Latest News

Thursday, December 7, 2017

အတင့်ရဲစွာ နေ့ခင်းပိုင်း လူမရှိခိုက် နေအိမ်ကို ဖောက်ထွင်းခိုးယူမှုအား မြို့နယ်ရဲတပ်ဖွဲ့မှုးကိုယ်တိုင် ကြီးကြပ်စစ်ဆေးနေ


ပေါင် ဒီဇင်ဘာ ၅
လူမရှိခိုက် နေ့ခင်းပိုင်းအချိန်တွင် နေအိမ်တံခါးများ၏ ဘွန်ကိုဖျက်၍ဝင်ရောက်ပြီး မီးခံသေတ္တာကို အပြင်
သို့ ဆွဲထုတ်ယူဆောင် ခဲ့သည့်ခိုးမှုတစ်ခု ပေါင်မြို့ ပေါင်းရပ်ကွက် ထားဝယ်စုမှနေအိမ်တစ်အိမ်တွင်ဒီဇင်ဘာ၎ရက်နေ့ကဖြစ်ပွားခဲ့သည်။

ပေါင်းရပ်ကွက် ထားဝယ်စု မင်းလမ်းမ တွင် ဒေါ်xx၏နေအိမ်သို့ အိမ်ရှင်ဖြစ်သူမရှိခိုက် နေအိမ်တံခါးများမှ ဘွန် ကိုဖျက်ဆီးဝင်ရောက်ကာ မီးခံသေတ္တာအားအိမ်ပြင်ခြံထဲသို့ ဆွဲထုတ် ယူသွားသော်လည်း ပစ္စည်းပါဆုံးခြင်းမရှိ ခဲ့ကြောင်း ဆမ်ဆောင်းဖုန်း၂လုံး ပါဆုံးသွားကြောင်း အိမ်ရှင်ဒေါ်xxမှ ဒီဇင်ဘာ၅ ရက်နေ့က
 ပေါင်ရဲစခန်းတွင်အမှုဖွင့်တိုင်ကြားခဲ့သည်။

အဆိုပါအမှုအားပေါင်ရဲစခန်းမှ(ပ)၃၅၀/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ၃၈၀အရအမှုဖွင့်ကာ ရဲအုပ်တင်ညွန့်က
စစ်ဆေးနေသည်ပေါင်မြို့တွင်ယခုကဲ့ သို့  နေ့ခင်းပိုင်းခိုးယူမှုမှာထူးခြားနေသဖြင့် ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှုးကိုယ်တိုင်အမှုပေါ်ပေါက်ရေး ကြီးကြပ်လုပ်ဆောင်နေကြောင်းသိရသည်။

ဒီဇင်ဘာ ၅ ရက်ည ၉နာရီခွဲအချိန်က အခင်းဖြစ်နေရာသို့ ပေါင်းရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးမောင်မောင်စိန် ။ပေါင်ရဲစခန်းနယ်ထိန်းအဖွဲ့နှင့်အတူ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးအေးဆွေကိုယ်တိုင်သွားရောက်ပြီးအမှုဖြစ်စဉ်များအား ကြည့်ရှူမေးမြန်းသွားခဲ့ကြောင်းတွေ့ရသည်။
Paung Daily




No comments:

Post a Comment