွန်း၊ရေခဲသေတ္တာ၊မွှေ့ယာ၊ ကြမ်းပြင်ကောဇောခင်း ၊ပြောင်လက်နေသော ထိုင်ခုံများ ဖြင့် တကယ့်ကို ၀န်ဆောင်မှု အပြည့် ပေးသည့် ဇိမ်ခံ သဘောင်္ကြီးများပင်ဖြစ်သည်။
 
 ပန်းနွယ်သဘောင်္ကြီးများ နောက်ထပ်ရောက်လာ သည်ကတော့ ၁၉၉၅ ခုနှစ် က တရုတ်နှင့် မြန်မာ အင်ဂျင်နီယာကြီးများ အစွမ်းဖြင့် တည်ဆောက်ခဲ့သော မြန်မာ့ သဘောင်္ကျင်းလုပ်ငန်းထွက် သလ္လာဝတီသဘောင်္ကြီးများဖြစ်သည်။ သလ္လာ (၁)မှ(၆)အထိ ခြောက်စင်းထပ်မံတိုးချဲ့ပြေးခဲ့သည်။ တစ်နာရီ လျင် ရေမိုင် (၁၂)မိုင် ထိ ခုတ်မောင်းနိုင်သဖြင့် မုံရွာမှ အထက်ရေမိုင် (၄၅၄)မိုင် ဝေးသော ခန္တီးမြို့အထိ ရောက်ဖို့ ရက်သတ္တပတ်အကြာပြေးဆွဲရသည်။ မိုးရာသီရေကြောင်း ကောင်းချိန် တွင် အသွားနှင့်အပြန် ၉ ရက် သာ ကြာသည်။ အဲယားကွန်းလေအေးပေးစက် များ ပါသော အဆင့်မီ သဘောင်္ကြီး များဖြစ်ခဲ့သည်။
   
"  သင်္ကြန်တောင် မနားဘူး၊မြစ်ထဲမှာပြေးဆွဲရင်း သဘောင်္ပေါ်တင် သင်္ကြန်ကျခဲ့ကြတာ" ဟု သဘောင်္ မာလိန်မှူး ဟောင်းကြီး ဦးရွှေက ချင်းတွင်းသဘောင်္ကြီးများ သရဖူဆောင်းခဲ့ချိန်ကို တမ်းတစွာပြောသည်။
 
 ယခုတော့ အရာရာ ပြောင်းပြန် ဖြစ်ခဲ့ပြီဖြစ်သည်။

"  အခု ဌာနပိုင် စက်ရှိ သဘောင်္ ၁၅ စင်း နဲ့ စက်မဲ့  တစ်စင်း ရှိတယ်၊ဒါပေမယ့် ချမ်းသာနဲ့ ဇက် ၁၀၈ ပဲ သုးံလို့ရတော့တာ၊ကျန်တာတွေကြ ဆိပ်ကမ်း မှာ ကြာရှည်ရပ်နားတို့ ၊ကမ်းထိုး တို့ နဲ့ လေလံပဲ အချိန်စောင့်နေရတာ" ဟု ဦးသန်းထွန်း ကပြောသည်။
 
 သဘောင်္အို ကြီးများသက်တမ်းကလည်း နောက်ဆုးံဝင်ခဲ့သည့် သလ္လာဝတီ နှစ်ထပ် သဘောင်္ကြီးများပင် နှစ်ပေါင်း ၂၀ ကျော်သက်တမ်း ရှိပြီးကျန်သဘောင်္များက နှစ် ၆၀ ကျော်သက်တမ်းရှိနေသည်။ သဘောင်္သံပြားများသည် ရေချိုမြစ်တွင် ၇ နှစ်ခံပြီး  ရေငန်တွင် ၃ နှစ်သာ ခံသည်။

