Latest News

Wednesday, December 20, 2017

တောင်ကိုရီးယား အဆိုတော်ရဲ့ နောက်ဆုံးရေးခဲ့သောစာ

တောင်ကိုရီးယား အဆိုတော်ရဲ့ နောက်ဆုံးရေးခဲ့သောစာ

တောင်ကိုရီးယား နိုင်ငံက ထိပ်တန်း ခေတ်ပေါ် ယောက်ျားလေး တေးဂီတ အဖွဲ့ရဲ့ ခေါင်းဆောင် အဆိုတော်ဟာ အသက် ၂၇နှစ်အရွယ်မှာ တနင်္လာ နေ့က သေဆုံးခဲ့ပါတယ်.

ရှိနီး ခေတ်ပေါ် တေးဂီတအဖွဲ့ရဲ့ ကေပေါ့ အဆိုတော် ကင်မ်ဂျွန်ဟရမ်း ကို ဆိုးလ်မြို့တော်ရဲ့ တိုက်ခန်းတခန်းထဲမှာ တနင်္လာ ညနေပိုင်းက သတိ လစ်လျက်သားတွေ့ခဲ့တယ် သူ့ကိုယ်သူ သတ်သေတာ ဖြစ်ပုံရတယ်လို့ တောင်ကိုရီးယား အခြေစိုက် ယုံဟပ် သတင်းဌာနက အစီရင်ခံပါတယ်

ကင်မ်ရဲ့ ညီမဖြစ်သူဟာ သူ့အကို မသေခင် အချိန်ကပ်ပြီး ဖုန်းမက်ဆေ့ခ်ျ တစောင်ပို့တာကို လက်ခံရရှိခဲ့တယ် စာထဲမှာ ကျေးဇူးပြုပြီး ငါ့ကို သွားခွင့်ပေးပါ ငါ ကောင်းကောင်း လုပ်ခဲ့တယ် လို့ ပြောပါ. နောက်ဆုံးနှုတ်ဆက်တာပဲလို့ ရေးထားပါတယ်.

ဒါကြောင့် သူ့ညီမက အရေးပေါ် ဖုန်းခေါ်ဆိုခဲ့ အပြီး ကင်မ်ရဲ့ တိုက်ခန်းဆီ ရဲတွေ ရောက်လာခဲ့တာလို့ တောင်ကိုရီးယား မီဒီယာက ဆိုပါတယ်. အဆိုတော် ကို အနားက ဆေးရုံကို ခေါ်သွားပေမယ့် သေဆုံးပြီးပြီလို့ အတည်ပြု ကြေညာ ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ရှိနီး ဂီတအဖွဲ့ကို တောင်ကို ရီးယား ကုမ္ပဏီ SM ဖျော်ဖြေရေးက ၂၀၀၈ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ.

တောင်ကို ရီးယားမှာ အကြီးအကျယ် အောင်မြင်အပြီး သီချင်း အယ်လ်ဘမ် တွေ ထောင်သောင်းချီ ရောင်းရခဲ့ပါတယ်. ၂၀၁၁ မှာတော့ ဂျပန်ဈေးကွက် ကို ထိုးဖောက်နိုင်ခဲ့ပြီး တောင်ကိုရီးယားရဲ့ အအောင်မြင်ဆုံး အဖွဲ့တွေထဲ က တဖွဲ့ဖြစ် လာခဲ့ပါတယ်. ဂျပန်ဘာသာနဲ့ သီဆိုထားတဲ့ အယ်ဘမ်ဟာလဲ အချပ်ရေ တသိန်းကျော် ရောင်းရခဲ့ပါတယ်. ရှုပ်ထွေးတဲ့ကကွက်တွေ အ တွက် ဆုတွေလဲ အများကြီး ရခဲ့ပါတယ်.

ကင်မ်ဟာ တေးဂီတအဖွဲ့ဝင် အဖြစ် သာ မက တကိုယ်တော် အဆိုတော် အဖြစ်နဲ့ရော သီချင်းရေးသူ အဖြစ်နဲ့ပါ အောင်မြင်သူပါ။ဒီလထဲမှာပဲ ဆိုးလ်မြို့တော်မှာ တကိုယ်တော် ဂီတဖျော်ဖြေပွဲအတွင်း လူထုကြားကို ရောက်ခဲ့ပါသေးတယ်.

သီရိစံ

No comments:

Post a Comment