Wednesday, January 31, 2018
ကျောက်ဆည်မြို့ တွင် လူသတ်မှုဖြစ်ပွား
ကျောက်ဆည် - ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၊ ဈေးတန်းရပ်ကွက် စားသောက်ဆိုင် တစ်ဆိုင်တွင် ဇန်နဝါရီ(၃၀)ရက်၊ ည(၉)နာရီခွဲ အချိန့်က အရက်မူးစကားများရာမှ ဓားထိုးမှု ဖြစ်ပွားရာ လူတစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကျောက်ဆည်မြို့နယ်၊ မြေစိုအုပ်စု၊ ပါယ်လေးဆယ်ကျေးရွာနေ ဖိုးသား(ခ)မင်းသီရိအောင် ၊ ဖိုးသဲ(ခ)အေးချမ်းမောင်နှင့် အောင်စိုးမိုးတို့သည် ကျောက်ဆည်မြို့ဈေးတန်းရပ်ကွက်ရှိ ဓလင်းလင်းဓ စား သောက်ဆိုင်တွင် အရက်အတူသောက်နေစဉ် ၎င်းဆိုင်သို့ကျောက်ဆည်မြို့၊ မြင်စိုင်ရပ်တွင် နေထိုင်သော(ဘ)ဦးအောင်ဝင်း၏သား ယာဉ်မောင်းအလုပ်လုပ်နေသည့် ရဲအောင်(၂၈)နှစ်ရောက်ရှိလာပြီး စကားများကြရာ လက်လွန်ခြေလွန်ဖြစ်မည် စိုးသဖြင့် ဆိုင်ရှင်မှ ရဲအောင်အား ပြန်သွားရန်ပြောသော်လည်း ရဲအောင်မှ ပြန်မသွားဘဲ ဆက်လက်စကားများနေကြပြီး ရဲအောင်မှအသင့်ပါလာသော အရိုးအသွား(၉)လက်မခန့်ရှိဓါးဖြင့် ထိုးခုတ်သဖြင့် ၊ ဖိုးသား(ခ)မင်းသီရိ အောင်၏ ယာဘက်ရင်အုံထိုးသွင်းဒါဏ်ရာ(၁)ချက်၊ အောင်စိုးမိုး၏ ဝဲဘက်လက်ဝါးစောင်း ပြတ်ရှဒဏ်ရာနှင့် နောက်ကျောပြင်ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဖိုးသဲ (ခ)အေးချမ်းအောင်တွင် ဘယ်ဘက်လက်မောင်း ပြတ်ရှဒဏ်ရာ များရရှိခဲ့ကြောင်းသိရှိရသည်။
ထိုသို့ဒဏ်ရာများ အသီးသီးရရှိခဲပြီး ဖိုးသား(ခ)မင်းသီရိမှာ ရရှိသော ဓါးဒဏ်ရာဖြင့် နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရှိရပြီး မြို့မရဲစခန်းမှ ရဲအောင်အား အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျောက်ဆည်မြို့ တွင် လူသတ်မှုဖြစ်ပွား
Reviewed by timeayeyar
on
5:34 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment