Latest News

Thursday, December 28, 2017

မောင်တောမြို့နယ်၌ ရခိုင်တိုင်းရင်းသားပိုင် နွား ၁ ကောင်အား ဘင်္ဂါလီ ၂ ဦးမှ ခိုးယူမှု

မောင်တောမြို့နယ်၌ ရခိုင်တိုင်းရင်းသားပိုင် နွား ၁ ကောင်အား ဘင်္ဂါလီ ၂ ဦးမှ ခိုးယူမှု

 ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ ၁၄၀၀ အချိန်တွင် မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာနေ ဦးခင်စောမောင်၊ (၃၀)နှစ်သည် သင်္ဘောလှကျေးရွာမြောက်ဘက် ကပ်လျက်လယ်ကွင်းတွင် ၎င်းပိုင်နွား ၃ ကောင်အား လွှတ်ကျောင်းထားစဉ် ဂျာယာအလန်၊ (၃၀)နှစ်ပါ ဘင်္ဂါလီကျား ၂ ဦးမှနွားမ ၁ကောင်အား တောလမ်းအတိုင်း ဆွဲယူသွားသည်ကို တွေ့ရှိခဲ့၍ ဦးခင်စောမောင်မှ လိုက်လံတားမြစ်ခဲ့ရာ ဂျာယာအလန် ပါ၂ ဦးမှ ဓါးဖြင့် ခြိမ်းခြောက်၍ နွားအား ဆွဲသွားကြောင်း သတင်းအရ သင်္ဘောလှရဲကင်းစခန်းမှူး ဦးစီးအဖွဲ့၊ ကျေးရွာအုပ်ချုပ်မှူးပါ ရွာသား ၂၀ ဦးခန့် တို့ ပူးပေါင်း၍ လိုက်လံရှာဖွေရာ ၁၅၃၀ အချိန်တွင် သင်္ဘောလှကျေးရွာအရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ ပွန်တီကျေးရွာအနီး လယ်ကွင်း၌ ဂျာယာအလန် ပါ ၂ ဦးအား ခိုးယူသွားသော နွားမ ၁ ကောင်နှင့် အတူ ဖမ်းဆီးရမိခဲ့၍ ၁၉၀၀ အချိန်တွင် ဂျာယာအလန် ပါ ၂ ဦး(ဖမ်းမိ)အား တောင်ပြိုယာ နယ်မြေရဲစခန်းမှ (ပ)၂၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂(ပြင်ဆင်ပြီးမှ ခိုးယူမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Ref; ပြည်​ထဲ​ရေးဝန်​ကြီးဋ္ဌာန

No comments:

Post a Comment