Latest News

Monday, January 15, 2018

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်မည့် လာအိုဝန်ကြီးချုပ်နှင့် ဇနီးတို့၏ ကိုယ်ရေးအကျဉ်း

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်မည့်
လာအိုဝန်ကြီးချုပ်နှင့် ဇနီးတို့၏ ကိုယ်ရေးအကျဉ်း

မစ္စတာ ထောင်လွန်းဆီဆုလစ်ကို ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌  မွေးဖွားခဲ့ပါသည်။  ၎င်းသည်  ၁၉၆၂ ခုနှစ် တွင်  ဟုန်ဖန်းပြည်နယ် ပီဒါဂိုဂီကောလိပ်တွင် တက်ရောက်သင်ကြားခဲ့ပါသည်။ ထို့နောက် စိန့်ပီတာစဘတ်မြို့  ဂါဇန် ပီဒါဂိုဂီ တက္ကသိုလ်မှ ဘာသာစကားနှင့် စာပေဆိုင်ရာမဟာဘွဲ့ကို လည်းကောင်း၊ မော်စကိုမြို့၊ လူမှုရေးသိပ္ပံ  အကယ်ဒမီမှ နိုင်ငံတကာဆက်ဆံရေးသမိုင်းဘာသာရပ်ဖြင့် ပါရဂူဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပါသည်။

မစ္စတာ ထောင်လွန်းဆီဆုလစ်သည် ၁၉၆၇ ခုနှစ်တွင် ဟုန်ဖန်းပြည်နယ်  လာအိုအမျိုးသား မျိုးချစ်တပ်ဦး (Lao National Patriotic Front) ၏ပညာရေးဌာနတွင် အဆင့်မြင့်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၉ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ လာအို အမျိုးသားမျိုးချစ်တပ်ဦး ကိုယ်စားလှယ်ရုံး၏ အဆင့်မြင့်အရာရှိအဖြစ်လည်းကောင်း၊ ဗီယင်ကျန်းတက္ကသိုလ်၌ ပါမောက္ခအဖြစ်လည်းကောင်း၊ ပညာရေးဝန်ကြီး ဌာန ပြည်ပဆက်ဆံရေးဌာနခွဲ၏ ညွှန်ကြားရေးမှူးနှင့် ပညာရေးဝန်ကြီး၏ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဝန်ကြီးချုပ်ရုံး ပြည်သူ့သုတေသနဌာန ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်း ဆောင်ခဲ့ပါသည်။

မစ္စတာ ထောင်လွန်းဆီဆုလစ်သည် ၁၉၈၇ ခုနှစ်မှ ၁၉၉၂ ခုနှစ်ထိ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း၊ ၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်ထိ အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း၊ ၁၉၉၇ ခုနှစ်မှ ၂ဝဝ၁ ခုနှစ်ထိ လာအိုနိုင်ငံ အမျိုးသားလွှတ်တော်၏ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးရာကော်မတီ၏ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂ဝဝ၁ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်ထိ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌနှင့်  ဒုတိယဝန်ကြီးချုပ်၊ ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ လာအိုအမျိုးသားစွမ်းအင် ကော်မတီဥက္ကဋ္ဌ၊ လာအိုနိုင်ငံ အမျိုးသားလွှတ်တော်၏အဖွဲ့ဝင်အဖြစ်လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့ ပါသည်။ ထို့နောက် မစ္စတာ ထောင်လွန်းဆီဆုလစ်သည် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါသည်။

မစ္စတာ ထောင်လွန်းဆီဆုလစ်သည် ၂ဝ၁၆ ခုနှစ်တွင် လာအိုနိုင်ငံ၏ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါသည်။

မစ္စတာ ထောင်လွန်းဆီဆုလစ်သည် မစ္စ နယ်လီ ဆီဆုလစ်နှင့်  အိမ်ထောင်ပြုခဲ့ပြီး  သားသမီးသုံးဦး ထွန်းကားခဲ့ပါသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ  ဝန်ကြီးချုပ်၏ ဇနီး မစ္စစ်   နယ်လီ ဆီဆုလစ်၏ ကိုယ်ရေးအကျဉ်း

မစ္စစ် နယ်လီ ဆီဆုလစ် ကို ၁၉၅ဝ ပြည့်နှစ် အောက်တိုဘာလ ၁ဝ ရက်နေ့တွင် လာအိုနိုင်ငံ  ရှန်းခုန်ဒေသ၌ မွေးဖွားခဲ့ပါသည်။ မစ္စစ် နယ်လီ ဆီဆုလစ်သည် လာအိုနိုင်ငံ  ပီဒါဂိုဂီ တက္ကသိုလ်မှ  ဘာသာစကားနှင့် စာပေဆိုင်ရာ ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့ပါသည်။

မစ္စစ် နယ်လီ ဆီဆုလစ်သည် ၁၉၇၅ ခုနှစ် မတိုင်မီအထိ  ပီဒါဂိုဂီ ကောလိပ်၌ ဆရာမအဖြစ်လည်းကောင်း၊ ၁၉၇၅ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ဗီယင်ကျန်းမြို့ ပီဒါဂိုဂီ တက္ကသိုလ်၌ ပါမောက္ခအဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၁၉၇၈ ခုနှစ်မှ ၁၉၉၂  ခုနှစ်အထိ ဆရာအတတ်သင်ဌာနနှင့် လာအိုအမျိုးသမီးရေးရာအဖွဲ့ချုပ် ဗဟိုတို့၌ အဆင့်မြင့်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

  မစ္စစ် နယ်လီ ဆီဆုလစ်သည် လာအိုနိုင်ငံအကြီးအကဲ ဇနီးများအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင်နှင့်  အဆင့်မြင့် အမျိုးသမီးအရာရှိအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ကြေးမှုံ

No comments:

Post a Comment