Latest News

Sunday, December 3, 2017

Ministry of Health & Family Welfare က Director General of Health Services ဖြစ်တဲ့ ပါမောက္ခဒေါက်တာ အဘူ ကာလမ် အဇက် နဲ့တွေ့ဆုံခြင်း

This undated photo from UNICEF website shows Prof Azad giving a brief on how ICT applications are improving the coverage and quality of health services. 

ဘင်္ဂလားဒေ့ရှ်က ရိုဒုက္ခသည် စခန်းကို ကျန်းမာရေးကိစ္စ တာဝန်ယူကွပ်ကဲနေတဲ့ Ministry of Health & Family Welfare က Director General of Health Services ဖြစ်တဲ့ ပါမောက္ခဒေါက်တာ အဘူ ကာလမ် အဇက် နဲ့ တွေ့ရပါတယ်။
.
အီမိုးရှင်းတွေနိုင်သလောက်ထိန်းပြီး ပြဿနာကို ဖြေရှင်းရေးသာ အဓိကဆိုတဲ့ mindset နဲ့ အခန်းထဲကို ၀င်ဖို့၊ time & place အနေအထားအရ ခေါင်းစဉ်လွဲသွားနိုင်တဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းမျိုးကို ရှောင်ဖို့ ကိုယ့်ကိုကိုယ် ၂ ကြိမ်လောက် သတိပေးပြီးမှ အခန်းထဲကိုဝင်ပါတယ်။ ကိုယ့်ကြောင့် မြန်မာကို ထပ်ပြီး အထင်သေးမခံရအောင် ပြုမူပြောဆိုဖို့လည်း ကိုယ့်ကိုကိုယ်ကြိုတင် ဆုံးမပါတယ်။
.
ဘာဦးတည်ချက်တွေနဲ့ အခန်းထဲဝင်မလဲဆိုတာလည်း ကိုယ့်ဘာသာ ကြိုတင်သတ်မှတ်ပါတယ်။ ကျွန်တော့်အနေအထားအရ ကျွန်တော်လုပ်နိုင်တာ ၂ ချက်ပါပဲ။ (၁) သူ့ရပ်တည်ရာကို အကဲခတ်မယ် (၂) သူဘာဆက်လုပ်မလဲ ဆိုတာကို ရသလောက် ခန့်မှန်းမယ် ဆိုတဲ့ ဦးတည်ချက် ၂ ခုကိုပဲ ချပါတယ်။
.
သူက presentation အရင်လုပ်ပါတယ်။ ပြီးမှ မေးမြန်းဆွေးနွေးမှုတွေ လုပ်ကြပါတယ်။
.
ရိုတွေဟာ မြန်မာဘက်ကဆိုတဲ့ စွဲကိုင်မှုကို တွေ့ပါတယ်။ Forcibly Displaced Myanmar Nationals in Bangladesh လို့ သုံးနှုန်းပါတယ်။ သူ့ Presentation ရဲ့ ခေါင်းစဉ်မှာကိုက အဲလိုပဲ သုံးပါတယ်။
.
သမိုင်းကြောင်းနဲ့ စပါတယ်။ ဒါပေမယ့် သူ့သမိုင်းက ဦးနေ၀င်းလက်ထက် ၁၉၇၇ ခုနှစ် နဂါးမင်း စစ်ဆင်ရေးက စပါတယ်။ အဲဒီထက် စောတဲ့ သမိုင်းကြောင်းတွေကိုတော့ တစ်လုံးတစ်ပါဒမှ ပြောဆိုသွားခြင်းမရှိပါဘူး။
.
ရိုတွေကို ဘင်္ဂလားဒေ့ရှ်ဘက်မှာ အကြာကြီး ထားချင်ပုံမရလို့ ခန့်မှန်းမိပါတယ်။ မြန်မာဘက်ကို ပြန်ပို့ချင်ပုံပါပဲ။
.
သူတို့ကို နေရာဒေသ ကန့်သတ်ချက်မထားဘဲ သွားလိုရာ သွားခွင့်ပေးထားတယ်လို့ ဆိုပါတယ်။ (သူပြောတာတဲ့အတိုင်း ပြန်ပြောတာပါ)
.
ရိုတွေရဲ့ ကလေးမွေးနှုန်းကိုလည်း သူတို့လည်း ခေါင်းကိုက်နေရပုံပေါ်ပါတယ်။ ဒါကို မှတ်မှတ်ရရ ထည့်ပြောပါတယ်။
.
အိတ်ခ်ျအိုင်ဗွီ၊ တီဘီ ပိုးရှိတဲ့သူတွေလည်း ပါလာတယ်လို့ ဆိုပါတယ်။ အဲဒီအတွက်လည်း ကျန်းမာရေးဝန်ဆောင်မှုတွေ လုပ်နေကြောင်း ပြောပါတယ်။
.
