Latest News

Tuesday, December 19, 2017

မူဆယ်မြို့နယ် မုံးပေါ်ကျေးရွာတွင် မိုင်းကွဲ မှုဖြစ်

မူဆယ်မြို့နယ် မုံးပေါ်ကျေးရွာတွင် မိုင်းကွဲ မှုဖြစ်

မူဆယ်မြို့နယ် မုံးပေါ်ကျေးရွာတွင် ယနေ့ ညနေပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ ကျောင်းသား ငါးယောက်အနက် တဦး သေဆုံးပြီး လေးဦး အပြင်းအထန်ဒဏ်ရရာသွားကြောင်း သိရှိရပါတယ်။

လမ်းမှာ ထောင်ထားတဲ့ မိုင်းကို ကျောင်းသားလေးတွေက ခဲနဲ့ ထုတဲ့အတွက် အဲဒီမိုင်းက ပေါက်ကွဲခဲ့တာလို့ဆိုပါတယ် ကျောင်းသားငါးယောက်မှာ ကချင်ညီအကို ၂ ယောက်၊ ရှမ်း ၂ ဦးနဲ့ ပလောင် တဦးလို့သိရပါတယ် ကချင်ညီအကို ၂ ယောက်ထဲက အကြီးဖြစ်သူက အဲဒီမိုင်းကို ခဲနဲ့ ထုရာကနေ ပေါက်ကွဲခဲ့တာပါ။

ကျောင်းသားလေးတွေကတော့ ပထမတန်းကျောင်းသားက တယောက်၊ နှစ်တန်းကျောင်းသားက တယောက်နဲ့ သုံးတန်းကျောင်းသားက ၃ ယောက်လို့ဆိုပါတယ်။ ဒဏ်ရာရ ကျောင်းသားလေးတွေကို မူဆယ်ဆေးရုံကို ပို့ဆောင်ထားပါတယ်၊ ဒဏ်ရာပြင်းထန်လွန်းတဲ့ ကျောင်းသား ၂ ယောက်ကိုတော့ လားရှိုးဆေးရုံကို ပို့ဆောင်နေတယ်လို့ သိရှိရပါသည်။

ယခုသတင်းကို မူဆယ်မြို့မှ Soe Win Naing မှ သတင်းပေးပို့ပါသည်။

ဖေအောင် (ကိုစိန်သန်း)

No comments:

Post a Comment