Latest News

Friday, January 5, 2018

ဇန်နဝါရီ ၉ ဆွေးနွေးပွဲများကျင်းပရန် ကိုရီးယားနှစ်နိုင်ငံ သဘောတူ

ဇန်နဝါရီ ၉ ဆွေးနွေးပွဲများကျင်းပရန် ကိုရီးယားနှစ်နိုင်ငံ သဘောတူ

မြောက်ကိုရီးယားသည်  လာမည့်အဂ¯နေ့တွင်  အပစ်အခတ် ရပ်စဲရေးရွာဖြစ်သည့်  ပန်မွန်ဂျုန်ရွာ၌  ကိုရီးယားနှစ်နိုင်ငံ အဆင့်မြင့်အရာရှိများ    ဆွေးနွေးပွဲကို   ကျင်းပသွားရန် တောင်ကိုရီးယားနိုင်ငံ၏  ကမ်းလှမ်းမှုကို လက်ခံလိုက်ကြောင်း သိရသည်။

တောင်ကိုရီးယား   ပေါင်းစည်းညီညွတ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ   ဘိက်ထယ်ဟွန်းက  သောကြာနေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မြောက်ကိုရီးယားနိုင်ငံက ဆွေးနွေးပွဲ ကျင်းပရန် သဘောတူလက်ခံလိုက်ကြောင်း ကြေညာခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင်   ကင်ဂျုံအန်းက   တောင်ကိုရီးယားနိုင်ငံ  ပြုံချမ်းတွင်  ကျင်းပမည့်  ဆောင်းရာသီအိုလံပစ် အားကစားပွဲတော်သို့ ကိုယ်စားလှယ် စေလွှတ်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ပြီးနောက်တွင် တောင်ကိုရီးယားနိုင်ငံသည် ပြီးခဲ့ သည့်  အဂ¯နေ့က  ကိုရီးယားနှစ်နိုင်ငံ စကားပြောဆိုဆွေးနွေးမှုများ ပြုလုပ်ရန် ကမ်းလှမ်းခဲ့သည်။

မြောက်ကိုရီးယားသည်  ပြီးခဲ့သည့်  ဗုဒ္ဓဟူးနေ့က  ပြန်လည်ဖွင့်လှစ်ခဲ့သည့် ဆက်သွယ်ရေးချန်နယ်တစ်ခုမှတစ်ဆင့် တောင်ကိုရီးယားကို ဆက်သွယ်လာခဲ့သည်ဟု  ဘိက်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် ကိုရီးယားနှစ်နိုင်ငံ အရေးကိစ္စ များကို အနီးကပ်ကြီးကြပ်သည့် မြောက်ကိုရီးယားပြည်တွင်းအေဂျင်စီ၏ အကြီးအကဲ ရီဆန်ဂုံ၏ အမည်အောက်တွင် အကြောင်းကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဘိက်က ပြောသည်။   လက်ခံရရှိခဲ့သူမှာ  တောင်ကိုရီးယားပေါင်းစည်းညီညွတ်ရေးဝန်ကြီး ချိုမြောင်ဂျွန်းဖြစ်ကြောင်း သိရသည်။
ကိုရီးယားနှစ်နိုင်ငံတို့သည်  အိုလံပစ်အားကစားပွဲတွင်  ပါဝင်ယှဉ်ပြိုင်ကြမည့် မြောက်ကိုရီးယားကစားသမားအတွက်    ဆောင်ရွက်ထားရှိမှု    အစီအမံများကို စတင်ရန် စီစဉ်လျက်ရှိသည်။ ¤င်းတို့သည် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး  ဖွံ့ဖြိုး တိုးတက်စေရန်  နည်းလမ်းများကိုလည်း  ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း  သိရ သည်။    
Ref;The Mirror Daily
                                               
                                         

No comments:

Post a Comment