" နိုင်ငံတော်မှာလည်း ပြည်တွင်းအခြေအနေတွေကြောင့် ပြည်ပ သွင်းကုန်၊ထုတ်ကုန်၊ ပိတ်ဆို့ခံရတော့ တကယ်ကောင်းတဲ့ အင်္ဂလန်တို့ ဂျပန်တို့က သံပြားတွေ ၀ယ်သုးံလို့မရဘူး၊ အရည်အသွေးမကောင်းတဲ့ တရုတ်သံပြားပဲ ၀ယ်သုးံပြီးဖာထေးနေရတာ " ဟု လက်ထောက်ရေကြောင်းဌာနမှူးချုပ် ဦးသန်းထွန်းက ဆိုသည်။
သဘောင်္ကြီးများ မပြေး ဆွဲနိုင်ပဲ ရပ်နားခဲ့ရခြင်း၏ အဓိက အချက်များစွာရှိသည့်အထဲမှ တစ်ချက်သည် မြစ်ညာ အထက် ပိုင်း ရေဝေရေလဲဒေသများ၌ အပြောင်ရှင်း စနစ် သစ်ထုတ်လုပ်ခြင်း၊ တောခုတ်ခြင်း၊ မြစ်အတွင်း ရွှေမျောများအလွန်အကျွံ တိုက်ခြင်းကြောင့်  ချင်းတွင်းမြစ် ကောသွားခြင်းသည်လည်း ပါဝင်သည်။ ချင်းတွင်းဆန် သဘောင်္ကြီးများက ရေစူး အနက် လေးပေ မှ သွားနိုင်သည်။ချင်းတွင်းမြစ်ကလည်း နွေနှင့်ဆောင်းဆို အရိုးအပြိုင်းပြိုင်း၊ဖြစ်နေသည်။ မြစ်ရေသည် ခြောက်နှစ် ဆက်တိုက် ရေနည်းမှတ်အောက် ရောက်နေသည် ဟု ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အချက် အလက်များကညွန်းဆိုသည်။ သုးံရာသီစလုးံပြေးဆွဲနိုင်ခဲ့သော သဘောင်္ကြီးများသည် ယခုတော့ မိုးရာသီ သုးံလ ကိုပင် အနိုင်နိုင်ပြေးဆွဲနေရတော့သည်။ပြေးဆွဲပြန်တော့လည်း ရေမိုင် ၁၄၀ သာ ဝေးသည့်   ကလေးဝ မြို့အထိသာ တစ်ပတ်တစ်ခေါက် နှုန်းပြေးနိုင်တော့သည်။ ကလေးဝ အထက် မြို့များသို့မေပြးနိုင်တော့သည်မှာ ၂ နှစ်ဆက်တိုက်ရှိပြီဖြစ်သည်။ဟုမ္မလင်းနှင့်ခန္တီးမြို့ များသို့ လည်း ပုဂ္ဂလိကမှ လာရောက်ငှားရမ်းမှသာ ပြည်တွင်းရေကြောင်းနှင့်အကျိုးတူ ပြေးဆွဲထွက်ခွာလေ့ ရှိသည်။
   
 နောက်တစ်ချက် မဟာအမှားကြီးသည် နိုင်ငံတော် ဘဏ္ဍာငွေအောက်မှ ခွဲထွက်၍ မိမိပိုင် ဘတ်ဂျက်ဖြင့်သာ ရပ်တည်ရန် အားထုတ်ခဲ့သော အလွဲကြီးဖြစ်သည်။ သဘောင်္မှ ရငွေကို နိုင်ငံတော်သို့ မသွင်းပဲ ၊ နိုင်ငံတော်ထံမှလည်း ဘတ်ဂျက်ငွေ မယူတော့ပဲ ကိုယ်ပိုင် ငွေနဲ့ရပ်တည်ပြီး ပြေးဆွဲရန် အထက်လူကြီးပိုင်း စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ နိုင်ငံတော်ဘဏ္ဍာငွေ မသုးံပဲ ခွဲထွက်ပြီး သီးသန့် ရပ်တည်ခဲ့သည်က ၂၀၁၃ ခုနှစ်ဖြစ်သည်။

