Latest News

Friday, January 5, 2018

၂ဝ၁၇ ခုနှစ်အတွင်း မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၁ သိန်းကျော် ဖမ်းဆီးနိုင်ခဲ့

၂ဝ၁၇ ခုနှစ်အတွင်း မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၁ သိန်းကျော် ဖမ်းဆီးနိုင်ခဲ့


မောင်တော ဇန်နဝါရီ ၅

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၁၁ သိန်းကျော်အထိ ဖမ်းဆီးနိုင်ခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ကျွန်တော်တို့ မောင်တောမြို့နယ် မှာ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ လမှ ဒီဇင်ဘာလအထိ မူးယစ်ဆေးဝါး အမှုပေါင်း ၂၇ မှုမှာ စိတ်ကြွှရူးသွပ် ဆေးပြား အမှုက ၂၅ မှု ဖြစ်ပြီး ဆေးခြောက် အမှု နှစ်မှု ဖြစ်ပါတယ်''ဟု မောင်တောမြို့ မူးယစ်တပ်ဖွဲ့စု-၄၆ မှ ခေတ္တတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ဇော်ဝင်း က ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို မောင်တောမြို့နှင့် အနီးပတ်ဝန်းကျင် ဒေသများတွင် လမ်းကြောင်းပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် ဘူးသီးတောင်မြို့နယ်တွင်လည်း သတင်း ပေးများ၊ သတင်းရရှိမှုအပေါ်တွင် မူတည် ပြီး နေအိမ်များ၊ မော်တော်ယာဉ်လမ်း ကြောင်းများတွင် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံတော်၏ မူးယစ် ဆေးဝါးပပျောက်ရေး ရည်မှန်းချက်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြ၎င်းက ထပ်လောင်းပြောကြားသည်။

မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များအတွင်း ၂ဝ၁၇ ခုနှစ် ဇန်န ဝါရီလမှ ဒီဇင်ဘာလအထိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၁၆၂၈၉၇ ပြား နှင့် ဆေးခြောက် ၁၂ ဒသမ ၂၅ ကီလိုဂရမ်တို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ယင်းတို့တွင် စိတ်ကြွရူးသွပ်ဆေးပြား အမှုဖြင့် အမျိုးသား ၃၆ ဦးနှင့် ဆေးခြောက်အမှုဖြင့် အမျိုးသား နှစ်ဦး စုစုပေါင်း ၃၈ ဦးကိုလည်း ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရ သည်။

ဘူးသီးတောင်၊ မောင်တောမြို့နယ် များသည် နယ်စပ်မြို့များဖြစ်သည့် အလျောက် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးကို ယခုအခါ အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ တားဆီး နှိမ်နင်းရေးကို မူးယစ်တားဆီးရေး တပ်ဖွဲ့များအပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကလည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်း-မြင့်မောင်၊ ဇေယျာဓာတ်ပုံ-နေဝင်းထွန်း(သတင်းစဉ်​)

No comments:

Post a Comment