Latest News

Thursday, January 4, 2018

ကင်ဆာရောဂါကို တားနိုင်သည့် စားစရာများ


၎င်းစားစရာများမှာ သွေးကြောသစ်များတည်ဆောက်ခြင်းကိုတားမြစ်နိုင်စွမ်း ( anti-angiogenesis properties ) ပါရှိကြပါသည် ။
သွေးကြောသစ်များ တည်ဆောက်ခြင်း (Angiogenesis ) သည် မွေးကင်းစခလေးများတွင် အရေးကြီးလုပ်ငန်းဖြစ်သလိုအရွယ်ရောက်လူကြီးများ ထိခိုက်ဒဏ်ရာရသောအခါ အနာကျက်စေရန်အရေးပါသော
လုပ်ငန်းဖြစ်ပါသည် ။
ကင်ဆာဆဲလ်များက ကင်ဆာတွင်းမှာ အဟာရဓါတ်ရစေရန် အတွက်သွေးကြောပွားခြင်းကို အားပေးသည့်ဓါတ် ထုတ်လုပ်နိုင်စွမ်း ရှိကြပါသည် ။
ထိုသို့ သွေးကြောများ ပွားများအောင်လုပ်ခြင်းဖြင့် ကင်ဆာကြီးမားလာသလိုသွေးကြောများကတဆင့်
ပြန့်နှံ့သွားစေနိုင်ပါသည် ။
သွေးကြောသစ်များပွားများခြင်းကို တားမြစ်သည့် (inhibitors of angiogenesis )သတ္တိရှိသည့် စားစရာများမှာ-
ခရမ်းချဉ်သီး
လိုင်ကိုပင်း Lycopene ဓါတ်က ဆီးကြိတ်ကင်ဆာဖြစ်ပွားမှုကို ၅၀% လျော့ကျ
စေပါသည် ။
ခရမ်းချဉ်သီးကို ချက်ပြုတ်သည့်အခါ လိုင်ကိုပင်းဓါတ် ပိုမိုတိုးပွားလာပါသည် ။
နနွင်း
သွေးကြောများပွားခြင်းကို တားမြစ်သလို အဆီများကိုလည်းလျော့စေပါသည် ။
ဝိုင်အနီ
ဝိုင်နီတွင် resveratrol ခေါ် အင်တီအောက်ဆီဒင့်ဓါတ် ပါဝင်ပါသည် ။
၎င်းက သွေးကြောပွားခြင်း ၊ ဓါတ်ရောင်ခြည်သင့်၍ DNA ပျက်ဆီးခြင်းကို
ပြင်ပေးခြင်း ၊ ဘက်တီးရီးယားများကို သေစေခြင်း ၊ကင်ဆာကာကွယ်ခြင်း
သတ္တိများရှိပါသည် ။
Resveratrol ကို နေ့စဉ် သောက်သုံးရပါမည် ။
Bordeaux and Pinot Noir ဝိုင်တွင် ၎င်းဓါတ် ပိုမိုပါရှိသည်ဆိုပါသည် ။
ရေနွေးကြမ်း နှင့် ကော်ဖီ
ရက်စ်ဘယ်ရီ ၊ ဘလူးဘယ်ရီ
ချော့ကလက်အမည်း
တို့တွင်လည်း ကင်ဆာကာကွယ်သတ္တိများ ရှိကြပါသည် ။
.
ကျန်းမာချမ်းသာကြပါစေခင်ဗျာ
ဒေါက်တာမြင့်သိန်း
5/1/2017









No comments:

Post a Comment