"  ဘတ်ဂျက်အောက်ကထွက်လိုက်တော့ ခြိုးခြံချွေတာရေး ဦးတည်ပြီး စက်တွေ မပြင်ဘူး၊သဘောင်္က ၀င်ငွေတွေ ကောင်းနေတော့ ကိုယ့်ဘာသာကိုယ် ရပ်တည်လိုက်ရင် ဟန်ကျပြီ လို့ထင်တာ၊စထွက်တုန်းက ကို ယိုင်နဲ့နဲ့ဖြစ်နေတာ၊လူကြီးတွေကလည်း ဌာနရဲ့ဖြစ်အင်ကို အမှန်အတိုင်းမသုးံသပ်ပဲလုပ်လိုက်ကြတာ၊ ကုန်းလမ်းခရီးနဲ့ လေယာဉ်ခရီးစဉ်တွေလည်း ဆက်သွယ်ရေးတွေ ကောင်းလာတော့အချိန်ကြာတဲ့ သဘောင်္ကို ဘယ်သူမှ အားမကိုးကြတော့ဘူး၊အိမ်ရှင်ကနေ အိမ်ဌားဘ၀ ရောက်သွားတာ၊ဌာနပိုင်မြေဂရမ်  နေရာ တောင်ဌားထားရတာ၊အဲဒီကစပြီး ဘုန်းဘုန်းလဲတော့တာပဲ " ဟု ဦးသန်းထွန်း ကပြောသည်။
   
 မြစ်ကူးတံတားကြီးများထိုးလိုက်ခြင်း၊ကုန်းကြောင်းတွင် လမ်းပန်းဆက်သွယ်ရေးကောင်းလာခြင်းက စစ်ကိုင်းတိုင်းဒေသကြီး၏မြို့တော် မုံရွာမြို့သို့သွားလာရန် အထက်ချင်းတွင်းဒေသ မှ လူထုအတွက် ရေလမ်း၊ကုန်းလမ်း ကြိုက်ရာ ခရီးစဉ် ကို ရွေးချယ် သွားနိုင်ပြီဖြစ်သည်။
 
  " မဖြစ်မနေရေကြောင်းက သွားမယ်ဆိုလည်း ခု အမြန်ရေယာဉ်တွေက နေ့ချင်းပေါက်ရောက်တယ်၊အလွန်ဆုးံကြာ တစ်ညအိပ်ပေါ့၊သဘောင်္ကနေ လိုက်ရင် ကုန်အများကြီးတင်နိုင်တယ်၊ဈေးလည်း ချိုတယ် ဆိုပေမယ့် မြစ်ကြောင်းမှာ ဘယ်နေရာ သောင်တင်နေမလဲ ဆိုပြီး ရင်တထိတ်ထိတ်နဲ့ လိုက်ရတော့ ၊သောင်တင်ရင် စက်ပျက်ရင် ပါတဲ့ ကုန်စည်တွေ ပုပ်သွားရော၊ ဒါကြောင့် ဘယ်သူမှ မစီးချင်ကြတော့တာ "ဟု ချင်းတွင်းရေကြောင်း ပို့ဆောင်ရေးမှ ဌာနခွဲစာရေး ဦးစိုးတင့် ကပြောသည်။

သဘောင်္ကြီးများနေရာတွင် အစားထိုးဝင်ရောက် လာသည့်ပေါ့ပါး သွက်လက်ပြီး သံခွံဖြင့်တည်ဆောက်ထာေးသာ  ပုဂ္ဂလိက အမြန်ရေယာဉ်များ ဖြစ်သည်။၎င်းရေယာဉ်များ၏ ၀င်ငွေကလည်း အံ့မခန်းဖြစ်သည်။ခေတ်ကာလ မည်မျှပင် ပြောင်းလဲသွားစေကာမူ ချင်းတွင်းတရိုး၏ ကုန်စည် စီးဆင်းမှု ကိန်းဂဏာန်းများက တိုးမြှင့်နေဆဲဖြစ်သည်။မုံရွာမြို့အခြေစိုက်၍ အထက်ချင်းတွင်း မြို့ရွာ များသို့သွားလာနေသည့် ခရီးသည် သီးသန့်တင် အမြန်ရေယာဉ်အသင်းက (၈)သင်း၊ အစင်းပေါင်း (၁၃၈)စင်း တရားဝင် မှတ်ပုံတင် ပြေးဆွဲနေပြီး၊ကုန်တင်ရေယာဉ် အသင်း (၁၇)သင်းမှ ရေယာဉ်ပေါင်း (၅၂၅)စင်း အထိ ချင်္င်တွင်းမြစ်တွင်ပြေးဆွဲနေကြသည်။ ၄င်း ရေယာဉ်များအားလုးံ၏ တစ်ရက်ဝင်ငွေသည် ၂၈၅ သိန်း ရှိပြီး တစ်လလျှင်ကျပ်သန်းပေါင်း (၈၈၄)သန်း ရှိသည် ဟု  ရေကြောင်းဌာန မှ  ကောက်ယူထားသော စစ်တမ်းများတွင်ဖော်ပြထားသည်။၎င်းဝေစု အာလုးံကို ရှေးရိုးစွဲပုံစံဖြင့် ဖြတ်သန်းခဲ့သည့် သဘောင်္ကြီးများက ခွဲဝေ ပေးလိုက်ရခြင်းဖြစ်သည်။

