ညီဖြစ်သူမှ အကိုရင်းအား ဓါးဖြင့်ထိုးသတ်
18 - 12 - 2017 ရက်နေ့ ည 8:30 အချိန်ခန့်
ဟင်္သာတမြို့နယ် မြို့ကွင်းကျေးရွာအုပ်စု သဖန်းချိုကျေးရွာတွင် ဓါးထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ဖိုးကျော်၊ အသက် (၄၃) နှစ် (ဘ)ဦးသောင်းကြည်၏ မှတစ်အိမ်တည်း အတူနေ အကိုအရင်းဖြစ်သူ မြင့်သန်း(၄၅)နှစ် (ဘ)ဦးသောင်းကြည်အား ဓါးဖြင့်ထိုးသဖြင့် အစ်ကိုဖြစ်သူ မြင့်သန်းမှာ ရရှိသောဒဏ်ရာဖြင့် နေအိမ်မျက်စောင်းထိုး နှစ်အိမ်ကျော် ဒေါ်ပြုံးခြံဝင်းအတွင်း ပြေးသွားခဲ့ပြီး၊ထင်းပုံအနားသို့အရောက်တွင် မြင့်သန်းမှာ ရရှိသော ဓါးဒဏ်ရာဖြင့် လဲကျသေဆုံးသွားကြောင်းသိရသည်။
အကိုအရင်းဖြစ်သူအား ဓါးဖြင့်သေဆုံးအောင်ပြုလုပ်သူ ဖိုးကျော် အားအရေးယူပေးပါရန်မြို့ကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း မှ
တရာလို ပြုလုပ်တိုင်တန်းသဖြင့် တလုတ္ထော်နယ်မြေရဲစခန်း(ပ)၂၃၅/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂
အရ အမှု့ဖွင့်ပြီး ပြစ်မှုကျူးလွန်သူ ဖိုးကျော် အားဖမ်းဆီး
ရမိလျှက် ရဲလုပ်ငန်းများဆက်လက် ဆောင်ရွက်လျှက်ရှိ
ကြောင်းသိရှိရပါသည်။
၎င်းသတင်းကို မြန်မာနိုင်ငံမှုခင်းသတင်းထောက်များ အသင်း တလုတ္ထော်အဖွဲ့မှ သတင်းတင်ပြထားခြင်းဖြစ်ပါသည်။
Than Htike Tin
Subscribe to:
Post Comments (Atom)
No comments:
Post a Comment