Latest News

Thursday, December 21, 2017

YBS ဘတ်စ်ကားမှတ်တိုင်ပေါင်း ၂၅ဝ အဆင့်မြှင့်တင်ရန် FMI ကုမ္ပဏီကို ရွေးချယ်ထား

YBS ဘတ်စ်ကားမှတ်တိုင်ပေါင်း ၂၅ဝ အဆင့်မြှင့်တင်ရန် FMI ကုမ္ပဏီကို ရွေးချယ်ထား

ရန်ကုန်  ဒီဇင်ဘာ  ၂၁

ရန်ကုန်မြို့၌  ပြေးဆွဲလျက်ရှိသော YBS ဘတ်စ်ကား မှတ်တိုင်ပေါင်း  ၂၅ဝ  ကို  အဆင့်မြှင့်တင်ရန် FMI ကုမ္ပဏီ အားရွေးချယ်ထားပြီး စာချုပ်ချုပ်ဆိုနိုင်ရေး ညှိနှိုင်းလျက်ရှိကြောင်း   ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ   အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ သိရသည်။

အဆင့်မြှင့်တင်မှုအနေဖြင့်  ပြည်လမ်း၊ ဘုရင့်နောင်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊  လမ်းသစ်လမ်း၊ ခရေပင်လမ်း၊ ဗဟိုလမ်း စသည့် လမ်းများရှိ   ဘတ်စ်ကားမှတ်တိုင် ပေါင်း ၂၅ဝ ကို အဆင့်မြှင့်တင်ရန် တင်ဒါ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရွေးချယ်ခံထားရသည့် ကုမ္ပဏီမှ စာချုပ်ချုပ်ဆိုသည့် ကာလ၊ စိုက်ထုတ်ရမည့် အရင်းအနှီး၊ ပြန်လည်ရရှိမည့် အကျိုးအမြတ်၊ ငှားရမ်းရမည့် ကာလများကို ချိန်ဆ၍ ဆွေးနွေးလျက် ရှိကြောင်း၊ နောက်ဆုံးစာချုပ်ချုပ်ဆိုပြီး လုပ်ငန်းစတင်မှုကို ပြုလုပ်မည်ဖြစ်ရာ  လာမည့်နှစ်အတွင်း စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ YBS ဘတ်စ်ကားမှတ်တိုင်ပေါင်း ၂ဝဝဝ ကျော် ရှိသည့်အနက်မှ မှတ်တိုင်ပေါင်း ၂၅ဝ အား E စနစ်ကျင့်သုံးပြီး သတင်းအချက်အလက်များ ပေးနိုင်သော   ဘတ်စ်ကားမှတ်တိုင်များအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်မည်ဖြစ်သည်။

YBS ယာဉ်လိုင်းစနစ်တွင် GPS စနစ်၊ Traffic Control Center နှင့် ဖိုက်ဘာကွန်ရက်  ချိတ်ဆက်ဆောင်ရွက်မည့် စနစ်များ ပါဝင်မှုအတွက်  ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment