မန္တလေး ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး တိရ္ဆာန် ဥယျာဉ် (ရတနာပုံ) မှ လက်ခံရရှိထား သည့် လင်းယုန်ငှက်တစ်ကောင်ကို ဇန်န ဝါရီ ၂၈ ရက်က ဘေးမဲ့ပြန်လည်လွှတ်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါလင်းယုန်ငှက်ကို ၂ဝ၁၇ခုနှစ် ဒီဇင်ဘာ ၆ ရက်က မင်းကင်းမြို့နယ် သာစည်ကျေးရွာ၏အပြင်ဘက် ကောက် ရိုးပုံပေါ်မှ ရွာသားတစ်ဦးက ဖမ်းဆီးရမိပြီး သစ်တောဦးစီးဌာနသို့ ပို့ဆောင်အပ်နှံ ပေးခဲ့သည်။ မင်းကင်းသစ်တော ဦးစီး ဌာနမှတစ်ဆင့် ဒဏ်ရာများရရှိထား သည့်လင်းယုန်ငှက်ကိုတိရ္ဆာန် ဥယျာဉ် (ရတနာပုံ)သို့ ဆက်လက်ပို့ ဆောင်ကုသ ပေးခဲ့သည်။
ယင်းလင်းယုန်ငှက်ကို တိရ္ဆာန် ဆေးကုဆရာဝန်များက ဒဏ်ရာ များကုသပေးပြီး သက်သာပျောက်ကင်း ၍ ပျံသန်းနိုင်သည့် အနေအထားသို့ ရောက်ရှိပြီဖြစ်သောကြောင့် တိရ္ဆာန် ဥယျာဉ် (ရတနာပုံ) အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းအောင် ဦးဆောင်၍ တိရ္ဆာန် ဆေးကုဆရာဝန်၊ တိရ္ဆာန်ကြီးကြပ်ရေး အဖွဲ့တို့က မတ္တရာမြို့အလွန် ရက်ကန်း စင်တောင်သို့ ဇန်နဝါရီ ၂၈ ရက်က သွားရောက် ဘေးမဲ့လွှတ်ပေးခဲ့သည်။
အဆိုပါ လင်းယုန်ငှက်သည် အလေး ချိန် ၁ ပိဿာ ၅ဝ ကျပ်သားခန့် အမြင့် ၁ပေ ၆လက်မ၊ ဝဲဘက်ခြေထောက်ခြေ ချင်းဝတ်၌ ORNITH. LAB/ BIOL/ MONGOLIA 272 ပါရှိ သည့် သတ္တုခြေကွင်းတပ်ဆင်ထားပြီး ခန္ဓာကိုယ်တွင် ခရမ်းရောင်ဖဲကြိုးဖြင့် စည်းနှောင်ထားသည့် မျက်နှာပြင်၌mwb 1605 / Weight Approx. 72 case Material စသည့် စာတန်းများပါသည်။ အလျား သုံးပေ၊ အနံတစ်ပေ ၅လက်မ၊ အထူ ဝ ဒသမ ၅ အရွယ်ရှိဆိုလာပြားပါး အဖြူရောင် ကိရိယာ တစ်ခုကို တပ်ဆင်ထားကြောင်း သိရသည်။ဟိန်းထက်ဇော်(မြန်မာ့အလင်း)
No comments:
Post a Comment