Latest News
Tuesday, January 9, 2018
ဧရာဝတီတိုင်းဒေသကြီးတွင် ခုနစ်ဆယ်ရာခိုင်နှုန်းကျော် လယ်မဲ့ ယာမဲ့  တောင်သူများဖြစ်လာ
ဧရာဝတီတိုင်းဒေသကြီးတွင် ခုနစ်ဆယ်ရာခိုင်နှုန်းကျော် လယ်မဲ့ ယာမဲ့  တောင်သူများဖြစ်လာ
မြန်မာပြည်၏ စပါးကျီဟုတင်စားခေါ်ဝေါ်ကြသော ဧရာဝတီတိုင်းဒေသကြီးတွင် လယ်မဲ့ ယာမဲ့ ဦးရေ မှာ တစ်ဖြည်းဖြည်းများပြားလာလျှက်ရှိသည်။
 ဧရာဝတီတိုင်းဒေသကြီး၏ ခုနစ်ဆယ့် နစ်ရာခိုင်နှုန်း မှာ လယ်မဲ့ ယာမဲ့ တောင်သူများ ဖြစ်သည်ဟု  တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေး နှင့်သယံဇာတ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကောက်ယူထားသော စာရင်းများအရ သိရသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် စိုက်ပျိုးဧကပေါင်း ၃၇၀၀၀၀ ရှိရာ ဆယ်ရာခိုင်နှုန်း ဖြစ်သည့် (ဧက ၃၇၀၀၀) မှာ ပုံစံ (၇) ဖြင့် ရောင်းချထားပြီး ဖြစ်သည်ဟု တိုင်းဒေသကြီးဆန်းစပါးလုပ်ငန်းရှင်အသင်း ဥက္ကဌ ဦးဝင်းမြင့်လှိုင်က ဆိုသည်။
အိမ်ရာစီမံကိန်းလို နေရာမျိုတွေ၊ စက်မှုဇုန် နေရာတွေ အတွက် လယ်သမားတွေ ရောင်းချထားတာ။ တချို့ကျတော့လည်း တောအရပ် ဒေသတွေမှာ ဘဏ်ကြွေး မဆပ်နိုင်လို့ ရောင်းချတာတွေဖြစ်တယ် ဟု ၄င်းကပြောသည်။
လယ်ရောင်းပြီး  ၀ယ်ယူသူများထံတွင် လယ်စာရင်းငှား ပြန်လည် လုပ်ကိုင်နေရသည့် လယ်သမား မြောက်မြားစွာ ရှိနေသည်ဟုလည်း လယ်ယာမြေအရေးလိုက်ပါဆောင်ရွက်နေသူများကပြောသည်.။
''ဧက သုံးဧကကနေ ခြောက်ဧက အထိ စိုက်ပျိုးကြတဲ့ ခြောက်ဆယ်ငါးရာခိုင်နှုန်းသော တောင်သူတွေ၊ မိရိုးဖလာ တောင်သူတွေဟာ တရားဝင် ရောင်းချပြီဆိုတာနဲ့ အခက်အခဲ အမျိုးမျိုးကြောင့် ရောင်းဖြစ်ကြတယ်။ တောင်သူ လယ်သမားတွေရဲ့ စိုက်ပျိုးမြေတွေ ဆုံးရှုံးပြီး အလုပ်လက်မဲ့တွေ ဖြစ်နေတယ်။ ဒီတောင်သူတွေကို ဖွဲ့စည်းပုံအရ အလုပ်လက်မဲ့ မဖြစ်အောင်တော့ စီမံပေးသင့်တယ်'' ဟုတရားလွတ်တော်ရှေ့ နေ ဦးမြင့်သွင့် ကပြောသည်
လက်ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်ငါး နှစ်အတွင်းမြေမဲ့ ယာမဲ့  များအတွက် ထုတ်ကုန်များထုတ်လုပ်နိုင်ပြီး သယံဇာတအရင်းအမြစ်များဖန်းတီးပေးနိုင်အောင် ဆောင်ရွက်ပေးမည်ဟု အစိုးရကဆိုသည်။
ဧရာဝတီတိုင်းဒေသကြိးတွင် လူဦးရေ ခြောက်သန်းကျော် နေထိုင်လျှက်ရှိရာ ခုနစ်ဆယ်ရာခိုင်နှန်းမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်သူများဖြစ်သည်။
  မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခေါ်ဆိုကြသော ဧရာဝတီတိုင်း ဒေသကြီး၏ လယ်ယာမြေများ ရောင်းချမှုကိုလယ်မဲ့ ယာမဲ့ ဖြစ်ပေါ်လာမှုများသည်  မြန်မာနိုင်ငံအနေဖြင့် ဆန်စပါးနှင့် ကောက်ပဲသီးနှံ ရှားပါးမှုများ ဖြစ်ပေါ်လာနိုင်သည် ဟု စိုက်ပျိုးရေး ပညာရှင်အချို့က သုံးသပ်ပြောဆိုနေကြသည်။
မျိုးမင်းပိုင်
No comments:
Post a Comment