Wednesday, January 31, 2018
ဘိုဘိုမင်းသိုက် လုပ်ကြံခံရမှု မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်မှု မရှိကြောင်း ဦးဇော်ဌေးပြောသည်ဟု ရိုက်တာတွင် သတင်းဖော်ပြ
နိရဉ္စရာ၊ ဇန်န၀ါရီ ၃၁
ဇန်န၀ါရီလ ၃၀ ရက်နေ့ ည ၅ နာရီကျော်က ပုဏ္ဍားကျွန်းမြို့နယ်အတွင်းရှိ သရက်ချိုနှင့် ယိုးငူအကြား ကားပေါ်တွင် ယခင် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး လုပ်ကြံသတ်ဖြတ်ခံရမှုမှာ မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်မှု မရှိကြောင်း အစိုးရ ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောသည်ဟု ရိုက်တာတွင် သတင်းဖော်ပြထားသည်။
ပုဂ္ဂိုလ်ရေး အာဃာတကြောင့် သတ်ဖြတ်ခြင်းဖြစ်ပြီး ၎င်းသတ်ဖြတ်မှုမှာ ဒေသအတွင်း ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်မှု မရှိကြောင်း ရဲက ယူဆထားသည်ဟု ဦးဇော်ဌေးက ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။
Reuters မှ အောက်ပါသတင်းတွင် ရေးသားထားခြင်းဖြစ်သည်။
Myanmar official in charge of troubled town stabbed to death
Police were treating the death of Bo Bo Min Theik as a case of personal enmity and it was not related to the violence in the region, said Zaw Htay, a government spokesman.
Narinjara
https://www.facebook.com/Narinjara
ဘိုဘိုမင်းသိုက် လုပ်ကြံခံရမှု မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်မှု မရှိကြောင်း ဦးဇော်ဌေးပြောသည်ဟု ရိုက်တာတွင် သတင်းဖော်ပြ
Reviewed by timeayeyar
on
5:37 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment