Latest News

Monday, January 29, 2018

အိမ်ရှင်မရှိခိုက် ငွေကျပ်သိန်း ၁၅ဝ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ခိုးယူမှုဖြစ်ပွား

အိမ်ရှင်မရှိခိုက် ငွေကျပ်သိန်း ၁၅ဝ ကျော်တန်ဖိုးရှိ
ရွှေထည်ပစ္စည်းများ ခိုးယူမှုဖြစ်ပွား


မိုးကောင်း    ဇန်နဝါရီ    ၂၉

ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဇန်နဝါရီ ၂၈ ရက် ည ၁ဝ နာရီခန့်က အိမ်ရှင်မရှိခိုက် ငွေကျပ် သိန်း ၁၅ဝ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း နယ်မြေ ရဲစခန်းမှ သိရသည်။

 ဖြစ်စဉ်မှာ မိုးကောင်းမြို့ ကျွန်းတောရပ် အုပ်စု(၉)နေ ဦးမျိုးဝင်းသန့်(၄၂)နှစ်သည် ထိုညက ဇနီးနှင့်သမီးဖြစ်သူတို့ နှီးဘုရားပွဲသို့သွားနေစဉ် ¤င်းမှာလည်း ထီးချိုင့်မြို့တွင်  ဖွင့်လှစ်ထားသည့်  ဆိုင်သို့သွားရန် နေအိမ်တံခါးများကို သော့ခတ်ခြင်းမပြုဘဲ  ခြံဝင်းတံခါးကိုသာ  သော့ခတ်ပြီး သော့တံအား ခြံတံခါး တွင် ချိတ်ဆွဲထားကာ ကားဖြင့်ထွက်ခွာသွားခဲ့ကြောင်း၊ ဇနီးနှင့်သမီးဖြစ်သူတို့ ဘုရားပွဲမှပြန်လာ၍ ပစ္စည်းများစစ်ကြည့်သောအခါ သေတ္တာအတွင်း ငွေကျပ် သိန်း ၁၅ဝ ကျော်တန်ဖိုးရှိ  ရွှေထည်ပစ္စည်းထည့်ထားသည့်သေတ္တာမှာ ပျောက်ဆုံးနေပြီး အိမ်ရှေ့ခန်းဗီရိုအံဆွဲအတွင်းထည့်ထားသည့် ငွေကျပ် ၃ဝဝဝ နှင့် ဖုန်းနံပါတ်ပါ Compex ဖုန်းဟန်းဆက်တစ်လုံးတို့ ပျောက်ဆုံးနေကြောင်း သိရှိရ၍ ဇန်နဝါရီ ၂၉ ရက်တွင် မိုးကောင်းမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ ကြောင်း သိရသည်။                                  ဝင်းနိုင်(ကချင်မြေ)​ကြေးမှုံ

No comments:

Post a Comment