Latest News

Sunday, December 3, 2017

ဒေတာအဟောင်းသုံးပြီး ဂျင်းထည့်နေချင်တဲ့သူတွေရဲ့ ထောင်ချောက်မမိအောင်


၂၀၁၇ မှာ မြန်မာပြည်ကျန်းမာရေး ကမ္ဘာ့အဆင့် ၁၉၀ ရောက်နေတယ်လို့ ဆိုပြီး ရေးနေကြတာတွေ့လို့ 
ဒါလေး ရေးလိုက်ပါတယ်။ အဲဒီလိုရေးနေတဲ့ သူအများစု ကိုးကားနေတဲ့ လင့် ၂ ခုက ဒီမှာပါ။
.
လင့် (၁) https://producaoindustrialblog.com/…/world-health-organiza…/
လင့် (၂) http://thepatientfactor.com/…/world-health-organizations-r…/
.
ပထမလင့်က ၂၀၁၇ ဇန်န၀ါရီ ၁၅ မှာ ရေးထားတာပါ။ ဒါပေမယ့် ဒုတိယလင့်ကို ကိုးကားပြီး ရေးထားတာပါ။ ဒုတိယလင့်က ပိုစ့်တင်တဲ့ ရက်စွဲမပါပေမယ့် အောက်က ကွန်မန့်တွေရဲ့ ရက်စွဲကို ကြည့်ရင် ၂၀၁၀ လောက်က ရေးထားတယ်လို့ ယူဆရပါတယ်။ ဒုတိယလင့်ကို ဆက်ဖတ်ကြည့်ရင် ဒုတိယလင့် ကိုးကားထားတာက လွန်ခဲ့တဲ့ ၁၇ နှစ် ကျော်က WHO က ထုတ်ပြန်တဲ့ report ဖြစ်ပါတယ်။
.
WHO က နှစ်စဉ်နှစ်တိုင်း World Health Report ဆိုပြီး ထုတ်ပါတယ်။ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ နှစ်စဉ်ထုတ်ခဲ့ပေမယ့် အဲဒီနောက်ပိုင်း ကြိုကြားကြိုကြားပဲ ထွက်ခဲ့ပါတယ်။ နောက်ဆုံး report က ၂၀၁၃ မှာပါ။ တစ်နှစ်နဲ့ တစ်နှစ် အကြောင်းအရာ theme မတူပါဘူး။
2013: Research for universal health coverage
2010: Health systems financing: The path to universal coverage
2008: Primary health care: Now more than ever
2007: A safer future: global public health security in the 21st century
2006: Working together for health
2005: Make every mother and child count
2004: Changing history
2003: Shaping the future
2002: Reducing risks, promoting healthy life
2001: Mental health: new understanding, new hope
2000: Health systems: improving performance
1999: Making a difference
1998: Life in the 21st century: a vision for all
1997: Conquering suffering, enriching humanity
1996: Fighting disease, fostering development
1995: Bridging the gap
.
အခု လူပြောများနေတဲ့ report ကို ၂၀၀၀ ခုနှစ်မှာ ထုတ်ခဲ့ပါတယ်။ နိုင်ငံတွေရဲ့ Health System Performance ကို နှိုင်းယှဉ်ခဲ့ပါတယ်။ (ဒါကို comparative study လို့ ခေါ်ပါတယ်။) အချက် ၃ ချက်ပေါ်မှာ အခြေခံပြီး နှိုင်းယှဉ်ခဲ့ပါတယ်။
.
(၁) Goal Attainment (တစ်နည်းအားဖြင့် effectiveness)
(၂) ကျန်းမာရေးအတွက် တစ်ဦးချင်း သုံးစွဲမှု (Health Expenditure per Capita)
(၃) Efficiency & overall health performance
တို့ ဖြစ်ပါတယ်။
.
အဲဒီလို နှိုင်းယှဉ်တော့ ပြဿနာတွေ အများကြီးတက်ပါတယ်။ အဓိကကတော့ ကျောထောက်နောက်ခံအနေအထား၊ အတွေးအခေါ်ဖီလော်ဆိုဖီ၊ အစရှိသဖြင့် အမျိုးမျိုးကွဲပြားနေတဲ့ နိုင်ငံပေါင်း ၁၉၀ ကျော်ကို ကိန်းဂဏန်းတစ်ခုတည်းနဲ့ ကိုယ်စားပြုစေတာပါ။ ပြီးတော့ အဲဒီ ၂၀၀၀ ခုနှစ် report မှာ သုံးခဲ့တဲ့ အချက်အလက်ကောက်တွက်ချက်ပုံ methodology တွေကလည်း ထောက်စရာတွေ ဖြစ်နေခဲ့ပါတယ်။
(စာရှည်မှာ စိုးလို့ အသေးစိတ်မရေးတော့ပါဘူး။ ဘာတွေထောက်စရာဖြစ်ခဲ့သလဲ ဖတ်ချင်ရင် ဒီမှာ https://www.ncbi.nlm.nih.gov/pubmed/11425394https://www.ncbi.nlm.nih.gov/pmc/articles/PMC1447380/)
.
ဒါကြောင့် ရှင်းရှင်းပြောရရင် WHO မျက်နှာပျက်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း WHO က အဲဒီ report မျိုးထပ်မရေးတော့ပါဘူး။ စာစကားနဲ့ ပြောရရင် တိုင်းပြည်တွေကို single composite measure တစ်ခုတည်းနဲ့ နှိုင်းယှဉ်တာတွေကို လက်ရှောင်ခဲ့ပါတယ်။ ရောဂါအလိုက်၊ theme အလိုက် သက်ဆိုင်ရာ indicator တွေကိုပဲ ထုတ်ပြန်လာခဲ့ပါတယ်။
.
ဒီစာကို ရေးတာ မြန်မာပြည်ကျန်းမာရေးစနစ်ကြီး ပြီးပြည့်စုံအောင် ကောင်းမွန်နေတယ်လို့ သွယ်ဝိုက်ဖာထေးခြင်း မဟုတ်ပါ။ ကျန်းမာရေးအပါအ၀င် တိုးတက်အောင်လုပ်ဖို့ လိုနေတဲ့ နေရာတွေ အများကြီးရှိတာ အားလုံးအသိပါ။ ဒေတာအဟောင်းသုံးပြီး ဂျင်းထည့်နေချင်တဲ့သူတွေရဲ့ ထောင်ချောက်မမိအောင်လို့ပါ။
ထက်နေလင်းဦး

No comments:

Post a Comment