Latest News

Monday, January 29, 2018

လုယက်မှုကျူးလွန် သူနှစ်ဦးအား ဖမ်းဆီးရမိ

လုယက်မှုကျူးလွန် သူနှစ်ဦးအား ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်န၀ါရီ ၃၀

လုယက်မှုကျူးလွန်ထားကြောင်း သတင်းရရှိထားသူနှစ်ဦးအား ဖမ်းဆီးရမိစစ်ဆေးရာမှ လုယက်မှု (၄)မှုနှင့် ခိုးမှု (၁)မှုဖော်ထုတ်နိုင်ခဲ့​ကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့မှ သတင်းထုတ်​ပြန်​ထားသည်​။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးထိရောက်စွာ
ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့၏အစီ
အမံဖြင့် ဆောင်ရွက်လျက်ရှိသည့်စီမံချက်အရ ခိုး၊ ဆိုး ၊လု ၊ နှိုက်မှု
ကျူးလွန်တတ်သူများ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသုံးစွဲသူများ၊  ပြည်သူလူထုအပေါ်အနိုင်ကျင့်ဗိုလ်ကျ အုပ်စုဖွဲ့ကျူးလွန်သူလူဆိုးလူမိုက်များ၊ ဒုစရိုက်မှုများ၊ ပြေး (၄)ပြေးများကို ဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ အနေဖြင့် အင်အားပြည့်ပိတ်ဆို့ဖမ်းဆီး အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်း
နှိမ်နင်းရေးဌာစုမှ တပ်ဖွဲ့ဝင်များသည် ၂၃.၁.၂၀၁၈ရက်နေ့က နယ်မြေအတွင်း သတင်းစုံစမ်းဆောင်ရွက်စဉ် ခိုးမှုနှင့် လုယက်မှုများကျူးလွန်ထားသူ ဟိန်းခန့်ဇော်၊ (၁၇)နှစ်နှင့် ဖြိုးညီညီမင်း၊ (၁၇)နှစ်တို့နှစ်ဦးမှာ ၎င်းတို့နေထိုင်ရာ သန်လျင်မြို့နယ်ရှိ နေအိမ်များသို့ရောက်ရှိနေကြောင်းသတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များကသွားရောက်ဖမ်းဆီးခဲ့ရာ အဆိုပါ သတင်းရရှိထားသူနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့မှ သတင်းထုတ်​ပြန်​ထားသည်​။

ဖမ်းဆီးရမိသူ ဟိန်းခန့်ဇော်နှင့် ဖြိုးညီညီမင်းတို့အား စစ်ဆေးရာ
၎င်းတို့သည် ရဲရင့်(ခ)သန့်ဇင်လှိုင်(စုံစမ်းဆဲ)၊ အငယ်ကောင်(စုံစမ်းဆဲ)၊ ကိုရဲ(စုံစမ်းဆဲ)၊ ဘိုဘို(စုံစမ်းဆဲ)၊ ကုလား(စုံစမ်းဆဲ)တို့နှင့် အတူ ၂၀၁၇ခုနှစ်၊ စက်တင်ဘာလအတွင်းက သန်လျင်မြို့နယ်၊ (၁၈)ကုန်းထိပ်အနီး လမ်းလျှောက်နေသူ အမျိုးသားနှစ်ဦးထံမှ Kenbo လက်ကိုင်ဖုန်း တစ်လုံးကိုလုယက်ခဲ့ကြောင်း၊ နိုဝင်ဘာလအတွင်းက ကျောက်တန်းမြို့နယ်၊ MITT ဆိပ်ကမ်းလမ်းပေါ်တွင် လမ်းမပေါ်တွင်ရပ်ထား သောဆီဘောက်ဆာယာဉ်ပေါ်မှ Honor လက်ကိုင်ဖုန်းအား ခိုးယူခဲ့ကြောင်းနှင့် ၎င်းနေရာ၌ပင်
လမ်းလျှောက်နေသူအမျိုးသားတစ်ဦးထံမှ MI လက်ကိုင်ဖုန်းတစ်လုံး၊
သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ (၁၈)ကုန်းထိပ်တွင်
လမ်းလျှောက်နေသူ အမျိုးသား(၃)ဦးထံမှ Samsungလက်ကိုင်ဖုန်းတစ်လုံးနှင့် ရေကြောင်းတက္ကသိုလ်လမ်းဆုံအနီး လမ်းလျှောက်နေသူ အမျိုးသား တစ်ဦးထံမှလည်း Huawei လက်ကိုင်ဖုန်းတစ်လုံးတို့အားလုယက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ဟိန်းခန့်ဇော်နှင့် ဖြိုးညီညီမင်းတို့အား သက်ဆိုင်ရာရဲစခန်းများတွင်
လုယက်မှု၊ ခိုးမှုများဖြင့် အမှုဖွင့်ကာအရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့်ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ပြီး လွတ်မြောက်နေသူ ရဲရင့်(ခ)သန့်ဇင်လှိုင်ပါ (၅)ဦးတို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့မှသတင်းထုတ်​ပြန်​ထားသည်​။

ပိုတို - ရန်​ကုန်​တိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့

No comments:

Post a Comment