တရုတ်နိုင်ငံသား ခရီးသည်နှစ်ဦးမေ့ကျန်ခဲ့သည့် ကျောပိုးအိတ်အား
အငှားယာဉ်မောင်းမှပြန်လည်အပ်နှံပေး သဖြင့် ရဲတပ်ဖွဲ့ဝင်များက
ခရီးသည်ထံ ပြန်လည်အပ်နှံ
ရန်ကုန်၊ ဇန်န၀ါရီ ၂၉
၂၈.၁.၂၀၁၈ ရက်နေ့ နံနက် ၆နာရီအချိန်တွင် တရုတ်နိုင်ငံသားနှစ်ဦးသည် မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းမှ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားသို့အငှားယာဉ်တစ်စီးအားငှားရမ်းစီးနင်းခဲ့ပြီး ၎င်းယာဉ်ပေါ်၌ကျောပိုးအိတ်အဖြူရောင်တစ်လုံးမေ့ကျန်ခဲ့ကြောင်းကို နံနက် ၉ နာရီခွဲအချိန်တွင် ကျောက်တံတားမြို့မရဲစခန်းသို့ အကြောင်းကြားလာသဖြင့်ကျောက်တံတားမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့ထံ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းစုံစမ်း ရှာဖွေပေးရန် ထပ်မံအကြောင်းကြားခဲ့ကြောင်း သိရသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတွင် ဖွင့်လှစ်ထားသော ၁၉၉ Call Centerမှတစ်ဆင့် လက်အောက်မြို့နယ်ရဲစခန်းများသို့ ချပြစုံစမ်းဆောင်ရွက်ခဲ့ရာနေ့လယ် ၂ နာရီအချိန်တွင် အဆိုပါ မော်တော်ယာဉ်မောင်းဖြစ်သူ ဦးကျော်သူရမှ အောင်မင်္ဂလာအဝေးပြေးဝင်းရှိ ရဲကင်းစခန်းတွင်ခရီးသည် နှစ်ဦးမေ့ကျန်ခဲ့သည့် ကျောပိုးအိတ်ကိုလာရောက်အပ်နှံပေးခဲ့ကြောင်းနှင့် အဆိုပါအိတ်အတွင်းပါရှိ ပစ္စည်းများအားစစ်ဆေးရာ Oppo လက်ကိုင်ဖုန်း(၁)လုံးနှင့်အားသွင်းကြိုး (၁)ခု၊ Bo Lon မျက်မှန်ဘူးပါ မျက်မှန် (၁)လက်၊ Sony ကင်မရာ (၁)လုံး၊ (၅)ထောင်ကျပ်
တန်ငွေစက္ကူ (၉)ရွက်၊ မလေးရှားငွေ(၁)ကျပ်တန်၊ (၅)ရွက်၊ မလေးရှာငွေ(၁၀)ကျပ်တန်(၃)ရွက်၊ ခေါက်ပိုက်ဆံအိတ်(၁)လုံး၊ PassPort စာအုပ် (၁)အုပ်၊ တရုတ်အကြွေစေ့ (၁)ကျပ်တန် (၁)ပြား၊ LG ဖုန်းအားသွင်းကြိုး(၁)ခု၊ မီးခြစ်ဆံဘူး(၂)ဘူး၊ Union Payအကြွေးဝယ်ကတ် (၁)ကတ်၊ဆေးလိပ်(၁)ဘူး၊ ပုတီး(၁)ကုံး၊ စာအုပ်သေး(၁)အုပ်၊ Samsung 23 Memory Card (၁)ခု၊ လက်သည်းညှပ် (၁)ခုပါရှိကြောင်း သိရသည်။
ထိုသို့ ပြန်လည်အပ်နှံပေးခဲ့သဖြင့် ကမ္ဘာလှည့်ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက တရုတ်နိုင်ငံသား Mr.Liu Qiang ထံအဆိုပါမေ့ကျန်ကျောပိုးအိတ်အား အငှားယာဉ်မောင်းဖြစ်သူရှေ့၌ ပစ္စည်းများကောင်းမွန်ပြည့်စုံစွာ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သတင်းရရှိသည်။
Yangon Police
Monday, January 29, 2018
တရုတ်နိုင်ငံသား ခရီးသည်နှစ်ဦးမေ့ကျန်ခဲ့သည့် ကျောပိုးအိတ်အား အငှားယာဉ်မောင်းမှပြန်လည်အပ်နှံပေး သဖြင့် ရဲတပ်ဖွဲ့ဝင်များက ခရီးသည်ထံ ပြန်လည်အပ်နှံ
တရုတ်နိုင်ငံသား ခရီးသည်နှစ်ဦးမေ့ကျန်ခဲ့သည့် ကျောပိုးအိတ်အား အငှားယာဉ်မောင်းမှပြန်လည်အပ်နှံပေး သဖြင့် ရဲတပ်ဖွဲ့ဝင်များက ခရီးသည်ထံ ပြန်လည်အပ်နှံ
Reviewed by Ar Ti
on
2:35 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment