Latest News

Monday, January 29, 2018

ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ကျင်းပ

စစ်တွေ  ဇန်နဝါရီ  ၂၉

ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် အရေးပေါ်အစည်းအဝေး (၂/၂ဝ၁၈)ကို  ယနေ့နံနက် ၁ဝ နာရီက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်  မြောက်ဦးမြို့ဖြစ်စဉ်နှင့်ပတ်သက်၍  စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေး မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂ဝ၊ ကန့်ကွက်မဲ ၁၆ မဲ၊ ကြားနေမဲ လေးမဲဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။

ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ရခိုင်ပြည်နယ်အတွင်းရှိ  ဌာနဆိုင်ရာများ၏   အထွေထွေပိုလျှံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ၊ ခေါင်းစဉ်ပြောင်းလဲ ဆောင်ရွက်မည့် လုပ်ငန်း များ၊ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေမှ ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လွှတ်တော်တွင် ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ် လွှတ်တော်မှ အတည်ပြုပေးခဲ့ကြောင်း သိရသည်။ ဟန်လင်းနိုင်(​ကြေးမှုံ)

No comments:

Post a Comment