တစ်ခြား အထွေထွေ ကျန်းမာရေးလိုအပ်ချက်တွေအကြောင်းလည်း တင်ပြပါတယ်။ သူတို့လုပ်ထားတာတွေကိုလည်း စာရင်းအင်းတွေ၊ ဂရပ်ဖ်ပုံတွေနဲ့ တော်တော်လေး ပြည့်ပြည့်စုံစုံ တင်ပြပါတယ်။ very impressive ပါ။
.
သူပြောပြီးတော့ ကျန်တဲ့သူတွေက ၀ိုင်းဝန်းမေးမြန်းဆွေးနွေးကြပါတယ်။
.
ကျွန်တော်အလှည့်ရောက်တော့ ကျွန်တော်က ကျေးဇူးတင်ကြောင်း၊ အားထည့်ပြီး စနစ်တကျ လုပ်ဆောင်နေတာတွေကို ကွန်ဂရက်ကျူလိပ် လုပ်ပါကြောင်းနဲ့ အရင်စဖွင့်ပါတယ်။ ပြီးတော့ မေးမြန်းဆွေးနွေးမှုတွေ လုပ်ပါတယ်။
.
ရိုတွေဟာ မြန်မာဘက်က မဟုတ်ဘဲ၊ ဘင်္ဂလားဒေ့ရှ်ဘက်က အနွယ်ဖွားတွေလို့ ပြောဆိုနေသူတွေရှိတယ်။ အဲဒါကို ဘယ်လိုမြင်ပါသလဲလို့ မေးပါတယ်။ သူကတော့ Of course, they are wrong လို့ ပြန်ဖြေပါတယ်။ မျှော်လင့်ထားတဲ့အတိုင်း ကြားနေကျဖြစ်တဲ့ မြန်မာဘက်မှာနေထိုင်လာတာ မျိုးဆက် ၁ ခုမက ဘူးဆိုတဲ့အကြောင်းကိုပဲ စွဲကိုင်ပြီး ဖြေဆိုပါတယ်။
.
အဲဒီဘက်မှာ နေနေစဉ်ကာလအတွင်း ရိုမိသားစုတွေ နိုင်ငံတကာ အလှူကို မီခိုနေရတဲ့ဘ၀က လွတ်အောင် income generation လိုမျိုး လုပ်ဖို့အစီအစဉ်ရှိလားလို့ မေးပါတယ်။ လောလောဆယ် အစီအစဉ်မရှိပါ လို့ ဖြေပါတယ်။
.
ခင်ဗျားတို့ဘက်က ၀န်ဆောင်မှုတွေက သိပ်ကောင်းနေတော့ မြန်မာဘက်ကို ပြန်မလာချင်ရင် ဘယ်လိုလုပ်မလဲလို့ မေးပါတယ်။ ပြန်ကြမှာပါ။ လူဆိုတာ ကိုယ့်အိမ်ကို ပြန်ချင်ကြတာချည်းပဲလို့ သူက ဖြေပါတယ်။
.
ကျွန်တော် အဓိက ဆွေးနွေးတာကတော့ ဒုက္ခသည်တွေကို ဘယ်လို identify လုပ်သလဲ၊ ဘယ်လို ရေတွက်စာရင်းကောက်ထားသလဲဆိုတာပါပဲ။ လူအများကြီး ၀ုန်းကနဲရောက်လာတာကို ဘယ်လို ရေတွက်သလဲ၊ identification ကဒ်တွေ ဘာတွေ ပေးထားသလား၊ ခင်ဗျားတို့ လုပ်နေတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပြင်ဆင်လုပ်ဆောင်ရာမှာ အခရာ ကျတဲ့ denominator ကို ဘယ်က ရသလဲလို့၊ ဘယ်လိုကောက်သလဲလို့ မေးပါတယ်။ သူကတော့ ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး electronic voter registration စနစ်တွေထဲက တစ်ခုဖြစ်တဲ့အကြောင်း ခပ်ကြွားကြွားလေး ပြန်ဖြေပါတယ်။ လောလောဆယ်မှာတော့ အိမ်ထောင်စုစာရင်းကဒ်တွေ ထုတ်ပေးဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။ ဒုက္ခသည်တွေဟာ ပြန့်ကျဲနေတာ မဟုတ်ဘဲ စခန်းတွေထဲမှာ စုနေတဲ့အတွက် စာရင်းကောက်ရတာ သိပ်မခက်ဘူးလို့ ဆိုပါတယ်။
.
ကျွန်တော်က တစ်ဆင့်တက်ပြီး စာရင်းကောက်တဲ့အခါမှာ ဘယ်သူက ဘယ်သူဆိုတာ တိတိပပပြောနိုင်ဖို့ biometrics တွေ သုံးဖို့ ရှိသလားလို့ မေးပါတယ်။ သူက တစ်ချို့တွေကို လုပ်ထားပြီးသား ရှိတယ်လို့ ဆိုပါတယ်။ နောက်တိုးချဲ့ပြီး အားလုံးအတွက် လုပ်နိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ (ကျွန်တော်ဘာကြောင့် ဒီကိစ္စကို အစဆွဲထုတ်ရသလဲဆိုတော့ ရိုဟင်ဂျာပြန်ပို့ကြတဲ့အခါ identification မှာ biometrics ရဲ့ အရေးပါပုံကို တွက်ဆထားမိလို့ပါ။ ဒုက္ခသည်လက်လွှဲဖို့ပဲ ဖြစ်ဖြစ်၊ နောက်ကြောင်းလိုက်ဖို့ပဲ ဖြစ်ဖြစ်၊ ရှေ့ဆက်စောင့်ကြည့်ဖို့ပဲ ဖြစ်ဖြစ် biometrics က အရေးပါလာပါလိမ့်မယ်။ ဒီကိစ္စက သူတို့ဘက်က လုပ်မထားခဲ့ရင်လည်း လက်လွှဲတဲ့အခါ ကျွန်တော်တို့ဘက်က လုပ်ထားသင့်တဲ့ကိစ္စလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်)
.
ကျွန်တော်က မရပ်သေးဘဲ ခင်ဗျားပြောတဲ့ အဲဒီ biometrics လွှမ်းခြုံတိုးချဲ့မှုအတွက် timeline ရှိသလားလို့ နောက်ထပ်တစ်ဆင့်တက်ပြီး ထပ်မေးပါတယ်။ မရှိသေးဘူးလို့ ဖြေပါတယ်။
.
ကျန်းမာရေးကိစ္စနဲ့ တိုက်ရိုက်တော့ မသက်ဆိုင်ဘူး။ ဒါပေမယ့် သွယ်ဝိုက်ပြီးတော့ သက်ဆိုင်တယ်။ ဒီကိစ္စကို နိုင်ငံရေးနည်းအရ ဖြေရှင်းနိုင်မှုနဲ့ အလားအလာကို ခင်ဗျားအနေနဲ့ ပြောလို့ ရသလောက် ပြောနိုင်မလား (Could you please talk about it to the extent that you could comment? လို့ သုံးပြီး မေးပါတယ်)။ အဲဒီ မေးခွန်းကိုတော့ သူမဖြေဘဲ ရှောင်သွားခဲ့ပါတယ်။
.
နောက်ထပ် ကျွန်တော် သတိထားမိတဲ့ အချက်တစ်ချက်ကတော့ သူ့ပြောခဲ့ ဖြေခဲ့သမျှ တောက်လျှောက်မှာ သူတို့ ရရှိပြီးသားနဲ့ ရလတ္တံ့သော နိုင်ငံတကာအကူအညီတွေရဲ့ ပမာဏကို ထည့်သွင်းပြောဆိုခြင်းမရှိပါဘူး။
.
အဲဒီတစ်ချက်ရယ်၊ သူ့စကားအသွားအလာရယ်၊ တစ်ခြားသော အချက်တွေရယ် ထောက်ချင့်ပြီး သူဒီကို ဘာရည်ရွယ်ချက်နဲ့ လာတာလဲလို့ တွေးကြည့်ပါတယ်။ အဓိကက အလှူငွေရယ်၊ technical assistance ရယ် လိုချင်လို့ လာချိတ်ဆက်တယ်လို့ အဖြေထွက်ပါတယ်။ (ကျွန်တော်တွက်တာ မှားချင်လည်း မှားပါမယ်)
.
အားလုံးပြောပြီးဆိုပြီး ဆွေးနွေးပွဲလည်း ပြီးသွားတော့မှ ကျွန်တော်နောက်ဆုံးတစ်ခု ပြောခဲ့ပါတယ်။ ခင်ဗျား presentation မှာ နဂါးမင်းစစ်ဆင်ရေးမှာ တွဲပြခဲ့တဲ့ ဗိုလ်ချုပ် နေ၀င်းလို့ ခေါင်းစဉ်တပ်ထားတဲ့ပုံက ဦးနေ၀င်းပုံ မဟုတ်ဘူး။ ဦးသန်းရွှေပုံဖြစ်နေတယ်၊ နောင်အတွက် ခင်ဗျားပြင်နိုင်အောင် ပြောပြတာပါလို့ ပြောခဲ့ပါတယ်။ သူကလည်း ရယ်ကျဲကျဲနဲ့ အင်တာနက်က ရှာလာတာပါတဲ့။
.
အင်တာနက်ကို အယုံမလွယ်နဲ့။ အင်တာနက်ကို အယုံလွယ်ရင် လွဲတတ်တယ်ဆိုတာ သူလည်း နည်းနည်းတော့ သဘောပေါက်လောက်ပါရဲ့။
ထက်နေလင်းဦး
.
(တောင်းပန်ချက်။ ။ကျွန်တော့်အကောင့်ထဲမှာ ဟိုဘက်ဒီဘက် လူမျိုးစုံရှိတဲ့အတွက် တစ်ဖက်စောင်းနင်းဆန်လွန်းတဲ့၊ မြန်မာတွေကို ထပ်ပြီး ဗီလိန်ပုံပေါက်စေမယ့်၊ ရိုင်းစိုင်းတဲ့ ကွန်မန့်တွေ မပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ဖြစ်နိုင်ရင် မြန်မာလိုပဲ ရေးပါ။ Let's try to be part of the solution, not of the problem.)
https://www.facebook.com/htetnlo/posts/10155114955641409

No comments:

Post a Comment