Latest News

Saturday, January 13, 2018

မိုးကောင်းမြို့တွင် ဖခင်အားသတ်ပြီး တိမ်းရှောင်နေတဲ့ သားဖြစ်သူအား ဖမ်းဆီးမိ

မိုးကောင်းမြို့တွင် ဖခင်အားသတ်ပြီး တိမ်းရှောင်နေသော သားဖြစ်သူအား နေအိမ်သို့ပြန်လာစဉ် ဖမ်းဆီး
မိုးကောင်း - ဇန်နဝါရီ ၁၃

ကချင်ပြည်နယ် မိုးကောင်းမြို့ နတ်ကြီးကုန်းရပ် ရုံးဟောင်းအုပ်စုတွင် ၂၀၁၇ခုနှစ် နိုဝင်ဘာလက လူသတ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသူအား ဇန်နဝါရီ၁၂ရက် နံနက်ပိုင်းက နေအိမ်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ယမန်နှစ် နိုဝင်ဘာလက မိုးကောင်းမြို့ နတ်ကြီးကုန်းရပ် ရုံးဟောင်းအုပ်စုတွင် သားအဖခြင်းစကားများရာမှ ဖခင်ဖြစ်သူအား ဓားဖြင့်ထိုး၍ ဖခင်ဖြစ်သူသေဆုံးပြီး ထွက်ပြေးတိမ်းရှောင်နေသူ နော်ဒင်း(ခ)နော်နော်(၁၇)နှစ်သည် ၎င်း၏နေအိမ်တွင်ရောက်ရှိနေကြောင်း သတင်းရရှိ၍ မြို့မရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်ဖမ်းဆီးခဲ့ပြီး သက်သေခံပစ္စည်းအဖြစ် အခင်းဖြစ်စဉ်က အသုံးပြုပြီးလွှင့်ပစ်ထားခဲ့သည့် ဓားအားကျွန်းတောတံတားအောက်တွင် သက်သေများနှင့်သိမ်းဆည်းကာ နော်ဒင်း(ခ)နောနော်အား မိုးကောင်းမြို့မရဲစခန်းတွင် အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment