Latest News

Tuesday, December 19, 2017

"အဖွဲ့ချုပ်ဥက္ကဋ္ဌအား ထိုင်းလိဂ် သွားရောက်မကစားမီ အောင်သူလာရောက်နူတ်ဆက်ကန်တော့"

"အဖွဲ့ချုပ်ဥက္ကဋ္ဌအား ထိုင်းလိဂ် သွားရောက်မကစားမီ  အောင်သူလာရောက်နူတ်ဆက်ကန်တော့"

ထိုင်းလိဂ်-၁ ကလပ် Police Tero FC အသင်းတွင် တစ်နှစ်အငှားစာချုပ်ဖြင့် သွားရောက်ကစားတော့မည့် ရတနာပုံအသင်းမှ မြန်မာ့ လက်ရွေးစင် တိုက်စစ်မှုးအောင်သူသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်အား နိုဗိုတယ်ဟိုတယ်ရှိ ဥက္ကဋ္ဌ၏ရုံးသို့ လာရောက်နူတ်ဆက်ကန်တော့ခဲ့သည်။

ထိုသို့ကန်တော့ရာတွင် ဥက္ကဌဦးဇော်ဇော်က ဆုံးမသြဝါဒစကားပြန်လည်ပြောကြားခဲ့ပြီး "တိုင်းတစ်ပါးတွင် နေထိုင်စားသောက်မှုကအစ လူအများနှင့်ဆက်ဆံရာတွင် အခက်အခဲတစ်စုံတစ်ရာကြုံတွေ့ခဲ့ရင်လည်း စိတ်ဓါတ်မကျပဲ ကြံ့ကြံ့ခံ၍ ဇွဲစိတ်ဓါတ်ရှိရှိ အားထုတ်ကြိုးစားနေရန်၊ အုပ်ချုပ်/နည်းပြအဖွဲ့က အားကိုးရသည့် ကစားသမားကောင်းတစ်ဦးဖြစ်လာစေရန်နှင့် အသင်းသားအားလုံးက ချစ်ခင်လေးစားလာအောင် ပြောဆိုဆက်ဆံကြိုးစားပြီး အသင်းအတွက်ပေးအပ်သည့်နေရာကနေ အကောင်ဆုံးပေးဆပ်ကြိုးစားနေရန်နှင့်  ပရော်ဖက်ရှင်နယ်ကောင်းတစ်ယောက်ဖြစ်အောင် အစဉ်အမြဲအားထုတ်နေရန်၊ အင်္ဂလိပ်စာအပြင် ထိုင်းဘာသာစကားကိုလည်း အချိန်တိုအတွင်းနားလည်တတ်ကျွမ်းလာအောင် ရသည့်အချိန်တွင် ကြိုးစားလေ့လာသင်ယူရန်  မိမိကလပ်အသင်းအတွက်သာမက မြန်မာ့လက်ရွေးအသင်းအတွက်ပါ အထူးအားထားရသည့် ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာအောင် အစွမ်းကုန်ကြိုးစားသွားရန် မှာကြားတိုက်တွန်းခဲ့သည်။

ထိုင်းနိုင်ငံသို့ မနက်ဖြန် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် သွားရောက်တော့မည့် အောင်သူသည် ယနေ့ညနေတွင် မိခင်ကလပ် ရတနာပုံအသင်းပိုင်ရှင်ဒေါက်တာစိုင်းဆမ်ထွန်းကိုလည်း ၎င်းနေအိမ်၌ သွားရောက်နူတ်ဆက်ကန်တော့မည်ဖြစ်သည်။

အသက် ၂၁ နှစ်ကျော်သာရှိသေးသော မြန်မာ့လက်ရွေးစင်ကစားသမားအောင်သူသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ မြန်မာဘောလုံး အကယ်ဒမီသင်တန်းကျောင်းမှ မွေးထုတ်ပေးခဲ့သည့်ကစားသမားတစ်ဦးဖြစ်ပြီး မြန်မာယူ၂၀ အသင်း ၂၀၁၅ခုနှစ် ဖီဖာယူ၂၀ ကမ္ဘာ့ဖလားပွဲခြေစစ်ပွဲအောင်မြင်အောင် အဓိကဦးဆောင်ကစားခဲ့သူဖြစ်ကာ တစ်နှစ်တာမြန်မာ့အကောင်းဆုံးကစားသမားဆုကိုလည်း ၃ နှစ်ဆက်(၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇) ရရှိခဲ့သူလည်းဖြစ်သည်။

Ref; Myanmar Football Federation

No comments:

Post a Comment