"  ကျွန်တော်တို့ ဌာန က ဓူဝံကြယ်တော့ ခူးချင်တယ်၊လှေကားမရှိဘူး ဆိုသလိုဖြစ်နေတယ်၊ သူတို့ကို ဘယ် ယှဉ်ပြေးနိုင်မလဲ ဗျာ၊ခရီးသည်တွေက မင်းတို့သဘောင်္က မိုးတွင်းလောက်ပြေးတာ၊ ငါတို့က တစ်နှစ်လုးံခရီးသွားတာမို့ မိတ်ပျက်မခံချင်ဘူးဆိုပြီးအမြန်ရေယာဉ်တွေဆီပဲ ပြေးကြတယ် "ဟု ဦးသန်းထွန်းကဆိုသည်။
     
 ချင်းတွင်းမြစ်သွား သဘောင်္ကြီးများရပ်နား ရခြင်း နှင့်အတူ သဘောင်္လုပ်သားကြီး များဖြစ်သော ရေယာဉ်မှူး၊ရေယာဉ်အုပ်၊ စက်ခန်းအုပ်၊လုပ်သားများမှာလည်း လက်မှိုင်ချ ထိုင်၍ လစာကို သာထိုင်ယူနေရသည့်အဆင့်ရောက်သွားသည်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာန တွင် သဘောင်္လုပ်သားများက (၂၈၀၀) ကျော် ၊ပင်စင်စား သဘောင်္သားဟောင်းကြီးများက (၄)ထောင်ကျော်  ရှိနေ၍ ၀င်ငွေထပ်တိုးမရှာနိုင်သည့် ရေကြောင်းဌာနအတွက် နူရာဝဲစွဲ၊လဲရာ သူခိုးထောင်း အဖြစ်နှင့်ကြုံခဲ့ရသည်ဟု ရေကြောင်းဝန်ထမ်းများက ပြောဆိုသည်။
   
ယခုတော့ပြည်တွင်းရေကြောင်း နိုင်ငံတော် ဘက်ဂျက်အောက် ပြန်ရောက်ရန် ကြိုးပမ်းခဲ့ရာ  ၂၀၁၆နှစ် ဇွန်လ ၂၂ ရက်က ဘတ်ဂျက်အောက်  ပြန်အသွင်းခံခဲ့ရသည်။
 
"   သားသမီးတွေ အိမ်ထောင်ကျလို့ ငွေရှာနို်င်ပြီး မိဘကို အာခံပြီး ကိုယ့်ဘာသာအိမ်ခွဲနေမယ်ဆိုပြီးထွက်သွားတာ၊ဘာမှမပြေလည် ရော အမေ့အိမ်ပြန်ပြေးကပ် ရသလိုပေါ့ဗျာ "ဟု ဦးသန်းထွန်းက နောင်တရသော လေသံဖြင့်ပြောသည်။
   
