Latest News

Monday, December 4, 2017

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ယဉ်လတ်ရှင်နာဝပ်ထရာသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင်နေထိုင်လျှက်ရှိသည်ဟုထိုင်းသတင်းစာတွင်ဖော်ပြ

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ယဉ်လတ်ရှင်နာဝပ်ထရာသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင်နေထိုင်လျှက်ရှိသည်ဟုထိုင်းသတင်းစာတွင်ဖော်ပြ

အတည်မပြုနိုင်သေးသော သတင်းများအရ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ယဉ်လတ်ရှင်နာဝပ်ထရာသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင်နေထိုင်လျှက်ရှိပြီး ဗြိတိသျှနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားကြောင်း Bangkok Post သတင်းစာက ယနေ့ဖော်ပြသည်။

အဆိုပါသတင်းကို ယဉ်လတ်၏တူ ( အကိုရင်းဖြစ်သူ  သက်ဆင်၏သား ) ပတ်သောင်တေရှင်နာဝပ်ထရာက လွန်ခဲ့သည့်စနေနေ့တွင် အွန်လိုင်း အင်စရာဂရမ်မှလွှင့်တင်ခဲ့သော ဓါတ်ပုံအရသတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်ဆို၏။ ထိုင်းနိုင်ငံအတွင်း ငွေကြေးခ၀ါချမှု့ဖြင့် ဖမ်းဝရမ်းထုတ်ဆင့်ခြင်းခံထားရသော ပတ်သောင်တေရှင်နာဝပ်ထရာက ၄င်းဓါတ်ပုံလွှင့်တင်ရာတွင် ရှင်နာ ၀ပ်ထရာမိသားစုအနေဖြင့် ထိုင်းနိုင်ငံရေးတွင် ထပ်မံပါဝင်ပတ်သက်ရန်ဆန္ဒမရှိကြောင်းဖော်ပြထားသည်ဟုသိရှိရသည်။

၂၀၁၄-ခုနှစ်တွင် ယဉ်လတ်အားဖြုတ်ချအာဏာသိမ်းယူခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်၏ လက်ရှိထိုင်းအစိုးရက ယဉ်လတ်အား ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ် အာဏာအလွဲသုံးစားမှု့ဖြင့် ယဉ်လတ်အား မျက်ကွယ်ရာတွင် ထောင်ဒါဏ် ၅- နှစ် ပြစ်ဒါဏ်စီရင်ထားသည်။

ထိုင်းတရားရုံးတော်တွင် လာရောက်အမှု့ရင်ဆိုင်ရန် စတင်ပျက်ကွက်ခဲ့သည့် လွန်ခဲ့သည့် အောက်တိုဘာလကတည်းက ယဉ်လတ်၏ သံတမန်နိုင်ငံကူးလက်မှတ် ၂-စောင်အပြင် အခြားနိုင်ငံကူးလက်မှတ်များအားလုံးကို ရက်ပေါင်း ၃၀-အတွင်း ပျက်ပြယ်ကြောင်း ထိုင်းအစိုးရကကြေညာထားသည်။ ယဉ်လတ်သည် ကမ္ဘောဒီးယားနိုင်ငံမှတစ်ဆင့် ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ထွက်ပြေးသွားပြီး ထိုမှ အင်္ဂလန်သို့ရောက်ရှိသွားကြောင်း ကောလဟလသတင်းများထွက်ပေါ်ခဲ့သည်။

Ref; Bangkok Post

Htay Oung

No comments:

Post a Comment