Latest News

Sunday, December 10, 2017

Hangman


၂၄ နာရီ မှာ လူ တစ်ယောက် နှုန်း ကြိုး နဲ့ ဆွဲ ပြီး အသတ်ခံ ရတယ်။သတ် တဲ့ အချိန်ကလဲ တူတူ ပဲ။
ည ၁၁ နာရီ။
Hangman ရုပ်ရှင်ကို ဒီ လို ဖွဲ့ ထား ပါတယ်။

စုံထောက် ဝတ္ထု တွေ လျို့ဝှက် သည်းဖို တွေကို ကြိုက် တတ် သူ တွေ အတွက် သည်းခြေ ခိုက်စေမဲ့ ရုပ်ရှင်ပါ။ထူးခြားတာက နောက် ထပ် သတ် ခံ ရမဲ့ သူကို ကြိုပြီး သဲလွန်စ ပေးခဲ့တာပါ။

ဇာတ်ကား ဆုံးတဲ့ထိ နောက် ထပ် သတ်ခံ ရမှာ ဘယ်သူလဲ၊ ဘယ် လို သတ်မှာလဲ ဆိုတာကို စိတ်ဝင်စားအောင် ဖန် တည်းထားတာပါ။ဆိုပါတော့ လူတစ်ယောက် သတ်ခံရတယ်။အလောင်းက အသားတွေ ချိတ်သိမ်းထားတဲ့အခန်းထဲ မှာပါ။ အသားတွေ မအေးခဲပဲ အလောင်းက အေးခဲ နေတယ်။ဒါဆိုရင် မသေခင် ရေစိမ် ခဲ့လို့ပေါ့။ဒါ ဆို ရေ ထဲ မှာ လူသတ်မှုတစ်ခု လာ ဦးမယ် လို့ ခြေရာခံ နိုင်ပါလေတယ်။နေရာတော့ ကိုယ်ု့ဖာသာရှာ ပေါ့လေ။

အသက် ၇၇ နှစ် ရှိ နေပြီဖြစ်တဲ့ မင်းသားကြီး အယ်လ်ပါစီ နို ကို ဘာ ကြောင့်ထည့် သုံးထားတယ် ဆိုတာ ဇာတ်သိမ်းကာနီး မှ ပဲ သိရပါတော့တယ်။

ကမ္ဘာကျော် ရုပ်ရှင် သရုပ်ဆောင် နည်းပြကြီး လီစထရာစ်ဘတ်ဂ် ရဲ့ တပည့်ကျော် အယ်လ်ပါစီနိုရဲ့ Method Acting ကို လေ့လာ ချင်သူ တွေ အတွက် သင်ရိုးညွှန်းတန်း တစ်ခုပါ။

လူသတ်သမားက evictionem ဆို တဲ့ စကားလုံး ပုံ ပေါ် အောင် တစ်ယောက်ပြီး တစ်ယောက် သတ် ပြ သွား နိုင် ခဲ့ ပါတယ်။ဇာတ် သိမ်း မှာ စုံထောက်ကြီး ရူနေး ဆီကို ကလေး လေး တစ်ယောက်က ကတ်ပြား တစ်ခု လာ ပေး လိုက်ပါတယ်။ အဲဒီမှာ ကြိုးဆွဲချ ခံ ထားရတဲ့ လူ တစ်ယောက်ပုံရယ်၊ ပြီးတော့ a စာလုံးရယ် ကိုဖော် ပြထားလေတယ်။နောက်ထပ် လူသတ်မှုတွေ လာ ဦး မယ် ပေါ့။

အမေရိကားမှာ ဒီလ လယ် ကျမှ စပြမှာဆိုတော့ ကိုယ် တွေ အရင်ကြည့်ရတယ် ဆိုပြီး ရှုစားချင်ရင် www.channelmyanmar.orgမှာ ကြည့်လို့ ရနေပါပြီ။

ရှားလော့ဟုမ်း ဇာတ်လမ်းတွေ ကြိုက် ပြီး ကိုယ် တိုင် စဉ်းစား ချင်ရင် Hangman ကို ကြည့်လိုက်စေချင်ပါတယ်။ယုတ္တိဗေဒ နည်းကျကျ စဉ်းစားရတာ နှစ်ချိုက်ရင်တော့ ခုပဲ ရှုစားလိုက်ပါတော့။
ဇာဂနာ

No comments:

Post a Comment