 ချင်းတွင်းရေကြောင်းသည် မိုးရာသီရေကြီးချိန်၌ နာမည်ကျော် ၀ဲဂယက်များဖြစ်သော ရွှေစာရေးဝဲ၊ပဲဝဲ၊ ၀က်သိုက်ဝဲ၊လောင်းကရိတ် ၀ဲများအပြင် ရေစီးအရှိန်ဖြင့်မျောနေသော သစ်ပင် သစ်မြစ်ကိုင်းလုးံကြီများ အန္တရာယ်က လည်း ရေယာဉ်များအတွက် နှစ်စဉ် ကြုံတွေ့ရသော ဘေးတစ်ခုဖြစ်သည်။ ထိုသို့သောအချိန်များတွင် အမြန်ရေယာဉ်ငယ်များသည် ပြေးဆွဲမှုကို ယာယီ ရပ်နားရသည်။ထိုအချိန်များမှ ပြည်တွင်းရေကြောင်း သဘောင်္ကြီးများတွင် ကုန်စည်နှင့် ခရီးသည်များ အပြည့်ရကြသည်။
   
ပုဂ္ဂလိက အမြန်ရေယာဉ်များသည် ချင်းတွင်းမြစ်ကြောင်းတွင် ၂၀၀၀ခုနှစ်မှစ၍ ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ချင်းတွင်းမြစ်အတွင်း ရေယာဉ်များ နစ်မြုပ်မှု သမိုင်းကို ကြည့်လျင် ၂၀၀၁ခုနှစ်တွင် ကနီမြို့နယ် ယင်းယိမ်းရွာအနီး ထိပ်တန်း အမည်ရှိ လူစီးအမြန်ရေယာဉ်နစ်မြုပ်ခြင်း၊ ၂၀၀၂ခုနှစ်တွင် ကလေးဝမြို့နယ် လောင်းကရိတ်ဝဲ တွင် ငွေဇင်သိန်း လူစီးရေယာဉ် နစ်မြုပ်ခြင်း၊ ၂၀၀၅ ခုနှစ်တွင် ချင်းတွင်းမြစ်နှင့်ဥရုချောင်း ဆုံရာအနီး ၌ သိဂီ င်္ထွန်း လူစီးရေယာဉ်နစ်မြုပ်ခြင်း၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် လောင်းကရိတ်ဝဲ၌ လူပေါင်း ၂၀ ကျော်သေဆုးံခဲ့သည့် ရာဇာထွန်း လူစီးအမြန်ရေယာဉ်ခြင်းတို့ဖြစ်ခဲ့သည်။ ယင်းအပြင် ချင်းတွင်းမြစ် သမိုင်းတလျောက် လူ့အသက်ပေါင်းစွာစွာ သေဆုးံခဲ့သည့် အောင်စိုးစိုးကျော် (၂)အမြန်ရေယာဉ်နစ်မြုပ်မှုလည်း ၂၀၁၆ အောက်တိုဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက ကနီမြို့နယ်မိချောင်းတွင်းရွာအနီးတွင်ဖြစ်ပွားခဲ့သေးသည်။ ထိုစဉ်က ရေယာဉ်ပေါ်တွင် လိုက်ပါလာသော ပညာရေးဌာနမှ ဆရာ၊ဆရာမများ ၊ မုံရွာတက္ကသိုလ်သို့အဝေးသင်တက်ရောက်ရန်လာသော ကျောင်းသားကျောင်းသူများ ၊နေရပ်ပြန် ခရီးသွားပြည်သူများ ၇၃ ဦးသေဆုးံခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တရားဝင်ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
 
အမြန်ရေယာဉ်များ မကြခဏ တိမ်းမှောက်မှုကြောင့်  ပြည်သူများ၏ အသက်အန္တရာယ် လုံခြုံစိတ်ချမှု ရှိစေရေး ၊မြစ်ရေကြီးချိန် အထက်အညာဒေသများ  ကုန်စည်စီးဆင်းမှု မပြတ်တော်စေရေး အစိုးရပိုင် သဘောင်္ကြီးများပြန်လည်ပေးဆွဲပေးရန်ကို   ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သက်တမ်းတွင် ကလေးဝမြို့နယ် အမတ်  ဦးထွန်းမောင်က လည်းကောင်း၊ ဒုတိယအကြိမ်လွှတ်တော်သက်တမ်း  ၉ ကြိမ်မြောက်အစည်းအဝေးတွင်  ဖောင်းပြင်မြို့နယ်လွှတ်တော်အမတ် ဦးခင်မောင်ထွန်းက လည်းကောင်း အစိုးရအဖွဲ့သို့ တိုက်တွန်း ပြောဆိုခဲ့ဖူးကြသည်။
   
