Latest News
Tuesday, January 9, 2018
ယခင်အစိုးရချမှတ်ခဲ့ သော ယန္တရားအောက်မှာ အလုပ်လုပ်ရတာရှေ့ မရောက်လို့ နှုတ်ထွက်တာလို့ ဦးဘဟိန်းပြော
ယခင်အစိုးရအဆက်ဆက်က ချမှတ်ခဲ့ တဲ့  ယန္တယားအောက်မှာ အလုပ်လုပ်ရတာ ရှေ့ မရောက်လို့  နှုတ်ထွက် ရခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့  စိုက်ပျိုး မွေးမြူရေး ၀န်ကြီး ဦးဘဟိန်းကပြောသည်။
“၀န်ထမ်းတွေ ပုံစံတွေ စနစ်တွေ ဆောင်ရွက်ချက်တွေ ကိုပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့  ဒါတွေလုပ်နိုင်မယ့် အဆင့်က ပြည်ထောင်စုအဆင့်က လုပ်နိုင်မယ့် အနေအထားပါ”ဟု ၄င်းကပြောသည်။
ဇန်န၀ါရီလ ကိုးရက်နေ့ ကအစိုးရအဖွဲ့ ရုံးတွင် ပြုလုပ်သော တိုင်းဧရာမီဒီယာနှင့် သီသန့် တွေးဆုံမေးမြန်းမှုတွင် ယင်းသို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။
ယခုကဲ့ သို့ နှုတ်ထွက်ရခြင်းမှာ ပါတီတွင်းဖိအားနှင့် နိုင်ငံရေးဖိအားမရှိကြောင်းငြင်းဆိုပြီး ကျန်းမာရေးကြောင့်သာဖြစ်သည်ဟုပြောသည်။
စိုက်ပျိုးရေးပညာရှင်တစ်ဦးဖြစ်သည့် ဦးဘဟိန်းသည် နှုတ်ထွက်ပြီးပါက နိုင်ငံရေးထဲတွင် ပါဝင်ပတ်သတ်လုပ်ဆောင်တော့မည်မဟုတ်ပဲ တရားအလုပ်သာလုပ်တော့မည်ဟုဆိုသည်။
မျိုးမင်းပိုင်
No comments:
Post a Comment