“လက်ရှိအချိန်မှာတော့ ခရီးသည်၊ကုန်စည်နဲ့ရေယာဉ်က မျှတမှု ရှိတော့ သဘောင်္တွေ ထပ်ပြေးဖို့ မရှိဘူး၊ ဈေးကွက်အပြောင်းအလဲ ဖြစ်လာရင်တော့ ပြေးနိုင်ဖို့ အသင့်စီစဉ်ထားပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက မယုက်မလွန်ဖြေကြားထားသည်။

 နှစ်ပေါင်းများစွာ ခိုင်းစားခဲ့သော သဘောင်္အို ကြီးများ ကို လေလံပစ်ပြီး ရသောငွေများဖြင့် နိုင်ငံတော် မှ ချပေးမည့်ဘတ်ဂျက်တို့ပေါင်း၍ ခေတ်မီ ရေယာဉ်များ တပ်ဆင်ပြေးဆွဲ ရန် ကိုလည်း ချင်းတွင်းရေကြောင်းဌာနခွဲ မှ ကြိုးပမ်းနေပြီဖြစ်သည်။

  "  ခရီးသည်တွေ အကြိုက် ဖြစ်အောင်လုပ်ရမယ်၊၀န်ထမ်းဟောင်းတွေက ကျွမ်းကျင်မှုရှိတယ်၊အလုပ်မရှိဖြစ်လို့သာ စိတ်ဓာတ်တွေပါကျနေကြတာ၊ သဘောင်္ရဲ့ ဆောင်ပုဒ်မှာ Image (ပုံရိပ်)၊ Safely (လုံခြုံမှု)၊ Service( ၀န်ဆောင်မှု)တို့ ချထားပေမယ့် လုံခြုံမှုတစ်ခု သာ ပေးနိုင်တာကြောင့်ကျဆုးံခဲ့တာ  " ဟု ဦးသန်းထွန်းက  ၄င်း၏ ဌာနကို ပွင့်လင်းစွာဝေဖန်ပြောဆိုသည်။
 
ချင်းတွင်း သဘောင်္ာကြီးများပေါ် တွင် ကာလရှည်ကြာ ထမ်းဆောင်ခဲ့ကြသော ၀ါရင့် မာလိန်မှူး ကြီးများ ၊ရေယာဉ်လုပ်သားများသည် ယခုအခါ စွမ်းရည်မြှင့်သင်တန်းများတက်ရောက်နေကြပြီဖြစ်သည်။ ရှေ့သို့တက်လှမ်းရန် အားယူနေသော  မြန်မာပြည် အနာဂတ်ပုံရိပ်နှင့်အတူ  နိုင်ငံတော် ဘတ်ဂျက်အောက် ပြန်ဝင်လာသည့်ရေကြောင်းဌာန  ၏ မျှော်လင့်ချက် ရောင်ခြည်သည် အဝေးမှ မှိတ်တုတ်၊ မှိတ်တုတ် မြင်နေရပြီဖြစ်သည်။အသွင်သစ်ဖြင့်ပြေးဆွဲလာမည့် သဘောင်္များသည် ချင်းတွင်းတကြော၌  မင်းမူနေသည့် ပုဂ္ဂလိက အမြန်ရေယာဉ်များ နှင့်ယှဉ်ပြိုင်ပြေးဆွဲ နိုင်မလားဆိုသည့် အချက်မှာ ငွေရောင်ပိတ်ကား ပေါ်တွင်သာ ဆက်လတ်စောင့်ကြည့်ရတော့မည်ဖြစ်သည်။ သဘောင်္အိုကြီးများ ကတော့ ဘ၀နေ၀င်ချိန်ကို ဆိပ်ကမ်းတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေရင်း……………….

 ကိုသစ္စာ(မုံရွာ)

No comments:

Post a Comment